Tuesday, November 26, 2019

ICJ တရားရုံး၌တရားစွဲဆိုခြင်းကိုကြိုတင်သိနေသလားဟု အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ မေးခွန်းထုတ်


Image may contain: 1 personImage may contain: 3 people, shoes

ICJ တရားရုံးတွင် နိုဝင်ဘာလ ၁၈ ရက်က တရားစွဲဆိုပြီးနောက် ၂၀ ရက်တွင် မြန်မာနိုင်ငံက ရှေ့နေငှားပြီးဖြစ်နေသဖြင့် တရားစွဲဆိုခြင်းကိုကြိုတင်သိရှိနေသလားဟု အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်က မေးခွန်း ထုတ်လိုက်သည်။

ရန်ကုန်မြို့ရှိအောကစ်ဟောက်စ်တွင် နိုဝင်ဘာလ ၂၅ ရက်ကကျင်းပသည့် နိုင်ငံရေးပါတီ ၂၀ ကိုယ်စား သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ အခုကျွန်တော်တို့ကိုတရားစွဲတဲ့အဲဒီနိုင်ငံနဲ့ ကျွန်တော်တို့ဘာပြဿနာရှိလဲ။ ဘာမှမရှိဘူး။ တရားရုံးတစ်ခုကို တရားစွဲတယ်ဆိုတာနစ်နာတဲ့သူကစွဲရတာ။ နစ်နာတဲ့သူကမစွဲဘဲနဲ့ဘယ်သူကဘယ်သူ့ကိုတာဝန်ပေးပြီး လာစွဲတယ်ဆိုတာ ကျွန်တော်တို့မသိဘူး။ အခုတရားစွဲလိုက်တာ ၁၈ ရက်ကစွဲလိုက်တာနဲ့ ကျွန်တော်တို့ တိုင်းပြည်က ၂၀ ရက်နေ့မှာ ရှေ့နေငှားပြီးသွားပြီ။ သိများသိနေရော့သလား။ တိုင်ပင်များထားသလားလို့ သံသယရှိတယ်။ကျွန်တော်တို့ နိုင်ငံရဲ့အကြီးအကဲနိုင်ငံတော်အတိုင်ပင်ခံက ဘယ်နိုင်ငံသွားသွား ၄ နှစ်အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံလို့ခေါင်းစဉ် တပ်ထားတယ်။ ဒီနေ့ဘာတပ်လာလဲ။ နိုင်ငံခြားရေးဝန်ကြီးလို့ တပ်လာတယ်။ဘာလို့တုန်း ။နိုင်ငံခြားရေးဝန်ကြီး တစ်ယောက် သံခင်းတမာန်ခင်းအရသွားရှင်းရင် သူကကင်းလွတ်ခွင့်ရတယ်။ အဲဒါကိုမြင်စေချင်တယ်။ အဲဒီထွက်ပေါက် နဲ့သူသွားတယ်’’ဟု ၎င်း အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောသည်။
နိုင်ငံပေါင်း ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်သည်ဟုဆိုကာ စွပ်စွဲကာနိုဝင်ဘာလအတွင်း အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါဂမ်ဘီယာနိုင်ငံ၏တရားစွဲဆိုမှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအနေဖြင့် သွားရောက်ရှင်းလင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Image may contain: 5 people, people smiling, people sitting and indoor 
Image may contain: text 
မင်းသီဟန်(အကုန်သိသတင်းဌာန)
(Unicode Version)
ICJ တရားရုံး၌တရားစွဲဆိုခြင်းကိုကြိုတင်သိနေသလားဟု အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ မေးခွန်းထုတ်
-------- မင်းသီဟန်(အကုန်သိသတင်းဌာန) --------

ICJ တရားရုံးတွင် နိုဝင်ဘာလ ၁၈ ရက်က တရားစွဲဆိုပြီးနောက် ၂၀ ရက်တွင် မြန်မာနိုင်ငံက ရှေ့နေငှားပြီးဖြစ်နေသဖြင့် တရားစွဲဆိုခြင်းကိုကြိုတင်သိရှိနေသလားဟု အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်က မေးခွန်းထုတ်လိုက်သည်။
ရန်ကုန်မြို့ရှိအောကစ်ဟောက်စ်တွင် နိုဝင်ဘာလ ၂၅ ရက်ကကျင်းပသည့် နိုင်ငံရေးပါတီ ၂၀ ကိုယ်စား သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ အခုကျွန်တော်တို့ကိုတရားစွဲတဲ့အဲဒီနိုင်ငံနဲ့ ကျွန်တော်တို့ဘာပြဿနာရှိလဲ။ ဘာမှမရှိဘူး။ တရားရုံးတစ်ခုကို တရားစွဲတယ်ဆိုတာနစ်နာတဲ့သူကစွဲရတာ။ နစ်နာတဲ့သူကမစွဲဘဲနဲ့ဘယ်သူကဘယ်သူ့ကိုတာဝန်ပေးပြီး လာစွဲတယ်ဆိုတာ ကျွန်တော်တို့မသိဘူး။ အခုတရားစွဲလိုက်တာ ၁၈ ရက်ကစွဲလိုက်တာနဲ့ ကျွန်တော်တို့ တိုင်းပြည်က ၂၀ ရက်နေ့မှာ ရှေ့နေငှားပြီးသွားပြီ။ သိများသိနေရော့သလား။ တိုင်ပင်များထားသလားလို့ သံသယရှိတယ်။ကျွန်တော်တို့နိုင်ငံရဲ့အကြီးအကဲနိုင်ငံတော်အတိုင်ပင်ခံက ဘယ်နိုင်ငံသွားသွား ၄ နှစ်အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံလို့ခေါင်းစဉ်တပ်ထားတယ်။ ဒီနေ့ဘာတပ်လာလဲ။ နိုင်ငံခြားရေးဝန်ကြီးလို့ တပ်လာတယ်။ဘာလို့တုန်း ။နိုင်ငံခြားရေးဝန်ကြီးတစ်ယောက် သံခင်းတမာန်ခင်းအရသွားရှင်းရင် သူကကင်းလွတ်ခွင့်ရတယ်။ အဲဒါကိုမြင်စေချင်တယ်။ အဲဒီထွက်ပေါက်နဲ့သူသွားတယ်’’ဟု ၎င်း အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောသည်။
နိုင်ငံပေါင်း ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်သည်ဟုဆိုကာ စွပ်စွဲကာနိုဝင်ဘာလအတွင်း အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါဂမ်ဘီယာနိုင်ငံ၏တရားစွဲဆိုမှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအနေဖြင့် သွားရောက်ရှင်းလင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment

My Blog List