Monday, November 25, 2019

မီဒီယာ၊ အနုပညာရှင်များနှင့် ပြည်သူကိုလွှမ်းမိုးနိုင်စွမ်းရှိသူတို့သည် ငြိမ်းချမ်းရေးမြှင့်တင်ရေးနှင့် ပြဿနာများဖြေရှင်းရေးတွင် ပိုမို အရေးပါလာဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား



ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့သို့ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာ၊ အနုပညာရှင်များနှင့် ပြည်သူကိုလွှမ်းမိုးနိုင်စွမ်းရှိသူတို့သည် ငြိမ်းချမ်းရေးမြှင့်တင်ရေးနှင့် ပြဿနာများဖြေရှင်းရေးတွင် ပိုမို အရေးပါလာကြောင်း ပြောကြားသည်။

ယနေ့ နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်က ဘူဆန်မြို့ BEXCO Exhibition Centre II ၌ ကျင်းပပြုလုပ်သည့် ASEAN-ROK Culture Innovation Summit တွင် ဒေါ်အောင်ဆန်းစုကြည်က “Growing with Art” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ပြောကြားခဲ့သည်။
“ယနေ့ မိမိတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ နေရာအနှံ့စိမ့်ဝင်ပျံ့နှံ့နေတဲ့ သဘောသဘာဝ ရှိတဲ့အတွက် လူမှုအဖွဲ့အစည်းတရပ်လုံး ဘက်စုံမှ ချဉ်းကပ်အဖြေရှာရေးဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အစိုးရအသီးသီးအနေနဲ့လည်း လူမှုအဖွဲ့အစည်းများနဲ့ လုပ်ငန်းများရဲ့ ပိုမို ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီပံ့ပိုးမှုများ လိုအပ်လျက်ရှိပါတယ်။ မီဒီယာ၊ အနုပညာရှင်များနဲ့ ပြည်သူကိုလွှမ်းမိုးနိုင်စွမ်းရှိသူတို့ရဲ့ နူးညံ့သိမ်မွေ့တဲ့ စွမ်းအားတိုးတက်လာတာနဲ့အမျှ ယဉ်ကျေးမှုနဲ့ တီထွင်ဆန်းသစ်မှု လုပ်ငန်း နယ်ပယ်များဟာ ငြိမ်းချမ်းရေးမြှင့်တင်ရေးနဲ့ ပြဿနာများဖြေရှင်းရေးမှာ ပိုမို အရေးပါလာပါတယ်”ဟု ၎င်းက ပြောကြားသည်။
မြန်မာ့ရုပ်ရှင်သည် ဒေသတွင်းနိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တောက်ပသောအနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့အကြား အနုပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ စတင်နေခြင်းကို တွေ့မြင်ရတဲ့အတွက် မိမိအနေနဲ့ များစွာအားရကျေနပ်မိပါတယ်။ မြန်မာ့ရုပ်ရှင်လုပ်ငန်းဟာ ၎င်းရဲ့ရွှေခေတ်ကာလမှာ အရှေ့တောင်အာရှမှာ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ လာမယ်နှစ်မှာဆိုရင် မြန်မာရုပ်ရှင်ဟာ နှစ် ၁၀၀ ပြည့်မြောက်မှာဖြစ်တဲ့အတွက် မြန်မာ့ရုပ်ရှင်လုပ်ငန်းအနေနဲ့ တောက်ပတဲ့အနာဂတ်ကိုဖန်တီးရာမှာ ဒေသတွင်းနိုင်ငံများနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်မှုမှတဆင့် အတိတ်ရဲ့အောင်မြင်မှုများအပေါ် တည်ဆောက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာ၊ ထိုင်းနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆိုတော်များဖြင့်ဖွဲ့စည်းထားသော ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ “Rose Quartz” သည် ဂီတနှင့်ပေါင်းစည်းထားသော ချစ်ခင်ရင်းနှီးမှု၏ ပြယုဂ်တခုဖြစ်ကြောင်း၊ K-Pop နဲ့အလားတူ ဖွဲ့စည်းထားတဲ့ မြန်မာအမျိုးသားလေးများ၏ ဂီတအဖွဲ့ဖြစ်သည့် Project