Monday, November 25, 2019

ဟောင်ကောင်ဒေသရွေးကောက်ပွဲ ဒီမိုကရေစီအမတ်တွေသောင်ပြိုကမ်းပြိုအနိုင်ရ၊ ဘာပဲဖြစ်ဖြစ် တရုတ်နယ်မြေတစိတ်တပိုင်းပဲလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော


Image may contain: 1 person, standing and text
ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ကောင်စီဝင်လောင်းတွေက ဟောင်ကောင်ခရိုင်ကောင်စီရွေးကောက်ပွဲတွေမှာ သိသိသာသာအများစုအနိုင်ရခဲ့ပြီး သောင်ပြိုကမ်းပြိုနေရာတွေအနိုင်ရခဲ့ပါတယ်။

ရှားရှားပါးပါးအုံကြွမှုတွေတည်ငြိမ်ခဲ့တဲ့ရုံးပိတ်ရက်မှာ လူ ၇. ၄ သန်းရှိတဲ့ဟောင်ကောင်ရဲ့ဒီမိုကရေစီလိုလားတဲ့ ကောင်စီဝင်လောင်းတွေက ခရိုင်ကောင်စီဝင်နေရာ ၄၅၂ နေရာမှာ ပထမဆုံးအနေနဲ့ တစ်ဝက်ကျော်အနိုင်ရခဲ့ပါတယ်။
ဒီနေ့မနက် ၉ နာရီလောက်အထိဆိုရင် ခရိုင်ကောင်စီ ၁၈ ခုမှာ ဒီမိုကရေစီကောင်စီဝင်တွေက ၁၇ နေရာအနိုင်ရထားပြီး ကောင်စီဝင်နေရာ ၂၇၈ နေရာကျော်အနိုင်ရထားပါတယ်။
အဲဒီခရိုင်တွေအားလုံးဟာ ၂၀၁၅ ဟောင်ကောင်ခရိုင်ကောင်စီရွေးကောက်ပွဲတွေအပြီးမှာ တရုတ်ပြည်မကြီးအစိုးရကိုထောက်ခံတဲ့ကောင်စီဝင်တွေအနိုင်ရခဲ့တာပါ။
ကောင်စီဝင်လောင်း ၁၁၀၄ ယောက်က ကောင်စီဝင်နေရာ ၄၅၂ နေရာအတွက် ယှဉ်ပြိုင်ခဲ့တာပါ။
မဲပေးခွင့်ရှိတဲ့ဒေသခံ ၄.၁၃ သန်းထဲက ၇၁ ရာခိုင်နှုန်းမဲလာပေးခဲ့ပြီး ဒါဟာ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို ဗြိတိန်က တရုတ်ပြည်မကြီးဆီ ပြန်လွှဲပြောင်းပေးခဲ့တဲ့နောက်ပိုင်း စံချိန်တင်မဲပေးသူအရေအတွက်ဖြစ်ပါတယ်။
တရုတ်ပြည်မကြီးဆီတရားခံလွှဲပြောင်းပေးရေးဥပဒေကို ဆန့်ကျင်ကြောင်းဖော်ပြရာကနေ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေအသွင်ပြောင်းလာခဲ့တဲ့ဟောင်ကောင်က ဆန္ဒပြပွဲတွေ ၆ လ လောက်ကြာလာချိန်မှာ အခုရွေးကောက်ပွဲရလဒ်တွေအရ ဒေသခံတွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကိုထောက်ခံတယ်ဆိုတာ ဖော်ပြလိုက်တာပါ။
ရွေးကောက်ပွဲရလဒ်တွေက အစောပိုင်းရလဒ်တွေပဲဖြစ်နေပါသေးတယ်။
နောက်ဆုံးရလဒ်တွေမဟုတ်သေးတဲ့အချိန်မှာ ဘာပဲဖြစ်နေသည်ဖြစ်စေ ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးရဲ့တစိတ်တပိုင်းဖြစ်ပြီးတော့ တရုတ်ပြည်မကြီးရဲ့အထူးအုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တယ်လို့ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်ရှင်ဇို အာဘဲနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက် သတင်းထောက်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပြောပါတယ်။
ဟောင်ကောင်အခြေအနေရှုပ်ထွေးသွားစေဖို့၊ တည်ငြိမ်မှုနဲ့အကျိုးစီးပွားတွေကိုထိခိုက်ဖို့ လုပ်ရပ်တွေအောင်မြင်မှာမဟုတ်ဘူးလို့လည်း ဝမ်ယီကပြောပါတယ်။
Image may contain: one or more people and outdoor 
Image may contain: 4 people, text 
Image may contain: 2 people, people standing, crowd, night and outdoor 
Image may contain: 7 people 
Source-AFP, Reuters
Photo-Hong Kong Free Press

