Monday, November 25, 2019

ရန်ကုန်-မန္တလေးကားလမ်းကြီးဆုံမှတ်နေရာတွင် လက်ကားစျေး အကောင်အထည်ဖော်နေ


Image may contain: outdoorImage may contain: one or more people and outdoor
တစ်နိုင်ငံလုံးနှင့်ကုန်သွယ်နိုင်ရန် ရန်ကုန်-မန္တလေးကားလမ်းကြီးဆုံမှတ်နေရာတွင် လက်ကားစျေးတစ်ခု အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြောင့် ကုန်စည်စီးဆင်းမှုသည် ယခင်ထက်ပိုများလာနိုင်ကာ ဖြစ်ပေါ်လာမည့်ယာဉ်ကြောကျပ်တည်းမှုကို ကြိုတင်ဆောင်ရွက်သည့်အနေဖြင့် ရန်ကုန်-မန္တလေးကားလမ်းမကြီးဆုံရာနေရာဖြစ်သည့် ကလိကျေးရွာတွင် နိုင်ငံတကာအဆင့်မီလက်ကားစျေးကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“လေဆိပ်စီမံကိန်းစတင်ဆောင်ရွက်ပြီဆိုရင် ကုန်စည်စီးဆင်းမှုကလည်း များလာမယ်။ လူဦးရေကလည်း များလာမယ်။ လေဆိပ်စီမံကိန်းကြောင့် အခုတောင် အိမ်ခြံမြေစျေးတွေကတက်နေတာ။ လူဦးရေဗတွကလည်း များလာနိုင်တယ်။ ဒါကြောင့် စျေးသစ်ခုက မဖြစ်မနေလုပ်ဖို့ လိုအပ်လာတယ်။ လုပ်ချင်တဲ့ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီးတော့ နောက်ဆုံး Grand Style ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေတယ်။ သူက လက်ရှိမှာလည်း အဆင့်မြင့်စျေးတွေ၊ စျေးဝယ်စင်တာတွေကို တည်ဆောက်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ ဒီစျေးတည်ဆောက်ပြီးစီးသွားရင် တစ်နိုင်ငံလုံးနဲ့ ကုန်စည်စီးဆင်းမှုပြုလုပ်နိုင်မှာဖြစ်ပါတယ်”ဟု ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပဲခူးမြို့ကလိကျေးရွာအနီးတွင် ရန်ကုန်-မန္တလေးကားလမ်းနှင့်မြို့ရှောင်လမ်းထောင့်တွင် လက်ကားစျေးသစ်ကို ၁၈ လနှင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပြီးစီးပါက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် အထက်မြန်မာပြည်နှင့် ကုန်သွယ်မှု ပြုလုပ်နိုင်ကြောင်း သိရသည်။
ယင်းအပြင် သီလဝါဆိပ်ကမ်းနှင့်ချိတ်ဆက်နိုင်ရန်အတွက်လမ်းဖောက်လုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

<<< Unicode Version >>>
ရန်ကုန်-မန္တလေးကားလမ်းကြီးဆုံမှတ်နေရာတွင် လက်ကားဈေး အကောင်အထည်ဖော်နေ
-------- စုသက်နှင်း ( အကုန်သိ သတင်းဌာန ) -------
တစ်နိုင်ငံလုံးနှင့်ကုန်သွယ်နိုင်ရန် ရန်ကုန်-မန္တလေးကားလမ်းကြီးဆုံမှတ်နေရာတွင် လက်ကားဈေးတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြောင့် ကုန်စည်စီးဆင်းမှုသည် ယခင်ထက်ပိုများလာနိုင်ကာ ဖြစ်ပေါ်လာမည့်ယာဉ်ကြောကျပ်တည်းမှုကို ကြိုတင်ဆောင်ရွက်သည့်အနေဖြင့် ရန်ကုန်-မန္တလေးကားလမ်းမကြီးဆုံရာနေရာဖြစ်သည့် ကလိကျေးရွာတွင် နိုင်ငံတကာအဆင့်မီလက်ကားဈေးကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“လေဆိပ်စီမံကိန်းစတင်ဆောင်ရွက်ပြီဆိုရင် ကုန်စည်စီးဆင်းမှုကလည်း များလာမယ်။ လူဦးရေကလည်း များလာမယ်။ လေဆိပ်စီမံကိန်းကြောင့် အခုတောင် အိမ်ခြံမြေဈေးတွေကတက်နေတာ။ လူဦးရေဗတွကလည်း များလာနိုင်တယ်။ ဒါကြောင့် ဈေးသစ်ခုက မဖြစ်မနေလုပ်ဖို့ လိုအပ်လာတယ်။ လုပ်ချင်တဲ့ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီးတော့ နောက်ဆုံး Grand Style ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေတယ်။ သူက လက်ရှိမှာလည်း အဆင့်မြင့်ဈေးတွေ၊ ဈေးဝယ်စင်တာတွေကို တည်ဆောက်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ ဒီဈေးတည်ဆောက်ပြီးစီးသွားရင် တစ်နိုင်ငံလုံးနဲ့ ကုန်စည်စီးဆင်းမှုပြုလုပ်နိုင်မှာဖြစ်ပါတယ်”ဟု ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပဲခူးမြို့ကလိကျေးရွာအနီးတွင် ရန်ကုန်-မန္တလေးကားလမ်းနှင့်မြို့ရှောင်လမ်းထောင့်တွင် လက်ကားဈေးသစ်ကို ၁၈ လနှင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပြီးစီးပါက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် အထက်မြန်မာပြည်နှင့် ကုန်သွယ်မှု ပြုလုပ်နိုင်ကြောင်း သိရသည်။
ယင်းအပြင် သီလဝါဆိပ်ကမ်းနှင့်ချိတ်ဆက်နိုင်ရန်အတွက်လမ်းဖောက်လုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment

My Blog List