Tuesday, November 26, 2019

AA အဖွဲ့ဖမ်းဆီးထားသော တံတားအင်ဂျင်နီယာနှင့်ကျွမ်းကျင်လုပ်သားတို့လွတ်မြောက်ရေးကြိုးပမ်းပေးရန် ဆောက်လုပ်ရေးဒုဝန်ကြီး တောင်းဆို


Image may contain: 3 people, people sitting
AA လက်နက်ကိုင်အဖွဲ့ဖမ်းဆီးထားသော တံတားအင်ဂျင်နီယာနှင့်ကျွမ်းကျင်လုပ်သားတို့လွတ်မြောက်ရေး ကြိုးပမ်းပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းကတောင်းဆိုလိုက်သည်။

နိုဝင်ဘာလ (၂၅)ရက်ကကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ တွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ဝန်ကြီးဌာနက ဝန်ထမ်းတွေအနေနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ကြိုးပမ်းဆောင်ရွက်နေ ပါတယ်။ သူတို့ကို အဲဒီကတာဝန်ပြီးရင် မင်းတို့ကြိုက်တဲ့နေရာကို ပြောင်းပေးမယ်လို့ပြောပြီး တာဝန်ပေးထားရပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေထဲက ၂ ယောက်ကတော့ အခုထိလည်းပြန်မလွတ်သေးပါဘူး။ တာဝန်ထမ်းဆောင်နေရင်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ကြရပါတယ်။ အဲဒီဝန်ထမ်းနှစ်ယောက်ပြန်လည်လွတ်မြောက်ဖို့ တာဝန်ရှိသူများအနေနဲ့ဝိုင်းဝန်းကြိုး ပမ်းပေးပါလို့ ပြောကြားလိုပါတယ်။”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းကပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ ကျွမ်းကျင်လုပ်သား ကိုတင်မင်းထိုက်နှင့် တံတားအင်ဂျင်နီယာ ကိုကျော်ဇင်ထွန်းတို့ဖြစ်ပြီး၊ ကိုတင် မင်းထိုက်မှာ ပြီးခဲ့သည့် စက်တင်ဘာလက ရသေ့တောင်မြို့နယ်၌ ကျောက်ချောလမ်းခင်းနေစဉ် လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ကိုကျော်ဇင်ထွန်းမှာ ရွှေနဒီအမြန်ရေယာဉ်ဖမ်းဆီးခံရမှုတွင်ပါဝင်သူဖြစ်ကြောင်း သိရသည်။
AA အဖွဲ့အနေဖြင့် အရပ်သားများအပြင် ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကိုလည်း ဖမ်းဆီးထားပြီး ယနေ့အချိန်အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးပေ။
ထက်ဝေလင်း(အကုန်သိသတင်းဌာန) 
(Unicode)
AA အဖွဲ့ဖမ်းဆီးထားသော တံတားအင်ဂျင်နီယာနှင့်ကျွမ်းကျင်လုပ်သားတို့လွတ်မြောက်ရေးကြိုးပမ်းပေးရန် ဆောက်လုပ်ရေးဒုဝန်ကြီး တောင်းဆို


AA လက်နက်ကိုင်အဖွဲ့ဖမ်းဆီးထားသော တံတားအင်ဂျင်နီယာနှင့်ကျွမ်းကျင်လုပ်သားတို့လွတ်မြောက်ရေး ကြိုးပမ်းပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းကတောင်းဆိုလိုက်သည်။
နိုဝင်ဘာလ (၂၅)ရက်ကကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ တွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ဝန်ကြီးဌာနက ဝန်ထမ်းတွေအနေနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ကြိုးပမ်းဆောင်ရွက် နေပါတယ်။ သူတို့ကို အဲဒီကတာဝန်ပြီးရင် မင်းတို့ကြိုက်တဲ့နေရာကို ပြောင်းပေးမယ်လို့ပြောပြီး တာဝန်ပေးထားရပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေထဲက ၂ ယောက်ကတော့ အခုထိလည်းပြန်မလွတ်သေးပါဘူး။ တာဝန်ထမ်းဆောင်နေရင်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ကြရပါတယ်။ အဲဒီဝန်ထမ်းနှစ်ယောက်ပြန်လည်လွတ်မြောက်ဖို့ တာဝန်ရှိသူများအနေနဲ့ ဝိုင်းဝန်း ကြိုးပမ်းပေးပါလို့ ပြောကြားလိုပါတယ်။”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းကပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ ကျွမ်းကျင်လုပ်သား ကိုတင်မင်းထိုက်နှင့် တံတားအင်ဂျင်နီယာ ကိုကျော်ဇင်ထွန်းတို့ဖြစ်ပြီး၊ကို တင်မင်းထိုက်မှာ ပြီးခဲ့သည့် စက်တင်ဘာလက ရသေ့တောင်မြို့နယ်၌ ကျောက်ချောလမ်းခင်းနေစဉ် လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ကိုကျော်ဇင်ထွန်းမှာ ရွှေနဒီအမြန်ရေယာဉ်ဖမ်းဆီးခံရမှုတွင်ပါဝင်သူဖြစ်ကြောင်း သိရသည်။
AA အဖွဲ့အနေဖြင့် အရပ်သားများအပြင် ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကိုလည်း ဖမ်းဆီးထားပြီး ယနေ့အချိန်အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးပေ။

ထက်ဝေလင်း(အကုန်သိသတင်းဌာန)  

No comments:

Post a Comment

My Blog List