Monday, November 25, 2019

မန္တလေး ကျောက်မျက်ပြပွဲတွင် ရောင်းချထားသည့် ကျောက်စိမ်း လော့တွဲ(၂၈၀) ကျော် လာရောက်ထုတ်ယူခြင်းမရှိသေး


မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲတွင် ရောင်းချ ထားသည့် ကျောက်စိမ်း လော့တွဲ(၂၈၀) ကျော် လာရောက်ထုတ်ယူခြင်းမရှိသေးကြောင်း ပြပွဲကျင်းပရေးကော်မတီက သိရသည် ။
ပြပွဲကို မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာတွင် အောက်တိုဘာလ ၂၃ ရက်နေ့ မှ အောက်တိုဘာလ ၂၉ ရက်နေ့အထိ (၇) ရက်တိုင် ကျင်းပပေးခဲ့ပြီး ဝယ်ယူထားသည့် ကျောက်တွဲများထုတ်ယူရန် ပြပွဲကျင်းပရေးကော်မတီအနေဖြင့် နိုဝင်ဘာလ ၁ ရက်နေ့ မှစ၍ ရက်ပေါင်း (၃၀) သတ်မှတ်ပေးထားသည် ။

``ကျောက်တွေကို သတ်မှတ်ရက်အတွင်းမှာမှ လာမထုတ်ရင် စပေါ်ငွေ တစ်ဆယ်ရာခိုင်နှုန်း နဲ့ ကျောက်ကို ပိုင်ရှင်ဆီ ပြန်အပ်မယ်။ လာမထုတ်ရင် စာပေါ်ငွေရော ကျောက်ရော မရတော့ဘူး။ ကျောက် လာထုတ်ဖို့ကိုလည်း အသိပေးတာတွေလုပ်ထားတယ်။´´ ဟု ပြပွဲကျင်းပရေးကော်မတီ မှ ဦးမျိုးမြင့်နိုင် က ပြောသည် ။

အဆိုပါပြပွဲတွင် ကျောက်စိမ်းကျောက်မျက်အတွဲပေါင်း ၂၉၀၀ ကျော်ရှိသည့်အနက် ၁၈၆၈ တွဲ ရောင်းချခဲ့ရပြီး ကျပ်သန်းပေါင်း ၃၀၅၀၀ ကျော်ရောင်းချခဲ့ရကြောင်း ပြပွဲကျင်းပရေးကော်မတီ က ထုတ်ပြန်ထားသည် ။

မန္တလေးမြို့တွင်ကျင်းပသည့် အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲသည် အောင်မြင်သည့် အမေအထားဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်ရရှိသောကြောင့် ပြပွဲများ ထပ်မံကျင်းပနိုင်ရေးဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည် ။

ရောင်းချမည့် အရိုင်းဖြတ်သား အချောထည်များနှင့်ပတ်သက်၍ အခွန်စည်းကြပ်မှုအနေဖြင့် ရောင်းသူအနေဖြင့် ကျောက်မျက်ရတနာခွန် ၁၁ ရာခိုင်နှုန်း နှင့် ဝန်ဆောင်ခ ၂ ရာခိုင်နှုန်း စုစုပေါင်း ၁၃ ရာခိုင်နှုန်း ၊ ဝယ်သူအနေဖြင့် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း သတ်မှတ်ပြီး ဝန်ဆောင်ခ ၂ ရာခိုင်နှုန်းကို ပြပွဲကျင်းပရေး ကော်မတီ က ရရှိမှာဖြစ်ကြောင်း သိရသည် ။

______________________________________

(Zawgyi)

မန္တလေး ကျောက်မျက်ပြပွဲတွင် ရောင်းချထားသည့် ကျောက်စိမ်း လော့တွဲ(၂၈၀) ကျော် လာရောက်ထုတ်ယူခြင်းမရှိသေး

ႏိုဝင္ဘာ - ၂၅

နိုင်လင်းဦး

မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲတွင် ရောင်းချထားသည့် ကျောက်စိမ်း လော့တွဲ(၂၈၀) ကျော် လာရောက်ထုတ်ယူခြင်းမရှိသေးေကြာင်း ပြပွဲကျင်းပရေးကော်မတီ က သိရသည် ။

ပြပွဲကို မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာတွင် အောက်တိုဘာလ ၂၃ ရက်နေ့ မှ အောက်တိုဘာလ ၂၉ ရက်နေ့အထိ (၇) ရက်တိုင် ကျင်းပပေးခဲ့ပြီး ဝယ်ယူထားသည့် ကျောက်တွဲများထုတ်ယူရန် ပြပွဲကျင်းပရေးကော်မတီအနေဖြင့် နိုဝင်ဘာလ ၁ ရက်နေ့ မှစ၍ ရက်ပေါင်း (၃၀) သတ်မှတ်ပေးထားသည် ။

``ကျောက်တွေကို သတ်မှတ်ရက်အတွင်းမှာမှ လာမထုတ်ရင် စပေါ်ငွေ တစ်ဆယ်ရာခိုင်နှုန်း နဲ့ ကျောက်ကို ပိုင်ရှင်ဆီ ပြန်အပ်မယ်။ လာမထုတ်ရင် စာပေါ်ငွေရော ကျောက်ရော မရတော့ဘူး။ ကျောက် လာထုတ်ဖို့ကိုလည်း အသိပေးတာတွေလုပ်ထားတယ်။´´ ဟု ပြပွဲကျင်းပရေးကော်မတီ မှ ဦးမျိုးမြင့်နိုင် က ပြောသည် ။

အဆိုပါပြပွဲတွင် ကျောက်စိမ်းကျောက်မျက်အတွဲေပါင်း ၂၉၀၀ ကျော်ရှိသည့်အနက် ၁၈၆၈ တွဲ ရောင်းချခဲ့ရပြီး ကျပ်သန်းပေါင်း ၃၀၅၀၀ ကျော်ရောင်းချခဲ့ရကြောင်း ပြပွဲကျင်းပရေးကော်မတီ က ထုတ်ပြန်ထားသည် ။

မန္တလေးမြို့တွင်ကျင်းပသည့် အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲသည် အောင်မြင်သည့်အမေအထားဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်ရရှိသောကြောင့် ပြပွဲများ ထပ်မံကျင်းပနိုင်ရေးဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည် ။

ရောင်းချမည့် အရိုင်းဖြတ်သား အချောထည်များနှင့်ပတ်သက်၍ အခွန်စည်းကြပ်မှုအနေဖြင့် ရောင်းသူအနေဖြင့် ကျောက်မျက်ရတနာခွန် ၁၁ ရာခိုင်နှုန်း နှင့် ဝန်ဆောင်ခ ၂ ရာခိုင်နှုန်း စုစုပေါင်း ၁၃ ရာခိုင်နှုန်း ၊ ဝယ်သူအနေဖြင့် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း သတ်မှတ်ပြီး ဝန်ဆောင်ခ ၂ ရာခိုင်နှုန်းကို ပြပွဲကျင်းပရေး ကော်မတီ က ရရှိမှာဖြစ်ကြောင်း သိရသည် ။

No comments:

Post a Comment

My Blog List