Monday, November 25, 2019

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းမှ ဘိန်းခင်းများအား ဖျက်ဆီး


Image may contain: 1 person, sky, grass, cloud, mountain, flower, outdoor and nature

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းမှ ဘိန်းခင်းများအား ဖျက်ဆီးခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့ထံက သတင်းရရှိ သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ ၀၆၃၀ အချိန်မှ ၁၇၁၀ အချိန်ထိ တပ်မတော် သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် အတွင်းရှိ ပေါ့အင်းကျေးရွာအုပ်စု၊ လွယ်အယ်ကျေးရွာ၏ အနောက် မြောက်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၁၁ ဧကခန့်အား လည်းကောင်း၊ စင်းတောင်းကျေးရွာ အုပ်စု၊ တင်းထက်ကျေးရွာ၏ အနောက်တောင်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၃၄ ဧက ခန့်အားလည်းကောင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီ၌ ပင်လောင်းမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ဘိန်းခင်း ၂၉၉.၅ ဧကနှင့် ဖယ်ခုံမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ဘိန်းခင်း ၁၃၉ ဧက တို့အား ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
The Ladies News
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းမှ ဘိန်းခင်းများအား ဖျက်ဆီး
--- --- ---

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းမှ ဘိန်းခင်းများအား ဖျက်ဆီးခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့ထံက သတင်းရရှိသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ ၀၆၃၀ အချိန်မှ ၁၇၁၀ အချိန်ထိ တပ်မတော် သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် အတွင်းရှိ ပေါ့အင်းကျေးရွာအုပ်စု၊ လွယ်အယ်ကျေးရွာ၏ အနောက် မြောက်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၁၁ ဧကခန့်အား လည်းကောင်း၊ စင်းတောင်းကျေးရွာ အုပ်စု၊ တင်းထက်ကျေးရွာ၏ အနောက်တောင်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၃၄ ဧက ခန့်အားလည်းကောင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီ၌ ပင်လောင်းမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ဘိန်းခင်း ၂၉၉.၅ ဧကနှင့် ဖယ်ခုံမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ဘိန်းခင်း ၁၃၉ ဧက တို့အား ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
The Ladies News

No comments:

Post a Comment

My Blog List