Monday, November 25, 2019

ICJ ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံ ဘက်မှ ရပ်တည်ထောက်ခံပွဲ မန္တလေးတွင် ပြုလုပ်မည်


မန္တလေးမြို့တွင် ICJ ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံဘက်မှ ရပ်တည်ထောက်ခံပွဲပြုလုပ်သွားမည်ဖြစ်ပြီး ယင်းထောက်ခံပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လည်ပိုင်းက ဗြဟ္မာစိုရ်လူမှုကူညီရေးအသင်းရုံးတွင် ပြုလုပ်ခဲ့သည် ။
အဆိုပါ အစည်းအဝေးသို့ မန္တလေးမြိုု့ခံများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး ဒီဇင်ဘာ(၁၀)ရက်နေ့ နံနက် (၁၀) နာရီ (၁၀) မိနစ်အချိန်တွင် မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည် ။

``ဒီပွဲဟာ ကျွန်တော်တို့ NLD က ဦးဆောင်မယ့်ပွဲမဟုတ်ပါဘူး။ တိုင်းရင်းသားပေါင်းစုံနဲ့ ဆိုင်တဲ့ ပြည်ထောင်စု တစ်ခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ။ ကျွန်တော်တို့ ခေါင်းဆောင်တင်မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်ထောင်စုကြီးအတွက် အားလုံး တစ်ညီတစ်ညွှတ်တည်းဆိုတာကို ပြသဖို့လိုတယ်။ နိုင်ငံတကာသိအောင်လုပ်တာပါ။´´ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး က ပြောသည် ။

အဆိုပါထောက်ခံပွဲကို ရဟန်းရှင်လူပြည်သူများ နှင့် အစိုးရဝန်ထမ်းများအပါအဝင် အင်အား(၃)သိန်းကျော် ပါဝင်လာအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည် ။

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စား ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်နှင့် ICJ ၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းတရားစွဲဆိုထားမှုကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ကြားနာမှုများ ပြုလုပ်၍ ဒီဇင်ဘာလ ၁၀၊ ၁၁၊ ၁၂ ရက် များတွင် ထွက်ဆိုချက်ပေးခြင်းများကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည် ။

(Zawgyi)

ICJ ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံ ဘက်မှ ရပ်တည်ထောက်ခံပွဲ မန္တလေးတွင် ပြုလုပ်မည်

မန္တလေးမြို့တွင် ICJ ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံ ဘက်မှ ရပ်တည်ထောက်ခံပွဲပြုလုပ်သွားမည်ဖြစ်ပြီး ယင်းထောက်ခံပွဲ ကျင်းပနိုင်ေရးအစည်း အဝေးကို နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လည်ပိုင်းက ဗြဟ္မာစိုရ်လူမှုကူညီရေးအသင်းရုံးတွင်ပြုလုပ် ခဲ့သည် ။

အဆိုပါ အစည်းအဝေးသို့ မန္တလေးမြို့ခံများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး ဒီဇင်ဘာ(၁၀)ရက်နေ့ နံနက် (၁၀) နာရီ (၁၀) မိနစ်အချိန်တွင် မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည် ။

``ဒီပွဲဟာ ကျွန်တော်တို့ NLD က ဦးဆောင်မယ့်ပွဲမဟုတ်ပါဘူး။ တိုင်းရင်းသားပေါင်းစုံနဲ့ ဆိုင်တဲ့ ပြည်ထောင်စု တစ်ခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ။ ကျွန်တော်တို့ ခေါင်းဆောင်တင်မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်ထောင်စုကြီးအတွက် အားလုံး တစ်ညီတစ်ညွှတ်တည်း ဆိုတာကို ပြသဖို့ လိုတယ်။ နိုင်ငံတကာသိအောင် လုပ်တာပါ။´´ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး က ပြောသည် ။

အဆိုပါထောက်ခံပွဲကို ရဟန်းရှင်လူပြည်သူများ နှင့် အစိုးရဝန်ထမ်းများအပါအဝင် အင်အား(၃)သိန်းကျော် ပါဝင်လာအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည် ။

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ အပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်နှင့် ICJ ၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းတရားစွဲဆိုထားမှုကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ကြားနာမှုများ ပြုလုပ်၍ ဒီဇင်ဘာလ ၁၀၊ ၁၁၊ ၁၂ ရက် များတွင် ထွက်ဆိုချက်ပေးခြင်းများကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည် ။

No comments:

Post a Comment

My Blog List