Friday, November 22, 2019

မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှု လက်မခံဟု ရုရှားသံအမတ်ပြော


Image may contain: 1 person
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် အရေးယူမှုဒဏ်ခတ်မှုများကို လက်မခံကြောင်း မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး Mr.Dr Nikolay Listopadov ကပြောဆိုလိုက်သည်။
“မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ ရှုပ်ထွေးတဲ့ ပြသနာတွေ အခက်အခဲ စိန်ခေါ်မှုတွေကို မြန်မြန်ဖြေရှင်းနိုင်ဖို့ ရုရှားနိုင်ငံ က နိုင်ငံတကာ ဇာတ်ခုံမှာ အကူအညီပေးပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူမှု၊ ဒဏ်ခတ်မှု၊ ရှုတ်ချမှု အဲ့ဒါကို ကျွန်တော်တို့ လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒဏ်ခတ်မှု အရေးယူမှုဆိုရင် အပြုသဘောမဆောင်ဘူး”ဟု Mr.Dr Nikolay Listopadov ကပြောသည်။
ယနေ့ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ တွင် ကျင်းပပြုလုပ်သည့် UMFCCI ၏ နှစ် ၁၀၀ ပြည့်နှစ် အခမ်းအနားသို့ တက်ရောက်စဉ် သံအမတ်ကြီးက သတင်းမီဒီယာများမေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွက် အကူအညီများပေးပြီး ကောင်းသည့် အကြံဉာဏ်များလည်းပေးသွားမည် ဖြစ်ကြောင်း Mr.Dr Nikolay Listopadov ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း မြန်မာနိုင်ငံ၏အကျိုးစီးပွားကို အကောင်းဆုံး ကာကွယ်နိုင်မည်ဟု ခိုင်ခိုင်မာမာယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr .Dr Nikolay Listopadov ကပြောကြား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်တိုင်းကိုယ့်ဘာသာကိုတကယ်သွားပြီး မြန်မာအကျိုးစီးပွားကို ရောကာကွယ်ဖို့ ဆုံးဖြတ် ချက် ချခဲပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကအင်မတန်ရဲရင့်တဲ့ အင်မတန်သတ္တိရှိတဲ့ဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒေါ် အောင်ဆန်းစုကြည်ရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ကထောက်ခံပါတယ်။ ကျွန်တော်ချီး ကျူး ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ကောင်းကောင်းကာကွယ်နိုင်မယ်လို့ ကျွန် တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။” ဟု ရုရှားသံအမတ်ကြီးကပြောသည်။
ထိုသို့ တရားစွဲဆိုချက်ကို တုန့်ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေ ပညာရှင် ရှေ့နေကြိးများအား ငှားရမ်းထားကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ အကျိုးစီးပွားကို ကာကွယ်ရန် နယ်သာလန်နိုင်ငံ၊ The Hague မြို့သို့စေလွှတ်မည့် အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုသည် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ဦးဆောင်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

(Zawgyi)
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှု လက်မခံဟု ရုရှားသံအမတ်ပြော

ယဉ်ကေနွယ်

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ သည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားကြောင်း သိရသည်။
မြန်မာနိုင်ငံအပေါ် အရေးယူမှုဒဏ်ခတ်မှုများကို လက်မခံကြောင်း မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး Mr.Dr Nikolay Listopadov ကပြောဆိုလိုက်သည်။
“မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ ရှုပ်ထွေးတဲ့ ပြသနာတွေ အခက်အခဲ စိန်ခေါ်မှုတွေကို မြန်မြန်ဖြေရှင်းနိုင်ဖို့ ရုရှားနိုင်ငံ က နိုင်ငံတကာ ဇာတ်ခုံမှာ အကူအညီပေးပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူမှု၊ ဒဏ်ခတ်မှု၊ ရှုတ်ချမှု အဲ့ဒါကို ကျွန်တော်တို့ လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒဏ်ခတ်မှု အရေးယူမှုဆိုရင် အပြုသဘောမဆောင်ဘူး”ဟု Mr.Dr Nikolay Listopadov ကပြောသည်။
ယနေ့ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ တွင် ကျင်းပပြုလုပ်သည့် UMFCCI ၏ နှစ် ၁၀၀ ပြည့်နှစ် အခမ်းအနားသို့ တက်ရောက်စဉ် သံအမတ်ကြီးက သတင်းမီဒီယာများမေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ ၎င်း တို့ အနေဖြင့် မြန်မာနိုင်ငံအတွက် အကူအညီများပေးပြီး ကောင်းသည့် အကြံဉာဏ်များလည်းပေးသွားမည်ဖြစ်ကြောင်း Mr.Dr Nikolay Listopadov ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း မြန်မာနိုင်ငံ၏အကျိုးစီးပွားကို အကောင်းဆုံး ကာကွယ်နိုင်မည်ဟု ခိုင်ခိုင်မာမာယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr .Dr Nikolay Listopadov ကပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်း စုကြည်က ကိုယ့် တိုင်းကိုယ့်ဘာသာကိုတကယ်သွားပြီး မြန်မာအကျိုးစီးပွားကို ရောကာကွယ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကအင်မတန်ရဲရင့်တဲ့ အင်မတန်သတ္တိရှိတဲ့ဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒေါ် အောင်ဆန်းစုကြည်ရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ကထောက်ခံပါတယ်။ ကျွန်တော်ချီး ကျူး ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ကောင်းကောင်းကာကွယ်နိုင်မယ်လို့ ကျွန် တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။” ဟု ရုရှားသံအမတ်ကြီးကပြောသည်။
ထိုသို့ တရားစွဲဆိုချက်ကို တုန့်ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေ ပညာရှင် ရှေ့နေကြိးများအား ငှားရမ်းထားကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ အကျိုးစီးပွားကို ကာကွယ်ရန် နယ်သာလန်နိုင်ငံ၊ The Hague မြို့သို့စေလွှတ်မည့် အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုသည် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ဦးဆောင်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List