Monday, November 25, 2019

တအာင်းအဖွဲ့ထံမှ သိမ်းဆည်းရမိသည့် လက်နက်များတွင် တရုတ်နိုင်ငံလုပ်လက်နက်များ ပါဝင်နေဟု တပ်မတော်ပြော


No photo description available.
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု ဟိုမိန်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)ထံမှ သိမ်းဆည်းရမိသည့် လက်နက်များတွင် တရုတ်နိုင်ငံလုပ်လက်နက်များစွာ ပါဝင်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ နိုဝင်ဘာ ၂၄ရက် နံနက်ပိုင်းက ကျင်းပသော တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
'သတင်းထောက်ကြီးများကို ပြသခဲ့တဲ့ လက်နက်များရှိပါတယ်။ အသစ်လား၊ အဟောင်းလား ကျွန်တော်တို့ စိစစ်နေတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တရုတ်နိုင်ငံလုပ် လက်နက်တော်တော်များများပါနေတာ တွေ့ရှိရမှာဖြစ်ပါတယ်'ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။
တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) စစ်ဦးချုပ်အဆင့်ရှိ တာဟိုလပေါင်၏ ဇာတိဒေသဖြစ်သည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာနှင့်အနီးတစ်ဝိုက်မှ TNLA က သိုဝှက်ထားသည့် ပခုံးထမ်းလေယာဉ်ပစ်ဒုံးတစ်လက်နှင့် RPG များ၊ စက်သေနတ်များအပါအဝင် လက်နက်မျိုးစုံ ၁၇၀ နှင့် ခဲယမ်းအများအပြားကို တပ်မတော်စစ်ကြောင်းက နိုဝင်ဘာ ၂၂ ရက်တွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟိုမိန်းကျေးရွာဝန်းကျင်ရှိ လက်နက် ခဲယမ်းများသိမ်းဆည်းသိုဝှက်ထားသည့်နေရာသုံးနေရာအား ရှာဖွေဖော်ထုတ်တွေ့ရှိခဲ့ပြီး ပထမနေရာမှ FN-6 ပခုံးထမ်းလေယာဉ်ပစ် လက်နက်တစ်လက်၊ လက်ပစ်ဗုံး ၃၇လုံး၊ TNLA ယူနီဖောင်းမျိုးစုံ ထည့်ထားသည့်အိတ်အကြီး ၇၇ အိတ်တို့ကိုလည်းကောင်း၊ ဒုတိယနေရာမှ အမ်(၂၂) သေနတ် ၃၉ လက်၊ K-12 သေနတ် ၆၉ လက်၊ အမ်(၁၆)သေနတ်ကိုးလက်၊ စက်သေနတ်အလတ်စား ၂၉ လက်၊ အာရ်ပီဂျီ ၂၁ လက်၊ ၁၂ ဗို့ဆလိုက်နှစ်လက်တို့ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထို့ပြင်တတိယနေရာမှ ၇ ဒသမ ၆၂ မီလီမီတာ ကျည်တောင့် ၄၃၁၆၀၊ ဒသမ ၅ ကျည်တောင့် ၃၀၀၀၊ အမ်(၂၂)ကျည် ၁၀၅ တောင့်၊ အမ် (၂၂)ကျည်အိမ် ၁၄၀၀၊ ယမ်းပျော့ပုံး ၂၀၊ လက်ပစ်ဗုံး ၈၄၃ လုံး၊ ၆၀ မမ ဗုံးသီး ၉၈ လုံး၊ ၆၀ မမ ထိပ်ဖူး အလုံး ၉၀၊ ၄၀ မမ ဗုံးသီး ၁၄၈ လုံး၊ အားမြှင့် ယမ်းဘူး ၈၈၅ ဘူးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
