Tuesday, November 26, 2019

မြန်မာနိုင်ငံကို ဘင်္ဂါလီဒုက္ခသည်ပြန်ပို့မည့် ၁+၁+၂ ဖော်မြူလာ တရုတ် သံအမတ် အကြုံပြု


Image may contain: 5 people, indoor

ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာက တရုတ်သံအမတ် လီကျင့်မင်က ဘင်္ဂါလီဒုက္ခသည်များကို မြန်မာနိုင်ငံ ပြန် ပို့ရေး “ ၁+၁+၂ “ ဖော်မြူလာကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂါလီဒုက္ခသည်ရေးရာ နှီးနှောဖလှယ်ပွဲအတွင်း အကြုံပြုခဲ့ပါတယ်။

မြန်မာအစိုးရအပေါ် ဘင်္ဂါလီဒုက္ခသည်တွေအနေနဲ့ ယုံကြည်မှုကင်းမဲ့နေတာကို ဖြေရှင်းဖို့အတွက် အခုဖော် မြူလာကို စဉ်းစားမိခဲ့တာလို့ လီကျင့်မင်က ပြောပါတယ်။ ၁+၁+၂ ဖော်မြူလာအရ ဘင်္ဂါလီဒုက္ခသည်မိသားစုဝင်တွေထဲမှာ ကိုယ်စား လှယ်အနေနဲ့ ရွေးချယ်ပြီး မြန်မာနိုင်ငံကို စေလွှတ်ကာ အခြေအနေကို မိသားစုဝင်တွေကို ပြန်ပြောပြဖို့ဖြစ်ပါတယ်။
အခုလို ဆက်သွယ်မှုပြုလုပ်နိုင်ဖို့ တရုတ်နိုင်ငံ ဖုန်းထောက်ပံ့ကူညီပေးမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မြန်မာ အစိုးရ အနေနဲ့ ကိုယ်စားလှယ်အနေနဲ့ ရောက်လာတဲ့ ဘင်္ဂါလီဒုက္ခသည်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံပေးရမှာဖြစ်တယ်လို့ လီကျင့်မင်က ပြောပါတယ်။
လီကျင့်မင်က မြန်မာနိုင်ငံက တရုတ်ဘာပြောပြောလုပ်တယ်လို့ နိုင်ငံတကာက ပြောဆိုမှုဟာ မမှန်ကန်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံတွေသာဖြစ်ပြီး ၎င်းတို့ရဲ့ ကိစ္စတွေမှာ တရုတ်က ညွှန်ကြားပိုင်ခွင့်မရှိဘူးလို့လည်း လီကျင့်မင်က ပြောပါတယ်။
Ref; bdnews24
(Unicode)
မြန်မာနိုင်ငံကို ဘင်္ဂါလီဒုက္ခသည်ပြန်ပို့မည့် ၁+၁+၂ ဖော်မြူလာ တရုတ် သံအမတ် အကြုံပြု
……………………………………………………………

ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာက တရုတ်သံအမတ် လီကျင့်မင်က ဘင်္ဂါလီဒုက္ခသည်များကို မြန်မာနိုင်ငံ ပြန် ပို့ရေး “ ၁+၁+၂ “ ဖော်မြူလာကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂါလီဒုက္ခသည်ရေးရာ နှီးနှောဖလှယ်ပွဲအတွင်း အကြုံပြုခဲ့ပါတယ်။
မြန်မာအစိုးရအပေါ် ဘင်္ဂါလီဒုက္ခသည်တွေအနေနဲ့ ယုံကြည်မှုကင်းမဲ့နေတာကို ဖြေရှင်းဖို့အတွက် အခုဖော် မြူလာကို စဉ်းစားမိခဲ့တာလို့ လီကျင့်မင်က ပြောပါတယ်။ ၁+၁+၂ ဖော်မြူလာအရ ဘင်္ဂါလီဒုက္ခသည်မိသားစု ဝင်တွေထဲမှာ ကိုယ်စားလှယ်အနေနဲ့ ရွေးချယ်ပြီး မြန်မာနိုင်ငံကို စေလွှတ်ကာ အခြေအနေကို မိသားစုဝင်တွေ ကို ပြန်ပြောပြဖို့ဖြစ်ပါတယ်။
အခုလို ဆက်သွယ်မှုပြုလုပ်နိုင်ဖို့ တရုတ်နိုင်ငံ ဖုန်းထောက်ပံ့ကူညီပေးမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မြန်မာ အစိုးရအနေနဲ့ ကိုယ်စားလှယ်အနေနဲ့ ရောက်လာတဲ့ ဘင်္ဂါလီဒုက္ခသည်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံ ပေးရမှာဖြစ်တယ်လို့ လီကျင့်မင်က ပြောပါတယ်။
လီကျင့်မင်က မြန်မာနိုင်ငံက တရုတ်ဘာပြောပြောလုပ်တယ်လို့ နိုင်ငံတကာက ပြောဆိုမှုဟာ မမှန်ကန်ဘူးလို့ လည်းပြောကြားခဲ့ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံတွေသာဖြစ်ပြီး ၄င်းတို့ရဲ့ ကိစ္စ တွေမှာ တရုတ်က ညွှန်ကြားပိုင်ခွင့်မရှိဘူးလို့လည်း လီကျင့်မင်က ပြောပါတယ်။
Ref; bdnews24
#PeopleMedia #International

No comments:

Post a Comment

My Blog List