Thursday, November 28, 2019

နည်းပညာနှင့် ဘဏ္ဍာရေးအခက်အခဲကြောင့် ၅ စီးမြောက် လေယာဉ်တင် သင်္ဘောတည်ဆောက်မှု တရုတ်ရပ်ဆိုင်း


Image may contain: ocean, sky, outdoor and water

တရုတ်စစ်တပ်ဟာ ၄ စီးမြောက် လေယာဉ်တင်သင်္ဘောအထိ ဆက်လက်တည်ဆောက်နေပြီး ၅ စီးမြောက် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတည်ဆောက်မှုကိုတော့ ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ South China Morning Post က ရေးသားဖော်ပြခဲ့ပါတယ်။

နည်းပညာပိုင်းနဲ့ ဘဏ္ဍာငွေ အခက်အခဲများကြောင့် ၅ စီးမြောက်လေယာဉ်တ င်သင်္ဘောတည်ဆောက်မယ့် အစီအစဉ်ကို ရပ်ဆိုင်းခြင်းဖြစ်တယ်လို့လည်း တရုတ်စစ်တပ်ရဲ့ အတွင်းသတင်းတွေအရသိရပါတယ်။
တရုတ်စစ်တပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်တင်သင်္ဘော ၁ စီးသာရှိနေပြီး ဆိုဗီယက်ခေတ် လေယာဉ်တင်သင်္ဘောကို ပြန်လည်ပြုပြင်ထားတဲ့ The Liaoning ဖြစ်ပါတယ်။
ပြည်တွင်းမှာထုတ်လုပ်ထားတဲ့ Type001 ဟာ ပင်လယ်တွင်းစမ်းသပ်သွားလာမှုတွေပြုလုပ်နေပြီး မကြာခင် တပ်တော်ဝင်နိုင်တော့မှာပါ။
နောက်ထပ် Type002 လေယာဉ်တင်သင်္ဘောတည်ဆောက်မှုကို လွန်ခဲ့တဲ့ ၂ နှစ်က စတင်ခဲ့ပြီး ဒုတိယမြောက် Type2 လေယာဉ်တင်သင်္ဘောကိုတော့ ၂၀၂၁ ခုနှစ်မှာ စတင်တည်ဆောက်သွားမှာဖြစ်ပါတယ်။
Ref; South China Morning Post
(Unicode)
နည်းပညာနှင့် ဘဏ္ဍာရေးအခက်အခဲကြောင့် ၅ စီးမြောက် လေယာဉ်တင် သင်္ဘောတည်ဆောက်မှု တရုတ်ရပ်ဆိုင်း
...........................................................

တရုတ်စစ်တပ်ဟာ ၄ စီးမြောက် လေယာဉ်တင်သင်္ဘောအထိ ဆက်လက်တည်ဆောက်နေပြီး ၅ စီးမြောက် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတည်ဆောက်မှုကိုတော့ ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ South China Morning Post က ရေးသားဖော်ပြခဲ့ပါတယ်။
နည်းပညာပိုင်းနဲ့ ဘဏ္ဍာငွေ အခက်အခဲများကြောင့် ၅ စီးမြောက်လေယာဉ်တ င်သင်္ဘောတည်ဆောက်မယ့် အစီအစဉ်ကို ရပ်ဆိုင်းခြင်းဖြစ်တယ်လို့လည်း တရုတ်စစ်တပ်ရဲ့ အတွင်းသတင်းတွေအရသိရပါတယ်။
တရုတ်စစ်တပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်တင်သင်္ဘော ၁ စီးသာရှိနေပြီး ဆိုဗီယက်ခေတ် လေယာဉ်တင်သင်္ဘောကို ပြန်လည်ပြုပြင်ထားတဲ့ The Liaoning ဖြစ်ပါတယ်။
ပြည်တွင်းမှာထုတ်လုပ်ထားတဲ့ Type001 ဟာ ပင်လယ်တွင်းစမ်းသပ်သွားလာမှုတွေပြုလုပ်နေပြီး မကြာခင် တပ်တော်ဝင်နိုင်တော့မှာပါ။
နောက်ထပ် Type002 လေယာဉ်တင်သင်္ဘောတည်ဆောက်မှုကို လွန်ခဲ့တဲ့ ၂ နှစ်က စတင်ခဲ့ပြီး ဒုတိယမြောက် Type2 လေယာဉ်တင်သင်္ဘောကိုတော့ ၂၀၂၁ ခုနှစ်မှာ စတင်တည်ဆောက်သွားမှာဖြစ်ပါတယ်။
Ref; South China Morning Post
#PeopleMedia #International

No comments:

Post a Comment

My Blog List