Tuesday, November 26, 2019

နိုင်ငံကောင်းအောင် ပို့ပေးနိုင်သည့် အစိုးရတစ်ရပ်ဖြစ်လာစေရန် လက်ရှိရွေးကောက်ပွဲကော်မရှင်နှင့် မဖြစ်နိုင် ဟု ဦးသိန်းညွှန့်ပြော


Image may contain: 2 people, people sitting
နိုင်ငံကိုအကောင်းဘက်ရောက်အောင် ပို့ပေးနိုင်သည့် အစိုးရတစ်ရပ်ဖြစ်ပေါ်လာရန်အတွက် လက်ရှိရွေးကောက်ပွဲ ကော်မရှင်နှင့် မဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသိန်းညွှန့်ပြော ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ House of Orchid ဟိုတယ်တွင် နိုင်ငံရေးပါတီ များကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုလိုက်သည်။
“နောက်အနှစ် ၂၀မှာလူဖြစ်ရမယ့် သားတွေသမီးတွေမြေးတွေအတွက် အခုအချိန်မှာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ကံကြမ္မာကို အကောင်းဘက်ကိုပြောင်းပေးနိုင်တဲ့ အစိုးရအတွက် ဆင်းရဲတွင်းကနေ နောက်ထပ်ငရဲတွင်းမရောက်အောင် ပို့ပေးမယ့် အစိုးရမျိုးအတွက် ဒီကော်မရှင်နဲ့တော့မဖြစ်ဘူးလို့ ကျွန်တော်က ယုံကြည်တယ်”ဟု ဦးသိန်းညွှန့်ကပြောသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ(၅)ခု ကဦးဆောင်ရှင်းလင်း ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင် ကို မယုံကြည်ကြောင်း ပြောဆိုကြသည်။

အမေရိကန်အခြေစိုက် International Foundation For Electoral System(IFES) မြန်မာနိုင်ငံအတွက် လက်ပ်တော့အလုံး ၁၃၀၀ နှင့် ဆက်စပ်ပစ္စည်းများအတွက် တင်ဒါတစ်ဆောင်နှင့် ပရင်တာ ၃၃၀ အတွက် တင်ဒါတစ်စောင်ခေါ် ယူခြင်းနှင့် ပတ်သတ်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံ ရေးပါတီ(၂၀)က တင်ဒါပယ်ဖျက်၍ နိုင်ငံတကာတင်ဒါအသစ်ကို ပွင့်လင်းမြင် သာစွာ ခေါ်ယူရန် တောင်းဆိုကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ)အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေး စားလိုက်နာရေးနှင့် ပုဒ်မခွဲ(ဃ)အရ လူတစ်ဦးချင်း(သို့)လူအများနှင့် ပတ်သတ်၍ သိက္ခာနှင့်ကိုယ် ကျင့်တရားကို ထိခိုက်စေမည့် ရေးသားမှုမျိုးမပြုလုပ်ရန် ဝန်ခံချက်ပေးထားပြီးဖြစ်ခြင်းကြောင့် ဝန်ခံချက်များကို စောင့်ထိန်းရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်ရှိမည် မဟုတ်ကြောင်း သတိပေးခဲ့သည်။

“ရွေးကောက်ပွဲကို ဘယ်လိုပဲဥပဒေတွေဘာပဲထုတ်ထုတ် ဘာပဲလုပ်လုပ်အဲ့ဒီဥပဒေတွေနဲ့အညီ ဖြစ်သင့်တဲ့ဥပဒေတွေကို ကျွန်တော်တို့လိုက်နာမယ် တချို့ဟာတွေကို တင်ပြသင့်တာရှိရင် တရား ဝင်တင်ပြမယ် တင်ပြပြီးရင်ကျွန်တော်တို့ ဒီရွေးကောက်ပွဲမှာဝင်သွားမယ်ဆိုတာ တင်ပြလိုပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလှသိန်းက ပြောဆိုသည်။
ကျော်သူမြင့်
(Zawgyi)

