Thursday, November 28, 2019

မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံတော်ကပေးအပ်ထားသည့် အဆောင်အယောင်များ မသုံးရန် ပိတ်ပင်ထားခြင်းမရှိဟုဆို


Image may contain: 1 person, sitting
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် မဲဆွယ်စည်းရုံးရေး ကာလတွင် နိုင်ငံတော်က ပေးအပ်ထား သည့် အဆောင်အယောင်များ အသုံးပြုခွင့်မရှိဟု ဥပဒေအရ ပိတ်ပင်ထားခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေး ဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လာမည့်ရွေးကောက်ပွဲ၌ သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ရှိ ရရှိထားသည့် အသုံးအဆောင်များကို အသုံး ပြုကာ မဲဆွယ်စည်းရုံးခွင့် ရှိ၊ မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ၎င်းက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀( ဌ) တွင် နိုင်ငံတော်၏ ငွေကြေး ၊ပစ္စည်း၊မြေ တစ်စုံတစ်ရာကိုတရားဝင်ပိုင်ဆိုင် သုံးစွဲခွင့်ရရှိထားပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

"နိုင်ငံတော်သမ္မတတို့ ၊ နိုင်ငံတော်အတိုင်ပင်ခံတို့ကို ပေးအပ်ချီးမြှင့်ထားတဲ့ မော်တော်ကားပေါ့။ ဒါ သူတို့အတွက် လုံခြုံရေးအတွက် နိုင်ငံတော်ကနေ စီစဉ်ပေးထားတာ။ ဆိုတဲ့အခါကျတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စီစဉ်ထားတဲ့ကိစ္စကို ဒါကို ဥပဒေအရ မလုပ်ရဘူးလို့ တားမြစ်ထားတာ မရှိပါဘူး။ တခြားကားကိုသာ ပြောင်းစီးရမယ်လို့။ ဒါနိုင်ငံတော်ရဲ့ လုံခြုံရေး၊ နိုင်ငံတော်က စီမံပေးထားတာ။ အဲဒီတော့ သမ္မတနဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့ လုံခြုံရေးအတွက် ဒီကားတွေနဲ့ပဲ သူတို့သွားရမယ်။ ဒီလူတွေနဲ့ စောင့်ရှောက်ရမယ်။ ဥပဒေက ပြဋ္ဌာန်းထားတဲ့အခါကျတော့ ဒါတွေကို မသုံးရဘူးလို့ ပိတ်ပင်ထားတာ မရှိပါဘူး"ဟု ဦးမြင့်နိုင်က ပြောဆိုသည်။

ထို့ကြောင့် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်း၊ နေအိမ်၊ အဆောက်အအုံ၊ ယာဉ်များကိုနိုင်ငံ့အကျိုးအတွက် ဆောင်ရွက်သကဲ့သို့ တရားဝင်ရရှိထားသူများအနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သတင်း - မင်းမင်းထွန်း
(Unicode Version)
မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံတော်ကပေးအပ်ထားသည့် အဆောင်အယောင်များ မသုံးရန် ပိတ်ပင်ထားခြင်းမရှိဟုဆို

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် မဲဆွယ်စည်းရုံးရေး ကာလတွင် နိုင်ငံတော်က ပေးအပ်ထားသည့် အဆောင်အယောင်များ အသုံးပြုခွင့်မရှိဟု ဥပဒေအရ ပိတ်ပင်ထားခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေး ဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြား သည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လာမည့်ရွေးကောက်ပွဲ၌ သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ရှိ ရရှိထားသည့် အသုံးအဆောင်များကို အသုံး ပြုကာ မဲဆွယ်စည်းရုံးခွင့် ရှိ၊ မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ၎င်းက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀( ဌ) တွင် နိုင်ငံတော်၏ ငွေကြေး ၊ပစ္စည်း၊မြေ တစ်စုံတစ်ရာကိုတရားဝင်ပိုင်ဆိုင် သုံးစွဲခွင့်ရရှိထားပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

"နိုင်ငံတော်သမ္မတတို့ ၊ နိုင်ငံတော်အတိုင်ပင်ခံတို့ကို ပေးအပ်ချီးမြှင့်ထားတဲ့ မော်တော်ကားပေါ့။ ဒါ သူတို့အတွက် လုံခြုံရေးအတွက် နိုင်ငံတော်ကနေ စီစဉ်ပေးထားတာ။ ဆိုတဲ့အခါကျတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စီစဉ်ထားတဲ့ကိစ္စကို ဒါကို ဥပဒေအရ မလုပ်ရဘူးလို့ တားမြစ်ထားတာ မရှိပါဘူး။ တခြားကားကိုသာ ပြောင်းစီးရမယ်လို့။ ဒါနိုင်ငံတော်ရဲ့ လုံခြုံရေး၊ နိုင်ငံတော်က စီမံပေးထားတာ။ အဲဒီတော့ သမ္မတနဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့ လုံခြုံရေးအတွက် ဒီကားတွေနဲ့ပဲ သူတို့သွားရမယ်။ ဒီလူတွေနဲ့ စောင့်ရှောက်ရမယ်။ ဥပဒေက ပြဋ္ဌာန်းထားတဲ့အခါကျတော့ ဒါတွေကို မသုံးရဘူးလို့ ပိတ်ပင်ထားတာ မရှိပါဘူး"ဟု ဦးမြင့်နိုင်က ပြောဆိုသည်။

ထို့ကြောင့် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်း၊ နေအိမ်၊ အဆောက်အအုံ၊ ယာဉ်များကိုနိုင်ငံ့အကျိုးအတွက် ဆောင်ရွက်သကဲ့သို့ တရားဝင်ရရှိထားသူများအနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သတင်း - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List