Thursday, November 28, 2019

တပ်ကိုယ်စားလှယ် ၄ဦး နှင့် ကြံ့ခိုင်ရေးကိုယ်စားလှယ်ဦးမောင်မြင့်တို့၏ ဆွေးနွေးချက်အချို့ကို လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ကြောင်း လွှတ်တော်နာယက ကြေညာ လွှ‌တ်တော်တွင်း ဆွေးနွေးရာ၌ ပုဂ္ဂိုလ်ရေး ထိခိုက်ပုတ်ခတ်မှုများ မပြုလုပ်ကြရန် လေးလေးနက်နက်သတိပေး



Image may contain: 1 person, text
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်မောင်မောင် တင်ပြထားသော ခြေဥပြင်ရေးဥပေးမူကြမ်းကို လွှတ်တော်တွင်းဆွေးနွေးစဉ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၄ဦး နှင့်ကြံ့ခိုင်ရေးကိုယ်စားလှယ်ဦးမောင်မြင့် တို့၏ ဆွေးနွေးချက်အချို့သည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် လွှတ်တော်မှတ် တမ်းမှ နုတ်ပယ်ကြောင်း နာယကက ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကြေညာလိုက် သည်။

ဗိုလ်မှူးသောင်းထိုက်စိုး၊ဗိုလ်မှူးဇင်မျိုးလတ်၊ ဦးမောင်မြင့်၊ဗိုလ်ကြီးဒေါ်သန်းသန်းဝင်း၊ဗိုလ်ကြီးဒေါ်သဇင်လှိုင်တို့၏ ဆွေးနွေးချက်များထဲမှ ဥပဒေ၊နည်းဥပဒေ၊ပြဌာန်းချက်များနှင့် မညီသည့် စာသားများကို ဖတ်ကြားကာ ကြေညာ ခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးသောင်းထိုက်စိုးက“ ကောင်းနိုးရာရာ၊စမ်းတဝါးဝါး လုပ်နေပြီး မယောင်ရာဆီလူးနေသည်“၊ဗိုလ်မှူးဇင်မျိုးလင်းက “ဘယ်ကို သဝေထိုးနေတာလဲ“၊ဦးမောင်မြင့်က “သွေးရိုးသားရိုး ဟုတ်ရဲ့လား၊စိန်ခေါ်ချင်တာ“၊ဗိုလ်ကြီးဒေါ်သန်းသန်းဝင်းက “အချိန်ဆွဲနေတာလား“၊ဗိုလ်ကြီးဒေါ်သဇင်လှိုင်က “ဥပဒေနှင့်မညီဘူး“စသည်ဖြင့် အသီးသီး ပြောဆိုဆွေးနွေးခဲ့ကာ လွှတ်တော်နာယကကိုပင် စွပ်စွဲပြောဆိုပုတ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း စသည်ဖြင့် ပြည်ထောင်စု လွှတ်တော်နာယကက လွှတ်တော်ကို အသေးစိတ်ရှင်းပြခဲ့သည်။
ထိုသို့သော သတိပေးမှုများမတိုင်ခင် လွှတ်တော်နာယကသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သတ်ပြီး ဥပဒေ၊နည်းဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း ရှင်းပြပြီး“ပြောလို့ရတိုင်းပြောလို့မသင့်တဲ့ ပြောလို့မကောင်းတဲ့ အသုံး အနှုန်းတွေ အတွက်လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေရှိတာကြောင့် တစ်ဦးချင်းလိုက်နာစောင့်ထိန်းကြဖို့လိုပါတယ်။ လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်ကို မှန်မှန်ကန်ကန်စည်းကမ်းရှိရှိ အသုံးချပြီး တာဝန်ကျေပွန်ကြရန်တိုက်တွန်းပါတယ်။ လွှတ်တော်မှာ အပြန်အလှန်လေးစားမှုနဲ့ ပြုမှုပြောဆိုဆောင်ရွက်စေလိုပါတယ်“ဟု သတိပေးစကား ပြောကြား ခဲ့သေးသည်။
ယင်းအပြင် မိမိသည် အဆင့်ဆင့်ရွေးချယ်တင်မြှောက်ခံရပြီး လွှတ်တော်နာယက ဖြစ်လာသူဖြစ်ပြီး လွှတ်တော်ဆိုင်ရာ ဥပဒေနည်းဥပဒေများနှင့်အညီဆောင်ရွက်နေကြောင်း၊သက်ဆိုင်ရာမဲဆန္ဒနယ်က ရွေးချယ်တင်မြှောက်ခံရသူဖြစ်ကြောင်းနှင့် လွှတ်တော်နာယက တစ်ယောက်ကို တာဝန်မကျေဟု ယူဆပါက တာဝန်မှ ရုတ်သိမ်းနိုင်သည့် ဥပဒေများလည်း ပြဌာန်းထားပြီးဖြစ်ကြောင်း စသည်တို့ကို ပြောဆိုခဲ့သေးသည်။
Image may contain: 4 people, text 
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List