K သည် မြန်မာလူငယ်များအကြားမှာ လူကြိုက်များ ထင်ရှားရုံသာမက၊ မိမိအနေဖြင့်လည်း ၎င်းအဖွဲ့ကို နှစ်ခြိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားရာတွင် ယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပင်ကိုယ်စွမ်းရည်နှင့် နည်းပညာသည် မောင်းနှင်အားတခုဖြစ်ကြောင်း၊ ယဉ်ကျေးမှုကဏ္ဍသည် အခြားလုပ်ငန်များနှင့်မတူ ထူးခြားပြီး ယဉ်ကျေးမှုကဏ္ဍ၌ တီထွင်မှုနှင့် ဆန်းသစ်မှုသည် အဓိကကျပြီး ပင်ကိုစွမ်းရည်နှင့် ကျွမ်းကျင်မှုသည် ယဉ်ကျေးမှုလုပ်ငန်း၏ အသက်သွေးကြောင်ပင်ဖြစ်ကြောင်း ပြောကြားသည်။
“ယဉ်ကျေးမှု လုပ်ငန်းများဟာဆိုရင် ကမ္ဘာတဝန်းမှာ ယဉ်ကျေးမှုဖလှယ်ခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ မျှမျှတတ ဆောင်ရွက်နိုင်ဖို့အတွက် အရေးပါတဲ့အနေအထားမှာရှိပြီး၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှုများအကြား အပြန်အလှန်လေးစားမှုကို ဖြစ်ထွန်းစေကာ ငြိမ်းချမ်းစွာနေထိုင်တဲ့ အလေ့အကျင့်များကို ထွန်းကားစေပါတယ်။ ယနေ့ မိမိတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ နေရာအနှံ့စိမ့်ဝင်ပျံ့နှံ့နေတဲ့ သဘောသဘာဝ ရှိတဲ့အတွက် လူမှုအဖွဲ့အစည်းတရပ်လုံး ဘက်စုံမှ ချဉ်းကပ်အဖြေရှာရေးဟာ မရှိမဖြစ်လိုအပ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဘူဆန်မြို့တွင်ရောက်ရှိနေခြင်းဖြစ်သည်။
Image may contain: 2 people, screen 
Image may contain: 13 people, people sitting and indoor 
Image may contain: 9 people, people smiling, people standing 
မီဒီယာ၊ အနုပညာရှင်များနှင့် ပြည်သူကိုလွှမ်းမိုးနိုင်စွမ်းရှိသူတို့သည် ငြိမ်းချမ်းရေးမြှင့်တင်ရေးနှင့် ပြဿနာများဖြေရှင်းရေးတွင် ပိုမို အရေးပါလာဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
------ ------ ------ ----- -----

ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့သို့ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာ၊ အနုပညာရှင်များနှင့် ပြည်သူကိုလွှမ်းမိုးနိုင်စွမ်းရှိသူတို့သည် ငြိမ်းချမ်းရေးမြှင့်တင်ရေးနှင့် ပြဿနာများဖြေရှင်းရေးတွင် ပိုမို အရေးပါလာကြောင်း ပြောကြားသည်။
ယနေ့ နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်က ဘူဆန်မြို့ BEXCO Exhibition Centre II ၌ ကျင်းပပြုလုပ်သည့် ASEAN-ROK Culture Innovation Summit တွင် ဒေါ်အောင်ဆန်းစုကြည်က “Growing with Art” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ပြောကြားခဲ့သည်။
“ယနေ့ မိမိတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ နေရာအနှံ့စိမ့်ဝင်ပျံ့နှံ့နေတဲ့ သဘောသဘာဝ ရှိတဲ့အတွက် လူမှုအဖွဲ့အစည်းတရပ်လုံး ဘက်စုံမှ ချဉ်းကပ်အဖြေရှာရေးဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အစိုးရအသီးသီးအနေနဲ့လည်း လူမှုအဖွဲ့အစည်းများနဲ့ လုပ်ငန်းများရဲ့ ပိုမို ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီပံ့ပိုးမှုများ လိုအပ်လျက်ရှိပါတယ်။ မီဒီယာ၊ အနုပညာရှင်များနဲ့ ပြည်သူကိုလွှမ်းမိုးနိုင်စွမ်းရှိသူတို့ရဲ့ နူးညံ့သိမ်မွေ့တဲ့ စွမ်းအားတိုးတက်လာတာနဲ့အမျှ ယဉ်ကျေးမှုနဲ့ တီထွင်ဆန်းသစ်မှု လုပ်ငန်း နယ်ပယ်များဟာ ငြိမ်းချမ်းရေးမြှင့်တင်ရေးနဲ့ ပြဿနာများဖြေရှင်းရေးမှာ ပိုမို အရေးပါလာပါတယ်”ဟု ၎င်းက ပြောကြားသည်။