_______________________________________
(Zawgyi)
ဟောင်ကောင်ဒေသရွေးကောက်ပွဲ ဒီမိုကရေစီအမတ်တွေသောင်ပြိုကမ်းပြိုအနိုင်ရ၊ ဘာပဲဖြစ်ဖြစ် တရုတ်နယ်မြေ တစိတ်တပိုင်းပဲလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
ႏို၀င္ဘာ ၂၅
နိုင်ငံတကာသတင်း

ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ကောင်စီဝင်လောင်းတွေက ဟောင်ကောင်ခရိုင်ကောင်စီရွေးကောက်ပွဲတွေမှာ သိသိသာသာအများစုအနိုင်ရခဲ့ပြီး သောင်ပြိုကမ်းပြိုနေရာတွေအနိုင်ရခဲ့ပါတယ်။
ရှားရှားပါးပါးအုံကြွမှုတွေတည်ငြိမ်ခဲ့တဲ့ရုံးပိတ်ရက်မှာ လူ ၇. ၄ သန်းရှိတဲ့ဟောင်ကောင်ရဲ့ဒီမိုကရေစီလိုလားတဲ့ ကောင်စီဝင် လောင်းတွေက ခရိုင်ကောင်စီဝင်နေရာ ၄၅၂ နေရာမှာ ပထမဆုံးအနေနဲ့ တစ်ဝက်ကျော်အနိုင်ရခဲ့ပါတယ်။
ဒီနေ့မနက် ၉ နာရီလောက်အထိဆိုရင် ခရိုင်ကောင်စီ ၁၈ ခုမှာ ဒီမိုကရေစီကောင်စီဝင်တွေက ၁၇ နေရာအနိုင်ရထားပြီး ကောင်စီဝင်နေရာ ၂၇၈ နေရာကျော်အနိုင်ရထားပါတယ်။
အဲဒီခရိုင်တွေအားလုံးဟာ ၂၀၁၅ ဟောင်ကောင်ခရိုင်ကောင်စီရွေးကောက်ပွဲတွေအပြီးမှာ တရုတ်ပြည်မကြီးအစိုးရကို ထောက်ခံတဲ့ကောင်စီဝင်တွေအနိုင်ရခဲ့တာပါ။
ကောင်စီဝင်လောင်း ၁၁၀၄ ယောက်က ကောင်စီဝင်နေရာ ၄၅၂ နေရာအတွက် ယှဉ်ပြိုင်ခဲ့တာပါ။
မဲပေးခွင့်ရှိတဲ့ဒေသခံ ၄.၁၃ သန်းထဲက ၇၁ ရာခိုင်နှုန်းမဲလာပေးခဲ့ပြီး ဒါဟာ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို ဗြိတိန်က တရုတ်ပြည်မကြီးဆီ ပြန်လွှဲပြောင်းပေးခဲ့တဲ့နောက်ပိုင်း စံချိန်တင်မဲပေးသူအရေအတွက်ဖြစ်ပါတယ်။
တရုတ်ပြည်မကြီးဆီတရားခံလွှဲပြောင်းပေးရေးဥပဒေကို ဆန့်ကျင်ကြောင်းဖော်ပြရာကနေ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအသွင်ပြောင်းလာခဲ့တဲ့ဟောင်ကောင်က ဆန္ဒပြပွဲတွေ ၆ လ လောက်ကြာလာချိန်မှာ အခုရွေးကောက်ပွဲ ရလဒ်တွေအရ ဒေသခံတွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကိုထောက်ခံတယ်ဆိုတာ ဖော်ပြလိုက်တာပါ။
ရွေးကောက်ပွဲရလဒ်တွေက အစောပိုင်းရလဒ်တွေပဲဖြစ်နေပါသေးတယ်။
နောက်ဆုံးရလဒ်တွေမဟုတ်သေးတဲ့အချိန်မှာ ဘာပဲဖြစ်နေသည်ဖြစ်စေ ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးရဲ့ တစိတ်တပိုင်းဖြစ်ပြီးတော့ တရုတ်ပြည်မကြီးရဲ့အထူးအုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တယ်လို့ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်ရှင်ဇို အာဘဲနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက် သတင်းထောက်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပြောပါတယ်။
ဟောင်ကောင်အခြေအနေရှုပ်ထွေးသွားစေဖို့၊ တည်ငြိမ်မှုနဲ့အကျိုးစီးပွားတွေကိုထိခိုက်ဖို့ လုပ်ရပ်တ ွေအောင်မြင်မှာမဟုတ်ဘူးလို့လည်း ဝမ်ယီကပြောပါတယ်။
Source-AFP, Reuters
#TheFifthWaveNews
Photo-Hong Kong Free Press

No comments:

Post a Comment

My Blog List