Monday, November 25, 2019

သုံ့ပန်းလဲလှယ်ဖို့ AA ထပ်မံကမ်းလှမ်း

အမှုဖွင့်၊ တရားစွဲခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးမယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ဒီနေ့ ပြောလိုက်ပါတယ်။

ဖမ်းမိထားသူ တစ်ယောက်ချင်းစီရဲ့ ဓာတ်ပုံ၊ အမည်၊ ရာထူးတို့ကို ထုတ်ပြန်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ တိုက်ပွဲမှာ တပ်မ ၇၇ က အရာရှိငယ် နှစ်ဦးအပါအဝင် တပ်မတော်သား ၁၃ ဦးတို့ကို AA က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သူတို့ကို အုပ်စုလိုက် ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပါတယ်။
တပ်မတော်ကတော့ ၁၃ ဦး အဖမ်းခံလိုက်ရတယ်ဆိုတဲ့ဖြစ်ရပ် ငြင်းဆိုထားပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း အမြန်ရေယာဉ်တစ်စီးကို AA အဖွဲ့က ရပ်တန့်စေပြီး ဖမ်းခေါ်သွားတဲ့ တပ်မတော်သားနဲ့ ရဲတချို့လည်း AA ရဲ့ လက်ထဲမှာ ရှိနေပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ စစ်သုံ့ပန်းဆိုတဲ့ အဓိပ္ပာယ်ဟာ စစ်ယှဉ်ပြိုင်တိုက်ခိုက်ရင်းနဲ့ ဖမ်းဆီးခံရသူတွေကို သတ်မှတ်ပြီး အခုလို ရေယာဉ်ကို ရပ်ခိုင်းပြီးတော့ သာမန်ခရီးသွားနေသူတွေ ဖမ်းဆီးသွားတာကို စစ်သုံ့ပန်းလို့ ခေါ်နိုင်မလားဆိုတာ စဉ်းစားရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း AA ကမ်းလှမ်းတဲ့ သုံ့ပန်းလဲလှယ်ရေးအစီအစဉ်ကို လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
(Unicode)

သုံ့ပန်းလဲလှယ်ဖို့ AA ထပ်မံကမ်းလှမ်း
~~~~~~~~~~

(Zawgyi)
Photo: Arakan Army

No comments:

Post a Comment

My Blog List