Tuesday, November 26, 2019

နိုင်လွတ်လုံနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားချက်ထုတ်

No photo description available.
နိုင်လွတ်လုံ သည် နိုင်ငံသားအချင်းချင်း ထိခိုက်နစ်နာစေရန် ပြုမှုရာမှ ပေါ်ပေါက်သည့်ပြစ်မှုများနှင့် သက်ဆိုင်ခြင်းမရှ ိကြောင်းကို သတိပြုဆောင်ရွက်ကြရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေအရာရှိများကို ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီး အသိပေးလိုက်သည်။

ဥပဒေအရာရှိများက သေချာစီစစ်ခြင်းမရှိဘဲ လွယ်လင့်တကူသုံးသပ်၍ နိုင်လွတ်လုံဖြင့် တရားစွဲရန်ဥပဒေအကြံဉာဏ် ပေးနေ၍ ယခု ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ရှေ့နေချုပ်ရုံးက ပြောဆိုထားသည်။
တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးကြီးမြင့်က “နိုင်လွတ်လုံရဲ့အဓိပ္ပာယ်ကို အတိအကျမရေးထားသော်လည်းပဲ သဘောက အရင်တုန်းကဗျာ။ထောက်လှမ်းရေးတို့ ဘာတို့က နောက်ယောင်ခံလိုက်တာ။ကျွန်တော်က အိမ်တစ်အိမ်သွား တယ်ဆိုပါစို့။ကျွန်တော်လဲ ပြန်သွားရော အဲ့ဒီအိမ်ကို သွားပြီး ကျွန်တော်က ဘာပြောခဲ့သလဲ။စသဖြင့် မေးတာမြန်းတာတွေ ရှိခဲ့တယ်။ဒါတွေ မလုပ်ဖို့။တားမြစ်တာ။ဒီသဘော။ဒါကို နားလည်မှုတွေလွဲပြီး ပြည်သူပြည်သားအချင်းချင်း နိုင်လွတ်လုံတွေ နဲ့ ဖြစ်ကုန်ကြရော။ရှေ့နေချုပ်ချုပ်ရုံးက ထုတ်လိုက်တဲ့စာက ရှင်းတယ်။အဓိပ္ပာယ်ဖွင့်ပေးတယ်။ဥပဒေအရာရှိတွေကို လွယ် လင့်တကူသုံးသပ်ပြီး နိုင်လွတ်လုံနဲ့ တရားစွဲဖို့ ဥပဒေအကြံဉာဏ်ပေးတာတွေ မလုပ်ဖို့ တားလိုက်တဲ့စာပါ“ဟု ပြောသည်။
သို့သော် ညွှန်ကြားစာသည် အောက်ခြေရုံးများသို့ မရောက်သေးသည့်အတွက် အချို့က မသိကြသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“စာရောက်ပြီ ဆိုမှ ဒီစာကိုပြ၊နိုင်လွတ်လုံအမှုတွေကို ပြန်လုပ်ရမှာ“ဟု ရှေ့နေကြီးဦးကြီးမြင့်ကပြောသည်။
ပြည်သူပြည်သားအချင်းချင်းနိုင်လွတ်လုံဖြင့် အပြန်အလှန်အမှုဖွင့်တရားစွဲနေ၍ ထိုသို့ မဖြစ်သင့်ကြောင်းကို ကန့်ကွက်နေ သည့်အထဲ ဦးကြီးမြင့်လည်း တစ်ဦးအပါအဝင်ဖြစ်သည်ဟု သိရသည်။
Myanmar Harp

No comments:

Post a Comment

My Blog List