မြန်မာ့ရုပ်ရှင်သည် ဒေသတွင်းနိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တောက်ပသောအနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့အကြား အနုပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ စတင်နေခြင်းကို တွေ့မြင်ရတဲ့အတွက် မိမိအနေနဲ့ များစွာအားရကျေနပ်မိပါတယ်။ မြန်မာ့ရုပ်ရှင်လုပ်ငန်းဟာ ၎င်းရဲ့ရွှေခေတ်ကာလမှာ အရှေ့တောင်အာရှမှာ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ လာမယ်နှစ်မှာဆိုရင် မြန်မာရုပ်ရှင်ဟာ နှစ် ၁၀၀ ပြည့်မြောက်မှာဖြစ်တဲ့အတွက် မြန်မာ့ရုပ်ရှင်လုပ်ငန်းအနေနဲ့ တောက်ပတဲ့အနာဂတ်ကိုဖန်တီးရာမှာ ဒေသတွင်းနိုင်ငံများနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်မှုမှတဆင့် အတိတ်ရဲ့အောင်မြင်မှုများအပေါ် တည်ဆောက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာ၊ ထိုင်းနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆိုတော်များဖြင့်ဖွဲ့စည်းထားသော ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ “Rose Quartz” သည် ဂီတနှင့်ပေါင်းစည်းထားသော ချစ်ခင်ရင်းနှီးမှု၏ ပြယုဂ်တခုဖြစ်ကြောင်း၊ K-Pop နဲ့အလားတူ ဖွဲ့စည်းထားတဲ့ မြန်မာအမျိုးသားလေးများ၏ ဂီတအဖွဲ့ဖြစ်သည့် Project K သည် မြန်မာလူငယ်များအကြားမှာ လူကြိုက်များ ထင်ရှားရုံသာမက၊ မိမိအနေဖြင့်လည်း ၎င်းအဖွဲ့ကို နှစ်ခြိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားရာတွင် ယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပင်ကိုယ်စွမ်းရည်နှင့် နည်းပညာသည် မောင်းနှင်အားတခုဖြစ်ကြောင်း၊ ယဉ်ကျေးမှုကဏ္ဍသည် အခြားလုပ်ငန်များနှင့်မတူ ထူးခြားပြီး ယဉ်ကျေးမှုကဏ္ဍ၌ တီထွင်မှုနှင့် ဆန်းသစ်မှုသည် အဓိကကျပြီး ပင်ကိုစွမ်းရည်နှင့် ကျွမ်းကျင်မှုသည် ယဉ်ကျေးမှုလုပ်ငန်း၏ အသက်သွေးကြောင်ပင်ဖြစ်ကြောင်း ပြောကြားသည်။
“ယဉ်ကျေးမှု လုပ်ငန်းများဟာဆိုရင် ကမ္ဘာတဝန်းမှာ ယဉ်ကျေးမှုဖလှယ်ခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ မျှမျှတတ ဆောင်ရွက်နိုင်ဖို့အတွက် အရေးပါတဲ့အနေအထားမှာရှိပြီး၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှုများအကြား အပြန်အလှန်လေးစားမှုကို ဖြစ်ထွန်းစေကာ ငြိမ်းချမ်းစွာနေထိုင်တဲ့ အလေ့အကျင့်များကို ထွန်းကားစေပါတယ်။ ယနေ့ မိမိတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ နေရာအနှံ့စိမ့်ဝင်ပျံ့နှံ့နေတဲ့ သဘောသဘာဝ ရှိတဲ့အတွက် လူမှုအဖွဲ့အစည်းတရပ်လုံး ဘက်စုံမှ ချဉ်းကပ်အဖြေရှာရေးဟာ မရှိမဖြစ်လိုအပ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဘူဆန်မြို့တွင်ရောက်ရှိနေခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List