Monday, November 25, 2019

ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် လျှောက်သွား နိုင်အောင် ပါတီထောင်ခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်းပြော


Image may contain: 1 person, standing and indoor

ဖက်ဒရယ်စနစ်ကို မှန်ကန်စွာ ကျင့်သုံးနိုင်ခြင်းဖြင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာနိုင်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်သည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ညီညွတ်ရေးကိုလည်း ဖြစ်ထွန်းစေနိုင်သည့် ထူးခြားချက်များ ရှိပါကြောင်း၊ထို့အတူ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် သည့် အလေ့အကျင့်ကောင်းများကိုလည်း အားပေးသည့် စနစ်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်အောင် ပါတီ တည်ထောင်ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

ကျောက်တံခါးမြို့နယ်၊ သရက်စိန်ကျေးရွာနှင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တို့ရှိ ပါတီဝင်များနှင့် သီးခြားစီ တွေ့ဆုံစဉ် သူရဦးရွှေမန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးများကို အလေးထား ဆောင်ရွက်မည်ဖြစ်သော်လည်း နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိရေးကို ပိုမိုဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သည့် Citizen Fundamental Rights များ မရရှိဘဲနှင့် ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ရရှိရန်မှာ ခက်ခဲပါကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
The Ladies News
ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် လျှောက်သွား နိုင်အောင် ပါတီထောင်ခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်းပြော
--- --- ---

ဖက်ဒရယ်စနစ်ကို မှန်ကန်စွာ ကျင့်သုံးနိုင်ခြင်းဖြင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာနိုင်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်သည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ညီညွတ်ရေးကိုလည်း ဖြစ်ထွန်းစေနိုင်သည့် ထူးခြားချက်များ ရှိပါကြောင်း၊ထို့အတူ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် သည့် အလေ့အကျင့်ကောင်းများကိုလည်း အားပေးသည့် စနစ်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်အောင် ပါတီ တည်ထောင်ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
ကျောက်တံခါးမြို့နယ်၊ သရက်စိန်ကျေးရွာနှင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တို့ရှိ ပါတီဝင်များနှင့် သီးခြားစီ တွေ့ဆုံစဉ် သူရဦးရွှေမန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးများကို အလေးထား ဆောင်ရွက်မည်ဖြစ်သော်လည်း နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိရေးကို ပိုမိုဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သည့် Citizen Fundamental Rights များ မရရှိဘဲနှင့် ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ရရှိရန်မှာ ခက်ခဲပါကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
The Ladies News

No comments:

Post a Comment

My Blog List