Tuesday, November 26, 2019

ခြေဥပြင်ရေးဥပဒေကြမ်းအား တပ်ကိုယ်စားလှယ်တစ်ဦးမှ ဆွေးနွေးစဉ် နာယကကိုပါ စွပ်စွဲပုတ်ခတ်မှုများ ပြုလုပ်ခဲ့


Image may contain: 2 people, text
ခြေဥပြင်ရေးဥပဒေကြမ်းအား တပ်ကိုယ်စားလှယ်တစ်ဦးယနေ့ ဆွေးနွေးစဉ် နာယကကိုပါ စွပ်စွဲပုတ်ခတ်မှုများ ပြုလုပ်ခဲ့၍ နာယက က သတိပေးစကားပြောခဲ့ရသည်။
လွှတ်တော်နာယက က ၎င်းအနေဖြင့် လွှတ်တော်ကို ကြီးကြပ်ရန်တာဝန်ရှိသည့်အတွက်ယခု သတိပေးစကားဆိုကြောင်းပြောသည်။

ကိုယ်စားလှယ်အချို့သည် ဆွေးနွေးပိုင်ခွင့်ထက်ကျော်လွန်နေပြီး ၎င်းကိုယ်ပင် စွပ်စွဲပုတ်ခတ်ပြောဆိုနေခြင်းများတွေ့နေရကြောင်း၊ထို့ကြောင့် သတိပေးကြောင်း၊လွှတ်တော်ကိုယ်စားလှယ်များသည် ကိုယ်စားလှယ်၏ ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ပြောဆိုကြရန် သတိပေးကြောင်း စသည်ဖြင့် လွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးစကားဆိုခဲ့သည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်ကြီးဒေါ်သဇင်လှိုင် ၏ ပြောဆိုဆွေးနွေးချက်အပြီး၊နောက်ထပ်ဆွေးနွေးမှုမစခင် အထက်ပါစကားကို ပြေကြားခဲ့ခြင်းဖြစ်ကာ၊ဗိုလ်ကြီးဒေါ်သဇင်လှိုင်၏ ပြောကြားမှုအပေါ် ရည်ညွှန်းကြောင်း ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုကြသည်။

ဗိုလ်ကြီးဒေါ်သဇင်လှိုင်က ဗိုလ်မှူးချုပ်မောင်မောင် တင်သည့် ခြေဥပြင်ရေးမူကြမ်းကို လွှတ်တော်က စီစစ်၊ပြီးလျှင် သဘောထားမှတ်ချက်ပြု၊လွှတ်တော်က လက်ခံ၊ဆွေးနွေး၊ဆုံးဖြတ် စသည်ဖြင့် လမ်းကြောင်းမှန်သွားရမည်ဟု ပြောပြီး၊ယခုထိုသို့မဟုတ်ဘဲ “မလိုအပ်ဘဲ ဆွေးနွေးနေရတာက ပြည်သူလူထုနဲ့လွှတ်တော်အတွက် အချိန်တွေ အလာဟဿ ဖြစ်နေတာ နှမြောဖို့ကောင်းလှပါတယ်“ဟု ပြောကာ နာယက ကို ဥပဒေ မလိုက်နာသည့် သဘော ပြောဆိုဆွေးနွေးမှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ဗိုလ်မှူးချုပ်မောင်မောင်အပါအဝင် ကိုယ်စားလှယ်များ တင်ပြထားသည့် ခြေဥပြင်ရေးဥပဒေမူကြမ်းများကို အခန်း၁၂ပါ ပြဌာန်းချက်အတိုင်းဆောင်ရွက်ရမည်ကို ဥပဒေပညာရှင်လည်းဖြစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာအောင် အစမှအဆုံးတိုင် ပါဝင်ဆောင်ရွက်ခဲ့ သူလည်းဖြစ်ခဲ့သည့်နာယကကြီးအနေဖြင့် သိရှိပြီးဖြစ်သော်လည်း ဥပဒေပါ ပြဌာန်းချက်များအရ လုပ်ပေးသင့်လုပ်ပေးထိုက်လုပ်ပေးရမည်ကို လားရာပြောင်းပြီးနေသည့်အတွက် မလိုလားအပ်သည့် နှောင့်နှေးကြန့်ကြာမှုများဖြစ်နေရကြောင်း သူမက နာယကကို ဝေဖန်စကားဆိုသည်။

“အားမလိုအားမရ ဖြစ်မိတဲ့အတွက် နာယကကြီးအနေနဲ့ စဉ်းစားဆောင်ရွက်သင့်ကြောင်းထောက်ပြပါတယ်“ဟု ဗိုလ်ကြီးဒေါ်သဇင်လှိုင်က ပြောဆိုခဲ့သည်။

ယင်းအပြင် ဗိုလ်ကြီးဒေါ်သဇင်လှိုင်က ၄၅ဦးကော်မတီ၏ ဆောင်ရွက်ချက်မှာ “နားရွက်ကို ပါတ်ကိုင်နေလိုဖြစ်မနေဘူးလား“ဆိုသည့် ဝေဖန်စကားနှင့်အတူ “၄၅ဦးကော်မတီ၏ လုပ်ဆောင်ချက်က ဥပဒေနဲ့ မညီဘူးဆိုတာကို ထပ်ခါထပ်ခါပြောပြီးရင်း ပြောနေရတယ်“ဆိုသည့်စကားအပြင် နာယကနှင့်ကိုယ်စားလှယ်များ သမိုင်းမှတ်တမ်းဝင်သွားလိမ့်မည် ဆိုသော အစရှိသော ဝေဖန်မှုများကိုပါ ပြုလုပ်ခဲ့သည်။

“ကျွန်မကို အဆိုးမြင်တဲ့ အမြင်တွေ နဲ့ မြင်နေကြမှာ သိပါတယ်“ဟု ဗိုလ်ကြီးဒေါ်သဇင်လှိုင်က ပြောသည်။

“ ကန့်ကွက်နေတာက ဖွဲ့စည်းပုံပြင်ဆင်ခြင်းကို ကန့်ကွက်နေတာမဟုတ်ပါဘူး။ထပ်ပြောပါ့မယ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို ကန့်ကွက်တာ လုံးဝမဟုတ်ဘဲ ပြင်ဆင်ဖို့ဆောင်ရွက်နေကြတဲ့ ကော်မတီရဲ့ ဆောင်ရွက်ချက်တွေဟာ သတ်မှတ်ဥပဒေ လုပ်ငန်းစဉ်များနဲ့ မညီတဲ့ ဆောင်ရွက်မှုတွေချည်းဖြစ်နေလို့ ကန့်ကွက်ခဲ့ခြင်းဖြစ်တယ်ဆိုတာကိုလည်း ပြောပြီးရင်းပြောပြန် ပြောနေရပါတယ်“ဟု သူမက ဆက်ပြောသည်။

၎င်းအနေဖြင့် ထိုသို့ထောက်ပြနေရခြင်းက တိုင်းရင်းသားပြည်သူလူထုအတွက် အလေးထားရင်း ထောက်ပြဆွေးနွေးနေရခြင်းဖြစ်ကြောင်းလည်း သူမက လွှတ်တော်ကို ရှင်းပြခဲ့သေးသည်ကိုလည်း တွေ့ရသည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List