Tuesday, November 26, 2019

NLD အစိုးရလက်ထက်ကျင်းပမည့် ၂ဝ၂ဝ ရွေးကောက်ပွဲကို အယုံအကြည်မရှိဟု ကြံ့ခိုင်ရေးနှင့်မဟာမိတ် ပါတီ၂ဝကျော်ပြော


Image may contain: 4 people, people sitting, people standing and indoor
NLD အစိုးရလက်ထက် ကျင်းပရန် ရှိနေသည့် ၂ဝ၂ဝရွေးကောက်ပွဲအပေါ် ယုံကြည်မှုမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ(USDP) အပါအဝင် ပါတီ ၂ဝကျော်က ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ Orchid Hotel တွင်ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ရွေးကောက်ပွဲကိုကျွန်တော်တို့က မယုံကြည်ဘူးလို့ပြောထားတယ်။ အဲတော့ဘာဆက်လုပ်ကြမလဲ။ ကျွန်တော်တို့ အခု ဒီလိုလုပ်နေတာလည်း အလုပ်လုပ်နေတာပါပဲ။ ထပ်ပြီးတော့ သူ့ဘက်က ဘယ်လို တုံ့ပြန်လာလည်းပေါ်မူတည်ပြီးတော့ ကျွန်တော်တို့က ထပ်ဆင့်ကျွန်တော်တို့ရဲ့စွမ်းအားတွေ ကျွန်တော်တို့ရဲ့ တွင်းအားစုတွေစုစည်းပြီးတော့ ကျွန်တော်တို့လုပ်စရာရှိတာထပ်လုပ်ရမှာပဲ။ ကျွန်တော်တို့ဒီမှာရှိတဲ့ ပါတီ၂ဝအပြင်ကို ခုနကပြောပါတယ်။ ၁ဝဝ(ပါတီ)မက လာပေါင်းတဲ့ ပါတီငယ်လေး တွေထပ်ပါ လာရင်လည်း ကျွန်တော်တို့ဆက်ပြီးတော့ ကျွန်တော်တို့ရဲ့ယုံကြည်ချက်ခိုင်မာချက်ကိုဆက်တည်ပြီး ဆက်လက်လှုပ်ရှားသွားမှာပါ။ ကျွန်တော်တို့အခုလုပ်နေတာလည်း ကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ရဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်းချပြနေတာ။ ပွင့်လင်းမြင်သာမှုနဲ့ချပြနေတာ။ ထို့တူပဲ ရွေးကောက်ပွဲကော်မရှင်ကလည်း ကျွန်တော်တို့ပါတီတွေကို ထပ်ဆင့်ထပ်ဆင့်ကြပ်မတ်လာမယ်၊ အရေးယူလာမယ် ဆောင်ရွက်လာမယ်ဆိုရင် ကျွန်တော်တို့က သူကြပ်မတ်လာတဲ့အဆင့်တိုင်းအဆင့် တိုင်းမှာ လျှော်ကန်သင့်မြတ်တဲ့ အချက်အလက်တွေနဲ့အတူ ကျွန်တော်တို့က သူ့ထပ်ပိုတဲ့ အချက်အလက် တွေနဲ့ ကျွန်တော်တို့က ထပ်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်သွားမယ်လို့တင်ပြလိုပါတယ်”ဟု အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးအောင်ဖြိုးကျော်ကပြောဆိုသည်။