'ဥပမာ FN-6 ဆိုရင် မြေပြင်ကနေ ဝေဟင်ပစ်တဲ့လေယာဉ်ပစ်လက်နက်မျိုး ဖြစ်ပါတယ်။ အင်တာနက်မှာ ရှာကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်။ FN-6 က Third generation လက်နက်မျိုးဖြစ်တာပေါ့။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ထွက်လာတဲ့ လက်နက်အမျိုးအစားဖြစ်ပါတယ်။ ဒီ FN-6 က ပြန်ကြည့်လိုက်ရင် Export အတွက် ပေးထားတဲ့ နာမည်မျိုးရေးထားတာ တွေ့ပါလိမ့်မယ်။ ဒီလို Version အတူတူကို တပ်မတော်မှာ သုံးနေတဲ့ နာမည်က ဟုန်ရင်း(HY) အဲဒီနာမည်နဲ့ ပြည်တွင်းမှာထုတ်ပြီး ဒီဟာကတော့ export ဆိုတဲ့ နာမည်နဲ့ တခြားနိုင်ငံတွေကို တင်ပို့တဲ့လက်နက်စနစ်မျိုးတွေ့ရမှာဖြစ်ပါတယ်'ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။
ထို့ပြင် ကျန်လက်နက်များသည်လည်း ထုတ်သည့်ခုနှစ်များတွင် Version အမျိုးမျိုးရှိနေကြောင်း၊ လက်နက်စနစ်များသည် ပြန်လည်ပြုပြင်၍ သုံး၍ရသည့်စနစ်များ ရှိသကဲ့သို့ အဟောင်းကို ပြုပြင်၍ အသစ်ပြန်လုပ်သည်များလည်းရှိကြောင်း၊ ယခုတွေ့ရှိသည့်လက်နက်များသည် အသစ်စက်စက်များမဟုတ်နိုင်ဟု ယူဆကြောင်း ၎င်းက ပြောဆိုသည်။
'ဥပမာဆိုရင် ဒီ FN-6 တစ်လက်ဆိုရင် ၂၀၀၉ ခုနှစ် ဈေးနှုန်း၊ ဒါလည်းနိုင်ငံတကာမှာ ဈေးနှုန်းတွေ အမျိုးမျိုးဖြစ်တာပေါ့။ အရှေ့အလယ်ပိုင်းကိစ္စတွေဖြစ်တဲ့ ဆီးရီးယားတို့ ဘာတို့မှာဖြစ်တဲ့ အခြေအနေအပေါ်မူတည်ပြီးတော့ လက်နက်ဈေးတွေကလည်း အဲဒီအရင်တုန်းက အခြေအနေမျိုးနဲ့ အခု အခြေအနေမျိုးနဲ့ ဈေးနှုန်းကွာခြားချက်တွေရှိတာပေါ့။ ၂၀၀၉ ခုနှစ် ပတ်ဝန်းကျင်လောက်မှာရှိတဲ့ ဈေးနှုန်းလောက်ကတော့ တစ်လက်ကို ဒေါ်လာ ၇၅၀၀၀ ကနေ ၉၀၀၀၀ ပတ်ဝန်းကျင်လောက်အထိ ရှိတယ်လို့ တွေ့ရှိရပါတယ်။ မှန်းဆကြည့်ရင် သိနိုင်တာပေါ့'ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။
လက်နက်ခဲယမ်းများ၏ တန်ဖိုးက ကမ္ဘာပေါ်တွင် ဈေးအများဆုံးပစ္စည်းဖြစ်သည့်အတွက် ဝယ်ရလည်း ခက်ပြီး တန်ဖိုးလည်းများကြောင်း၊ လွယ်လွယ်ကူကူနှင့် ဝယ်ယူတပ်ဆင်၍ မရသည့်အပေါ်တွင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဝင်ငွေရလွယ်အောင် မူးယစ်ဆေးဝါးပြုလုပ်ခြင်း၊ သယံဇာတများရောင်းခြင်း၊ အခြားသောနည်းလမ်းများနှင့် ရရှိသည်များရှိကြောင်း ၎င်းက ပြောဆိုသည်။
'ဒီလက်နက်တွေ ဝယ်ဖို့အတွက် ပိုက်ဆံ ဘယ်ကရလဲ။ ဒီလို လက်နက်ကိုင်အဖွဲ့အစည်းက ပေါ်ပေါက်လာတာလည်း သိပ်မကြာသေးဘူး။ သူ့မှာ တခြားဝင်ငွေရစီးပွားရေးလည်းမရှိဘူး။ ဒီလက်နက်တန်ဖိုး တစ်လက်ကို သေနတ်ဆိုတာ ကိုယ့်ဟာကိုယ်ထုတ်ပြီး ကိုယ်ပိုင်ပုဂ္ဂလိကလုပ်ငန်းအနေနဲ့ ဝယ်လို့ရောင်းလို့ရတဲ့ ကိစ္စလည်းမဟုတ်ဘူး။ ဒီအတွက်ကြောင့်မို့လို့ ဒီတန်ဖိုးတွေလည်း များပါတယ်'ဟု ဗိုလ်ချုပ်ထွန်းထွန်းညီကပြောဆိုသည်။
လက်နက်ကိုင်အဖွဲ့များအနေဖြင့် ထိုလက်နက်များအား တရားဝင်နည်းလမ်းဖြင့် ရစရာအကြောင်းမရှိဘဲ တရားမဝင်နည်းလမ်းမျိုးစုံဖြင့် ရအောင်လုပ်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

(Unicode)