နိုင်ငံကောင်းအောင် ပို့ပေးနိုင်သည့် အစိုးရတစ်ရပ်ဖြစ်လာစေရန် လက်ရှိရွေးကောက်ပွဲကော်မရှင်နှင့် မဖြစ်နိုင် ဟု ဦးသိန်းညွှန့်ပြော

နိုင်ငံကိုအကောင်းဘက်ရောက်ေအာင် ပို့ပေးနိုင်သည့် အစိုးရတစ်ရပ်ဖြစ်ပေါ်လာရန်အတွက် လက်ရှိရွေးကောက်ပွဲ ကော်မရှင်နှင့် မဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသိန်းညွှန့်ပြော ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ House of Orchid ဟိုတယ်တွင် နိုင်ငံရေးပါတီ များကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုလိုက်သည်။

“နောက်အနှစ် ၂၀မှာလူဖြစ်ရမယ့် သားတွေသမီးတွေမြေးတွေအတွက် အခုအချိန်မှာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ကံကြမ္မာကို အကောင်းဘက်ကိုပြောင်းပေးနိုင်တဲ့ အစိုးရအတွက် ဆင်းရဲတွင်းကနေ နောက်ထပ်ငရဲတွင်းမရောက်အောင် ပို့ပေးမယ့်အစိုးရမျိုးအတွက် ဒီကော်မရှင်နဲ့တော့မဖြစ်ဘူးလို့ ကျွန်တော်က ယုံကြည်တယ်”ဟု ဦးသိန်းညွှန့်ကပြောသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ(၅)ခု ကဦးဆောင်ရှင်းလင်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင် ကို မယုံကြည်ကြောင်း ပြောဆိုကြသည်။

အမေရိကန်အခြေစိုက် International Foundation For Electoral System(IFES) မြန်မာနိုင်ငံ အတွက် လက်ပ်တော့ အလုံး ၁၃၀၀ နှင့် ဆက်စပ်ပစ္စည်းများအတွက် တင်ဒါတစ်ဆောင်နှင့် ပရင်တာ ၃၃၀ အတွက် တင်ဒါတစ်စောင်ခေါ် ယူခြင်းနှင့် ပတ်သတ်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံ ရေးပါတီ(၂၀) က တင်ဒါပယ်ဖျက်၍ နိုင်ငံတကာတင်ဒါအသစ်ကို ပွင့်လင်းမြင်သာစွာ ခေါ်ယူရန် တောင်းဆိုကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ)အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေး စားလိုက်နာရေးနှင့် ပုဒ်မခွဲ(ဃ)အရ လူတစ်ဦးချင်း(သို့)လူအများနှင့် ပတ်သတ်၍ သိက္ခာနှင့်ကိုယ် ကျင့်တရားကို ထိခိုက်စေမည့် ရေးသားမှုမျိုးမပြုလုပ်ရန် ဝန်ခံချက်ပေးထားပြီးဖြစ်ခြင်းကြောင့် ဝန်ခံ ချက်များကို စောင့်ထိန်းရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည် မဟုတ်ကြောင်း သတိပေးခဲ့သည်။

“ေ႐ြးေကာက္ပဲြကို ဘယ္လိုပဲဥပေဒေတြဘာပဲထုတ္ထုတ် ဘာပဲလုပ်လုပ်အဲ့ဒီဥပဒေတွေနဲ့အညီ ဖြစ်သင့်တဲ့ဥပဒေတွေကို ကျွန်တော်တို့လိုက်နာမယ် တချို့ဟာတွေကို တင်ပြသင့်တာရှိရင် တရား ဝင်တင်ပြမယ် တင်ပြပြီးရင်ကျွန်တော်တို့ ဒီရွေးကောက်ပွဲမှာဝင်သွားမယ်ဆိုတာ တင်ပြလိုပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလှသိန်းက ပြောဆိုသည်။

No comments:

Post a Comment

My Blog List