Thursday, November 28, 2019

ဗိုလ်မှူးချုပ်မောင်မောင်၏ ခြေဥပြင်ရေးဥပဒေမူကြမ်းကို ၄၅ဦးကော်မတီ၏ ဥပဒေမူကြမ်းတို့နှင့် တစ်ပြိုင်နက် တည်း ယှဉ်တွဲ၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ်တင်သွင်းရန် လွှတ်တော် ဆုံးဖြတ် ယင်ဥပဒေမူကြမ်းက ပုဒ်မ၅၉ (စ)ပါ ကန့်သတ်ချက်ကို သမ္မတအပြင် ဝန်ကြီး၊ဝန်ကြီးချုပ်တွေပါ ထည့်သွင်းကန့်သတ်ရန် တပ်မတော်ကြိုးပမ်းသည့် ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်းတစ်ရပ်ဖြစ်


No photo description available.

ဗိုလ်မှူးချုပ်မောင်မောင်ပါ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၄၄)ဦး လက်မှတ်ရေးထိုး တင်ပြလာသည့် ခြေဥပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က ယနေ့ မဲခွဲဆုံးဖြတ်ရာတွင် ပူးပေါင်းကော်မတီဝင်အများစု၏ သဘောထားမှတ်ချက်ဖြစ်သော ၄၅ဦးကော်မတီ၏ ဥပဒေမူကြမ်းတို့နှင့် တစ်ပြိုင်နက် တည်း ယှဉ်တွဲ၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ် တင်သွင်းမည်ဆိုသည့် သဘောထားမှတ်ချက်ကို ကိုယ်စားလှယ် ၃၆၂ဦးက ထောက်ခံခဲ့ကြ သည်။

ကန့်ကွက်သူ ၁၉၂ဦးရှိခဲ့သော်လည်း ထောက်ခံသူများသဖြင့် ဗိုလ်မှူးချုပ်မောင်မောင်၏ ခြေဥပြင်ရေးဥပဒေမူကြမ်းကို ၄၅ဦးကော်မတီ၏ ဥပဒေမူကြမ်းတို့နှင့် တစ်ပြိုင်နက်တည်း ယှဉ်တွဲ၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ် လွှတ်တော်သို့ တင်သွင်းရန် ဆုံးဖြတ်လိုက်ကြသည်။
ယခုမဲခွဲ ဆုံးဖြတ်မှုသည် ဗိုလ်မှူးချုပ်မောင်မောင်၏ ဥပဒေမူကြမ်းကို ဆက်တင်မည်လော၊သို့တည်းမဟုတ် လွှတ်တော်က ဖွဲ့စည်းထားသော ပူးပေါင်းကော်မတီ၏ ဥပဒေမူကြမ်းနှင့်အတူ ယှဉ်တွဲ တင်မည်လော ဆိုသည့် နှစ်ခုတည်းက ၁ခုကို မဲခွဲ ရွေးချယ်ကြခြင်းဖြစ်သည်။
အစပထမပိုင်းမှာပင် ယင်းဥပဒေမူကြမ်းကို လေ့လာစီစစ်ရေးပူးပေါင်းကော်မတီဝင်အများစုက လွှတ်တော်က ဖွဲ့စည်းထားသော ပူးပေါင်းကော်မတီ၏ ဥပဒေမူကြမ်းနှင့်အတူ ယှဉ်တွဲ တင်သင့်ကြောင်း သဘောထားမှတ်ချက်ရှိသော် လည်း လေ့လာစီစစ်ရေးပူးပေါင်းကော်မတီဝင် ဦးစတီဖန်၊ဒေါ်နန်းနီနီအေး၊ဗိုလ်မှူးချုပ်မောင်မောင်၊ဗိုလ်မှူးချုပ်တင့်လွင် တို့က လွှတ်တော်တွင်ဆက်လက်ဆွေးနွေးသင့်ကြောင်းအကြံပြုထားခဲ့၍ ဆွေးနွေးပြီး မဲခွဲကြခြင်းလည်းဖြစ်သည်။
ဗိုလ်မှူးချုပ်မောင်မောင် ဦးဆောင်တင်သည့် ခြေဥပြင်ဆင်ရေးမူကြမ်းသည် ပုဒ်မ၅၉ (စ)ပါ ကန့်သတ်ချက်ကို သမ္မတအပြင် ဝန်ကြီး၊ဝန်ကြီးချုပ်တွေပါ ထည့်သွင်းကန့်သတ်ရန် ကြိုးပမ်းသည့် ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်းဖြစ်သည်။
မူကြမ်းကိုဆွေးနွေးကြစဉ် တပ်မတော်သားကိုယ်စားလှယ်အချို့ကအမျိုးစစ်မှ အမျိုးချစ်မည်ဆိုသော ပြောဆိုဆွေးနွေး ချက်များ၊ပြည်ပမှ သြဇာအာဏာ လွှမ်းမိုးလာမည်ကို စိုးရိမ်နေသည်ဆိုသော ဆွေးနွေးချက်များ ၊အစိုးရအဖွဲ့အစည်းများ မှတဆင့် ပြည်ပ သြဇာအာဏာစိမ့်ဝင် လွှမ်းမိုးလာမည်ကို စိုးရိမ်ကြောင်းထည့်သွင်းဆွေးနွေးသွားသကဲ့သို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အချို့သည်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊နည်းဥပဒေများကို ကျော်လွန်ဆွေးနွေးသွား ခဲ့သည်ကို တွေ့ရသည်။
ထို့ကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၄ဦး၏ ဆွေးနွေးချက်အချို့ကို လွှတ်တော်မှတ်တမ်းမှ နုတ်ပယ် ခံခဲ့ရသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List