Wednesday, November 27, 2019

ICJ ဆိုင်ရာ အထူးအဖွဲ့ ဖွဲ့လိုက်ကြောင်း အစိုးရ ကြေညာ



နိုင်ငံတကာ ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာကိစ္စတွေကို ဖြေရှင်းဆောင်ရွက်ဖို့ နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ (Special Unit On International Criminal Justice)ကို ဖွဲ့စည်းပြီး ဖြစ်တယ်လို့ နိုင်ငံအတိုင်ပင်ခံရုံးဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအထူးအဖွဲ့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတွေက ဥပဒေရှင်ပညာတွေနဲ့ ဖွဲ့စည်းထားတယ်လို့ အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာနက ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တစ်ဦးဖြစ်တဲ့ ဦးချမ်းအေးက RFA ကိုပြောပါတယ်။
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာခဲ့ကြတဲ့ ရိုဟင်ဂျာတွေကိစ္စနဲ့ ပတ်သက်ပြီး OIC အစ္စလာမ်မစ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
အမှုကို ရင်ဆိုင်ဖြေရှင်းဖို့ နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့က ICJ ရုံးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်သွားရောက်မှာဖြစ်ပြီး နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေကိုလည်း ငှားရမ်းထားပြီးပြီလို့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ အမှုဖွင့်တိုင်ကြားချက်ကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင်ကြားနာမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်မှာတော့ မြန်မာဘက်က လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။
- Unicode
~~~~~~~~~~~~~~~

ICJ ဆိုင္ရာ အထူးအဖြဲ႕ ဖြဲ႕လိုက္ေၾကာင္း အစိုးရ ေၾကညာ
~~~~~~
■ ႏိုင္ငံတကာ ရာဇဝတ္မႈတရားစီရင္ေရးဆိုင္ရာကိစၥေတြကို ေျဖရွင္းေဆာင္႐ြက္ဖို႔ ႏိုင္ငံတကာရာဇဝတ္မႈ တရားစီရင္ေရးဆိုင္ရာ အထူးအဖြဲ႕ (Special Unit On International Criminal Justice)ကို ဖြဲ႕စည္းၿပီး ျဖစ္တယ္လို႔ ႏိုင္ငံအတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာနက မေန႔ကရက္စြဲနဲ႔ ထုတ္ျပန္လိုက္ပါတယ္။

အဲဒီအထူးအဖြဲ႕ကို ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးက ဦးေဆာင္မွာျဖစ္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးနဲ႔ စစ္ဥပေဒခ်ဳပ္႐ုံးေတြက ဥပေဒရွင္ပညာေတြနဲ႔ ဖြဲ႕စည္းထားတယ္လို႔ အတိုင္ပင္ခံ႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။
ေကာင္စစ္ေရးရာနဲ႔ ဥပေဒေရးရာဦးစီးဌာနက ကိုယ္စားလွယ္ေတြ ပါဝင္မွာျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ တစ္ဦးျဖစ္တဲ့ ဦးခ်မ္းေအးက RFA ကိုေျပာပါတယ္။
ရခိုင္ျပည္နယ္က ေနရပ္စြန႔္ခြာခဲ့ၾကတဲ့ ႐ိုဟင္ဂ်ာေတြကိစၥနဲ႔ ပတ္သက္ၿပီး OIC အစၥလာမ္မစ္ ပူးေပါင္းေဆာင္ ႐ြက္ေရးအဖြဲ႕ ကိုယ္စား ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။
အမႈကို ရင္ဆိုင္ေျဖရွင္းဖို႔ နယ္သာလန္ႏိုင္ငံ သဟိတ္ဂ္ၿမိဳ႕က ICJ ႐ုံးကို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးေဆာင္သြားေရာက္မွာျဖစ္ၿပီး ႏိုင္ငံတကာက ကြၽမ္းက်င္တဲ့ ဥပေဒပညာရွင္ေတြကိုလည္း ငွားရမ္းထားၿပီးၿပီလို႔ ႏိုဝင္ဘာလ ၂၀ ရက္ေန႔မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။
အဲဒီ အမႈဖြင့္တိုင္ၾကားခ်က္ကို နယ္သာလန္ႏိုင္ငံ သဟိဂ္ၿမိဳ႕မွာ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ စတင္ၾကားနာမွာျဖစ္ၿပီး ဒီဇင္ဘာလ ၁၁ ရက္မွာေတာ့ ျမန္မာဘက္က ေလွ်ာက္လဲခ်က္ေပးရမွာ ျဖစ္ပါတယ္။

No comments:

Post a Comment

My Blog List