တအာင်းအဖွဲ့ထံမှ သိမ်းဆည်းရမိသည့် လက်နက်များတွင် တရုတ်နိုင်ငံလုပ်လက်နက်များ ပါဝင်နေဟု တပ်မတော်ပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု ဟိုမိန်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)ထံမှ သိမ်းဆည်းရမိသည့် လက်နက်များတွင် တရုတ်နိုင်ငံလုပ်လက်နက်များစွာ ပါဝင်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။
နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ နိုဝင်ဘာ ၂၄ရက် နံနက်ပိုင်းက ကျင်းပသော တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
'သတင်းထောက်ကြီးများကို ပြသခဲ့တဲ့ လက်နက်များရှိပါတယ်။ အသစ်လား၊ အဟောင်းလား ကျွန်တော်တို့ စိစစ်နေတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တရုတ်နိုင်ငံလုပ် လက်နက်တော်တော်များများပါနေတာ တွေ့ရှိရမှာဖြစ်ပါတယ်'ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။
တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) စစ်ဦးချုပ်အဆင့်ရှိ တာဟိုလပေါင်၏ ဇာတိဒေသဖြစ်သည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာနှင့်အနီးတစ်ဝိုက်မှ TNLA က သိုဝှက်ထားသည့် ပခုံးထမ်းလေယာဉ်ပစ်ဒုံးတစ်လက်နှင့် RPG များ၊ စက်သေနတ်များအပါအဝင် လက်နက်မျိုးစုံ ၁၇၀ နှင့် ခဲယမ်းအများအပြားကို တပ်မတော်စစ်ကြောင်းက နိုဝင်ဘာ ၂၂ ရက်တွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟိုမိန်းကျေးရွာဝန်းကျင်ရှိ လက်နက် ခဲယမ်းများသိမ်းဆည်းသိုဝှက်ထားသည့်နေရာသုံးနေရာအား ရှာဖွေဖော်ထုတ်တွေ့ရှိခဲ့ပြီး ပထမနေရာမှ FN-6 ပခုံးထမ်းလေယာဉ်ပစ် လက်နက်တစ်လက်၊ လက်ပစ်ဗုံး ၃၇လုံး၊ TNLA ယူနီဖောင်းမျိုးစုံ ထည့်ထားသည့်အိတ်အကြီး ၇၇ အိတ်တို့ကိုလည်းကောင်း၊ ဒုတိယနေရာမှ အမ်(၂၂) သေနတ် ၃၉ လက်၊ K-12 သေနတ် ၆၉ လက်၊ အမ်(၁၆)သေနတ်ကိုးလက်၊ စက်သေနတ်အလတ်စား ၂၉ လက်၊ အာရ်ပီဂျီ ၂၁ လက်၊ ၁၂ ဗို့ဆလိုက်နှစ်လက်တို့ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထို့ပြင်တတိယနေရာမှ ၇ ဒသမ ၆၂ မီလီမီတာ ကျည်တောင့် ၄၃၁၆၀၊ ဒသမ ၅ ကျည်တောင့် ၃၀၀၀၊ အမ်(၂၂)ကျည် ၁၀၅ တောင့်၊ အမ် (၂၂)ကျည်အိမ် ၁၄၀၀၊ ယမ်းပျော့ပုံး ၂၀၊ လက်ပစ်ဗုံး ၈၄၃ လုံး၊ ၆၀ မမ ဗုံးသီး ၉၈ လုံး၊ ၆၀ မမ ထိပ်ဖူး အလုံး ၉၀၊ ၄၀ မမ ဗုံးသီး ၁၄၈ လုံး၊ အားမြှင့် ယမ်းဘူး ၈၈၅ ဘူးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
