
ကော့က်စ်ဘဇားခရိုင်မှာရှိတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေရဲ့စခန်းတွေနားမှာ သံဆူးကြိုးခြံစည်းရိုး တွေ စခတ်နေပြီလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာပြောပါတယ်။
“ခြံစည်းရိုးအပြည့်ပတ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ပြင်ဆင်တာပါ။ စခန်းတစ်ခုမှာဆိုရင် တိုင်တွေတောင်ထောင်ပြီးသွားပါပြီ။ ခြံစည်းရိုးတိုင်တွေကို စစ်စခန်းမှာထုတ်လုပ်ပါတယ်။ အဲဒီကနေယူလာပြီး ဒီမှာထောင်နေပါပြီ။” လို့ အဲဒီနေရာက အစီအစဉ်တွေကို ဘင်္ဂလားဒေ့ရှ်တပ်မတော်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး အဇစ် အာမက်က သတင်းထောက်တွေကို ပြောပါတယ်။
ခြံစည်းရိုးထောင်ဖို့ ဝိုင်ယာတွေဝယ်ဖို့လည်းလုပ်ထားပြီး အကုန်အပြည့်ပတ်နိုင်ဖို့ အချိန်နည်းနည်းကြာလိမ့်မယ်လို့ EFEသတင်းဌာနကဖော်ပြပါတယ်။
မြန်မာ၊ အိန္ဒိယတို့နဲ့ထိစပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ် ၂၈၇ ကီလိုမီတာအရှည်လမ်းမဖောက်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ပေးထားတယ်လို့လည်း ပြောပါတယ်။
“လမ်းမကတော့ စီစဉ်ဆဲအဆင့်ပဲရှိပါသေးတယ်။ မကြာခင်တော့ ကန်ထရိုက်တာခန့်မှာပါ။” လို့သူကပြောပါတယ်။
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးဖြန့်ကျက်သွားမှာကိုတားနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရည်ရွယ်နေချိန်မှာ ကော့က်စ်ဘဇားမှာ သံဆူးကြိုးခြံစည်းရိုးခတ်ဖို့အစီအစဉ်ကို ကြေညာ လိုက်တာပါ။
စခန်းတွေမှာ တရားဥပဒေစိုးမိုးမှုရှိဖို့နဲ့ လုံခြုံမှုနဲ့ဘေးကင်းဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ညွှန်ကြားချက်အရ စခန်းတွေကို စည်းရိုးခတ်တော့မှာလို့ စက်တင်ဘာ ၂၆ ရက်မှာ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက သတင်းထောက်တွေကိုပြောပါတယ်။
နယူးယောက်အခြေစိုက်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အခုလုပ်ရပ်ကိုဝေဖန်နေပြီး ဒုက္ခသည်တွေရဲ့လွတ်လပ်စွာသွားလာခွင့်ကို ချိုးဖောက်တာလို့ ပြောပါတယ်။
Source- Indo-Asian News Service
Photo- ommcom news
(Zawgyi)
ဘင်္ဂါလီစခန်းတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခြံစည်းရိုးစခတ်
ကော့က်စ်ဘဇားခရိုင်မှာရှိတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေရဲ့စခန်းတွေနားမှာ သံဆူးကြိုးခြံစည်းရိုး တွေစခတ်နေပြီလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာပြောပါတယ်။
“ခြံစည်းရိုးအပြည့်ပတ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ပြင်ဆင်တာပါ။ စခန်းတစ်ခုမှာဆိုရင် တိုင်တွေတောင်ထောင်ပြီးသွားပါပြီ။ ခြံစည်းရိုးတိုင်တွေကို စစ်စခန်းမှာထုတ်လုပ်ပါတယ်။ အဲဒီကနေယူလာပြီး ဒီမှာထောင်နေပါပြီ။” လို့ အဲဒီနေရာက အစီအစဉ်တွေကို ဘင်္ဂလားဒေ့ရှ်တပ်မတော်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး အဇစ် အာမက်က သတင်းထောက်တွေကို ပြောပါတယ်။
ခြံစည်းရိုးထောင်ဖို့ ဝိုင်ယာတွေဝယ်ဖို့လည်းလုပ်ထားပြီး အကုန်အပြည့်ပတ်နိုင်ဖို့ အချိန်နည်းနည်းကြာလိမ့်မယ်လို့ EFEသတင်းဌာနကဖော်ပြပါတယ်။
မြန်မာ၊ အိန္ဒိယတို့နဲ့ထိစပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ် ၂၈၇ ကီလိုမီတာအရှည်လမ်းမဖောက်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ပေးထားတယ်လို့လည်း ပြောပါတယ်။
“လမ်းမကတော့ စီစဉ်ဆဲအဆင့်ပဲရှိပါသေးတယ်။ မကြာခင်တော့ ကန်ထရိုက်တာခန့်မှာပါ။” လို့သူကပြောပါတယ်။
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးျဖန္႔က်က္သြားမွာကိုတားႏိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရည်ရွယ်နေချိန်မှာ ကော့က်စ်ဘဇားမှာ သံဆူးကြိုးခြံစည်းရိုးခတ်ဖို့အစီအစဉ်ကို ကြေညာလိုက်တာပါ။
စခန်းတွေမှာ တရားဥပဒေစိုးမိုးမှုရှိဖို့နဲ့ လုံခြုံမှုနဲ့ဘေးကင်းဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ညွှန်ကြားချက်အရ စခန်းတွေကို စည်းရိုးခတ်တော့မှာလို့ စက်တင်ဘာ ၂၆ ရက်မှာ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
နယူးယောက်အခြေစိုက်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အခုလုပ်ရပ်ကိုဝေဖန်နေပြီး ဒုက္ခသည်တွေရဲ့လွတ်လပ်စွာသွားလာခွင့်ကို ချိုးဖောက်တာလို့ ပြောပါတယ်။
Source- Indo-Asian News Service
#TheFifthWaveNews
Photo- ommcom news
No comments:
Post a Comment