USDP ပါတီနှင့်ပါတီ ၂ဝကျော်တို့က International Foundation For Electoral System(IFES)က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို laptop အလုံး ၁၃ဝဝနှင့် ပရင်တာ ၃၃ဝလုံးထောက်ပံ့သည့်ကိစ္စနှင့်ပတ်သတ်ပြီး ကင်ညာနိုင်ငံတွင် ၎င်းအဖွဲ့အစည်းလှူဒါန်းမှုကြောင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုပြဿနာများ ဖြစ်ပွားခဲ့သည်ကို သာဓကပြုကာ မြန်မာနိုင်ငံတွင်လည်း အလားတူ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ထိန်းသိမ်းနိုင်စွမ်းရှိမည်မဟုတ်ဟု နိုဝင်ဘာ ၂ရက်နေ့ကထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ခြင်းကိစ္စနှင့်ပတ်သက်ပြီး UEC က ကြံ့ခိုင်ပါတီနှင့် ပါတီ၂ဝကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) ပါ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာရေးနှင့် ပုဒ်မခွဲ(ဃ)ပါ လူတစ်ဦးချင်း သို့မဟုတ် လူအများ နှင့်ပတ်သက်၍ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင် သည့် ရေးသားမှု မျိုး မပြုလုပ်ရေးကို စောင့်ထိန်းလိုက်နာမည် ဖြစ်ကြောင်း ကို ပါတီမှတ်ပုံတင်စဉ်ကပင် ဝန်ခံချက်ပေးထား ပြီးဖြစ်ကြောင်း၊ ယင်းဥပဒေပုဒ်မ ၆ ပါ ဝန်ခံချက် တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာ ရန်ပျက်ကွက်သည့် နိုင်ငံရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ခွင့်ရှိမည်မဟုတ်ကြောင်း နိုဝင်ဘာလ ၅ရက်နေ့တွင် သတိပေးထုတ်ပြန်ခဲ့သည်။
(Zawgyi)
NLD အစိုးရလက္ထက္က်င္းပမည့္ ၂ဝ၂ဝ ေရြးေကာက္ပြဲကို အယုံအၾကည္မရွိဟု ႀကံ့ခိုင္ေရးႏွင့္မဟာမိတ္ပါတီ၂ဝေက်ာ္ေျပာ


NLD အစိုးရလက္ထက္ က်င္းပရန္ ရွိေနသည့္ ၂ဝ၂ဝေရြးေကာက္ပြဲအေပၚ ယုံၾကည္မွုမရွိေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးပါတီ(USDP) အပါအဝင္ ပါတီ ၂ဝေက်ာ္က ယမန္ေန႔ နိုဝင္ဘာလ ၂၅ရက္ေန႔ Orchid Hotel တြင္က်င္းပျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုသည္။

“ေရြးေကာက္ပြဲကိုကၽြန္ေတာ္တို႔က မယုံၾကည္ဘူးလို႔ေျပာထားတယ္။ အဲေတာ့ဘာဆက္လုပ္ၾကမလဲ။ ကၽြန္ေတာ္တို႔အခု ဒီလိုလုပ္ေနတာလည္း အလုပ္လုပ္ေနတာပါပဲ။ ထပ္ၿပီးေတာ့ သူ႔ဘက္က ဘယ္လိုတုံ႔ျပန္လာလည္းေပၚမူတည္ၿပီးေတာ့ ကၽြန္ေတာ္တို႔က ထပ္ဆင့္ကၽြန္ေတာ္တို႔ရဲ့စြမ္းအားေတြ ကၽြန္ေတာ္တို႔ရဲ့ တြင္းအားစုေတြစုစည္းၿပီးေတာ့ ကၽြန္ေတာ္တို႔လုပ္စရာရွိတာထပ္လုပ္ရမွာပဲ။ ကၽြန္ေတာ္တို႔ဒီမွာရွိတဲ့ ပါတီ၂ဝအျပင္ကို ခုနကေျပာပါတယ္။ ၁ဝဝ(ပါတီ) မက လာေပါင္းတဲ့ ပါတီငယ္ေလးေတြထပ္ပါလာရင္လည္း ကၽြန္ေတာ္တို႔ဆက္ၿပီးေတာ့ ကၽြန္ေတာ္တို႔ရဲ့ယုံၾကည္ခ်က္ခိုင္မာခ်က္ကိုဆက္တည္ၿပီး ဆက္လက္လွုပ္ရွားသြားမွာပါ။ ကၽြန္ေတာ္တို႔အခုလုပ္ေနတာလည္း ကၽြန္ေတာ္တို႔ေရြးေကာက္ပြဲေကာ္မရွင္ကို ကၽြန္ေတာ္တို႔ရဲ့ အျမင္ေတြကို ပြင့္ပြင့္လင္းလင္းခ်ျပေနတာ။ ပြင့္လင္းျမင္သာမွုနဲ႔ခ်ျပေနတာ။ ထို႔တူပဲ ေရြးေကာက္ပြဲေကာ္မရွင္ကလည္း ကၽြန္ေတာ္တို႔ပါတီေတြကို ထပ္ဆင့္ထပ္ဆင့္ၾကပ္မတ္လာမယ္၊ အေရးယူလာမယ္ ေဆာင္ရြက္လာမယ္ဆိုရင္ ကၽြန္ေတာ္တို႔က သူၾကပ္မတ္လာတဲ့အဆင့္တိုင္းအဆင့္တိုင္းမွာ ေလၽွာ္ကန္သင့္ျမတ္တဲ့ အခ်က္အလက္ေတြနဲ႔အတူ ကၽြန္ေတာ္တို႔က သူ႔ထပ္ပိုတဲ့ အခ်က္အလက္ေတြနဲ႔ ကၽြန္ေတာ္တို႔က ထပ္ၿပီးေတာ့ ေရြးေကာက္ပြဲေကာ္မရွင္ကို ကန႔္ကြက္သြားမယ္လို႔တင္ျပလိုပါတယ္”ဟု အမ်ိဳးသားတိုးတက္ေရးပါတီ အတြင္းေရးမွူး ဦးေအာင္ၿဖိဳးေက်ာ္ကေျပာဆိုသည္။