'ဥပမာ FN-6 ဆိုရင် မြေပြင်ကနေ ဝေဟင်ပစ်တဲ့လေယာဉ်ပစ်လက်နက်မျိုး ဖြစ်ပါတယ်။ အင်တာနက်မှာ ရှာကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်။ FN-6 က Third generation လက်နက်မျိုးဖြစ်တာပေါ့။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ထွက်လာတဲ့ လက်နက်အမျိုးအစားဖြစ်ပါတယ်။ ဒီ FN-6 က ပြန်ကြည့်လိုက်ရင် Export အတွက် ပေးထားတဲ့ နာမည်မျိုးရေးထားတာ တွေ့ပါလိမ့်မယ်။ ဒီလို Version အတူတူကို တပ်မတော်မှာ သုံးနေတဲ့ နာမည်က ဟုန်ရင်း(HY) အဲဒီနာမည်နဲ့ ပြည်တွင်းမှာထုတ်ပြီး ဒီဟာကတော့ export ဆိုတဲ့ နာမည်နဲ့ တခြားနိုင်ငံတွေကို တင်ပို့တဲ့လက်နက်စနစ်မျိုးတွေ့ရမှာဖြစ်ပါတယ်'ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။
ထို့ပြင် ကျန်လက်နက်များသည်လည်း ထုတ်သည့်ခုနှစ်များတွင် Version အမျိုးမျိုးရှိနေကြောင်း၊ လက်နက်စနစ်များသည် ပြန်လည်ပြုပြင်၍ သုံး၍ရသည့်စနစ်များ ရှိသကဲ့သို့ အဟောင်းကို ပြုပြင်၍ အသစ်ပြန်လုပ်သည်များလည်းရှိကြောင်း၊ ယခုတွေ့ရှိသည့်လက်နက်များသည် အသစ်စက်စက်များမဟုတ်နိုင်ဟု ယူဆကြောင်း ၎င်းက ပြောဆိုသည်။
'ဥပမာဆိုရင် ဒီ FN-6 တစ်လက်ဆိုရင် ၂၀၀၉ ခုနှစ် ဈေးနှုန်း၊ ဒါလည်းနိုင်ငံတကာမှာ ဈေးနှုန်းတွေ အမျိုးမျိုးဖြစ်တာပေါ့။ အရှေ့အလယ်ပိုင်းကိစ္စတွေဖြစ်တဲ့ ဆီးရီးယားတို့ ဘာတို့မှာဖြစ်တဲ့ အခြေအနေအပေါ်မူတည်ပြီးတော့ လက်နက်ဈေးတွေကလည်း အဲဒီအရင်တုန်းက အခြေအနေမျိုးနဲ့ အခု အခြေအနေမျိုးနဲ့ ဈေးနှုန်းကွာခြားချက်တွေရှိတာပေါ့။ ၂၀၀၉ ခုနှစ် ပတ်ဝန်းကျင်လောက်မှာရှိတဲ့ ဈေးနှုန်းလောက်ကတော့ တစ်လက်ကို ဒေါ်လာ ၇၅၀၀၀ ကနေ ၉၀၀၀၀ ပတ်ဝန်းကျင်လောက်အထိ ရှိတယ်လို့ တွေ့ရှိရပါတယ်။ မှန်းဆကြည့်ရင် သိနိုင်တာပေါ့'ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။
လက်နက်ခဲယမ်းများ၏ တန်ဖိုးက ကမ္ဘာပေါ်တွင် ဈေးအများဆုံးပစ္စည်းဖြစ်သည့်အတွက် ဝယ်ရလည်း ခက်ပြီး တန်ဖိုးလည်းများကြောင်း၊ လွယ်လွယ်ကူကူနှင့် ဝယ်ယူတပ်ဆင်၍ မရသည့်အပေါ်တွင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဝင်ငွေရလွယ်အောင် မူးယစ်ဆေးဝါးပြုလုပ်ခြင်း၊ သယံဇာတများရောင်းခြင်း၊ အခြားသောနည်းလမ်းများနှင့် ရရှိသည်များရှိကြောင်း ၎င်းက ပြောဆိုသည်။
'ဒီလက်နက်တွေ ဝယ်ဖို့အတွက် ပိုက်ဆံ ဘယ်ကရလဲ။ ဒီလို လက်နက်ကိုင်အဖွဲ့အစည်းက ပေါ်ပေါက်လာတာလည်း သိပ်မကြာသေးဘူး။ သူ့မှာ တခြားဝင်ငွေရစီးပွားရေးလည်းမရှိဘူး။ ဒီလက်နက်တန်ဖိုး တစ်လက်ကို သေနတ်ဆိုတာ ကိုယ့်ဟာကိုယ်ထုတ်ပြီး ကိုယ်ပိုင်ပုဂ္ဂလိကလုပ်ငန်းအနေနဲ့ ဝယ်လို့ရောင်းလို့ရတဲ့ ကိစ္စလည်းမဟုတ်ဘူး။ ဒီအတွက်ကြောင့်မို့လို့ ဒီတန်ဖိုးတွေလည်း များပါတယ်'ဟု ဗိုလ်ချုပ်ထွန်းထွန်းညီကပြောဆိုသည်။
လက်နက်ကိုင်အဖွဲ့များအနေဖြင့် ထိုလက်နက်များအား တရားဝင်နည်းလမ်းဖြင့် ရစရာအကြောင်းမရှိဘဲ တရားမဝင်နည်းလမ်းမျိုးစုံဖြင့် ရအောင်လုပ်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။


No comments:

Post a Comment

My Blog List