USDP ပါတီႏွင့္ပါတီ ၂ဝေက်ာ္တို႔က International Foundation For Electoral System(IFES)က ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္(UEC)ကို laptop အလုံး ၁၃ဝဝႏွင့္ ပရင္တာ ၃၃ဝလုံးေထာက္ပံ့သည့္ကိစၥႏွင့္ပတ္သတ္ၿပီး ကင္ညာနိုင္ငံတြင္ ၎အဖြဲ႕အစည္းလွူဒါန္းမွုေၾကာင့္ ေရြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမွုျပႆနာမ်ား ျဖစ္ပြားခဲ့သည္ကို သာဓကျပဳကာ ျမန္မာနိုင္ငံတြင္လည္း အလားတူ တရားမၽွတသည့္ ေရြးေကာက္ပြဲျဖစ္ေအာင္ ထိန္းသိမ္းနိုင္စြမ္းရွိမည္မဟုတ္ဟု နိုဝင္ဘာ ၂ရက္ေန႔ကထုတ္ျပန္ခဲ့သည္။

ထိုသို႔ထုတ္ျပန္ျခင္းကိစၥႏွင့္ပတ္သက္ၿပီး UEC က ႀကံ့ခိုင္ပါတီႏွင့္ ပါတီ၂ဝကို နိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ (ဂ) ပါ ျပည္ေထာင္စု သမၼတျမန္မာနိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို ေလးစားလိုက္နာေရးႏွင့္ ပုဒ္မခြဲ(ဃ)ပါ လူတစ္ဦးခ်င္း သို႔မဟုတ္ လူအမ်ား ႏွင့္ပတ္သက္၍ သိကၡာႏွင့္ ကိုယ္က်င့္တရားကို ထိခိုက္ေစနိုင္ သည့္ ေရးသားမွု မ်ိဳး မျပဳလုပ္ေရးကို ေစာင့္ထိန္းလိုက္နာမည္ ျဖစ္ေၾကာင္း ကို ပါတီမွတ္ပုံတင္စဥ္ကပင္ ဝန္ခံခ်က္ေပးထား ၿပီးျဖစ္ေၾကာင္း၊ ယင္းဥပေဒပုဒ္မ ၆ ပါ ဝန္ခံခ်က္ တစ္ရပ္ရပ္ကို ေစာင့္ထိန္းလိုက္နာ ရန္ပ်က္ကြက္သည့္ နိုင္ငံေရးပါတီသည္ နိုင္ငံေရးပါတီအျဖစ္ ဆက္လက္ရပ္တည္ ခြင့္ရွိမည္မဟုတ္ေၾကာင္း နိုဝင္ဘာလ ၅ရက္ေန႔တြင္ သတိေပးထုတ္ျပန္ခဲ့သည္။ 

No comments:

Post a Comment

My Blog List