ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများ အတွင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလွှမ်းမိုးမှု သဘာဝ ဘေးဒဏ်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ အဆိုးရွားဆုံး ခံစားခဲ့ရသည်။
အစိုးရ အနေဖြင့် ထိုဒေသများ ပြန်လည်ထူထောင်ရေးအတွက် စီမံကိန်းချ ဆောင်ရွက်နေမှု၊ သုံးစွဲမည့် ဘဏ္ဍာရေး ပမာဏ၊ လက်ခံရရှိထားသော ပြည်တွင်းပြည်ပ အကူအညီများနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် လည်း ဖြစ်ပြီး၊ အမျိုးသား သဘာဝ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီတွင် အတွင်းရေးမှူး လည်း ဖြစ်သူ ဦးစိုးအောင်အား ဧရာဝတီမှ သတင်းထောက် မေစိုးစံက တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြ လိုက်ပါသည်။
မေး။ ။ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဖွဲ့စည်း ဆောင်ရွက်နေပါလဲ။
ဖြေ။ ။ အမျိုးသား သဘာဝ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ၂၀၀၅ ခုနှစ်ထဲက ဖွဲ့စည်းထား တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဥက္ကဌက ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၊ ဒုဥက္ကဌ နှစ်ဦးမှာ တဦးက ပြည်ထဲ ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်ပြီး နောက်တယောက်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာ ချထားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဖြစ်ပါတယ်။ ကျန်ဆက်စပ်တဲ့ ပြည်ထောင်စု ၀န်ကြီးတွေ နောက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အစိုးရ အဖွဲ့ဝန်ကြီးတွေကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။ ဒီကော်မတီက သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီ အနေနဲ့ ဖွဲ့စည်းခဲ့တယ်။
မေး။` ။ ရေဘေးပြန်လည် ထူထောင်ရေးအတွက် စီမံချက်ချ ဆောင်ရွက်ပေးနေတဲ့ အစီအစဉ်တွေရှိရင် ပြောပြပေးပါ။
ဖြေ။ ။ မြန်မာနိုင်ငံ တနံတလျားမှာ ဖြစ်နေတဲ့ ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေနဲ့ ပတ်သက်လို့ ရေဘေးသင့် ခန့်မှန်းလူဦးရေ ၁ ဒသမ ၆ သန်းလောက် ရှိတယ်။ ဒါကို ပြန်လည်ထူထောင်ဖို့ လုပ်ငန်းစဉ် ၈ ရပ်နဲ့ အသက်မွေးဝမ်းကြောင်းကို ဘယ်လို ပြန်လည် ထူထောင်ပေးမလဲ။ အလုပ်အကိုင် အခွင့်အလမ်းကို ဘယ်လို ရှာဖွေပေးရမလဲ။ အခုဆိုရင် လယ်မြေတွေ ပျက်ဆီးသွားတဲ့ လယ်သမားတွေကို နိုင်ငံတော်ကနေ စိုက်ပျိုးစရိတ်တွေ မျိုးစပါးတွေ ပြန်လည်ထုတ်ပေးနေတဲ့ အနေအထားမျိုးတွေလည်း ရှိတယ်။ တကယ်လို့ မျိုးစပါးကို မမှီတော့ဘူးဆိုရင် ရာသီသီးနှံတွေ စိုက်ပျိုးနိုင်ဖို့ စီစဉ်ပေးတယ်။
တချို့ဆိုရင်လည်း သူတို့ရဲ့ တပိုင်တနိုင် စီးပွားရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် လုပ်ပေးဖို့ အစီအစဉ် ရှိပါတယ်။ ဥပမာ ဆံသ လုပ်ငန်း၊ ကုန်စုံဆိုင် လုပ်ငန်း ဒါတွေကိုလည်း ငွေကြေးထောက်ပံ့မှု အနေနဲ့ လုပ်နေတဲ့အခါမှာ ပြည်သူတွေရဲ့ လိုအပ်ချက်က အရေးအကြီးဆုံးပါပဲ။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်မှာ ပြန်လည်ထူထောင်ရေးအတွက် ဘာတွေလုပ်ရမယ် ဆွေးနွေးခဲ့ကြတယ်။ လူမှုဝန်ထမ်း ဦးစီးဌာနကလည်း သူတို့ အသက်မွေးဝမ်းကြောင်း ဘာတွေ လုပ်ရမလဲ အရောင်းအ၀ယ်လုပ် နိုင်ဖို့ စက်ချုပ်နိုင်ဖို့ မုန့်လုပ်ငန်းတွေ တပိုင်တနိုင်လုပ်နိုင်ဖို့ စသည့်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးနေကြ တယ်။
အိုးအိမ်ပိုင်းမှာဆိုရင် သူတို့ရဲ့ အိုးအိမ်တွေကို ပြန်လည် တည်ဆောက်ပေးမယ်၊ လက်ရှိနေရာမှာ နေထိုင် လို့ မရတော့တဲ့ အပိုင်းဆိုရင် နေရာတွေ ရွှေ့ပြောင်းရမယ်။ ဟားခါးတို့မှာ နေရာတွေ ရွှေ့ပြောင်းထား ပြီးတော့မှ ဘူမိဗေဒပ ညာရှင်များနဲ့ နောက်ထပ် ဒီလိုမျိုး အန္တရာယ်နဲ့ မကြုံနိုင်တဲ့ နေရာမျိုးမှာ နေရာချ ထားပေးဖို့ စီစဉ်နေကြတယ်။ ပညာရေးမှာ တချို့ကျောင်းတွေလည်း ပျက်စီးသွားတဲ့အတွက် ဒါတွေအတွက် လည်း ပြင်ဆင်ဆောင်ရွက်ပေးဖို့ လုပ်နေတယ်။ နောက် ရေနဲ့ သန့်ရှင်းရေးအတွက်လည်း တကိုယ်ရည် သန့်ရှင်းရေး ကျန်းမာရေး အတွက်ကို ယင်လုံအိမ်သာတွေ စီစဉ်ပေးနေတယ်။
နောက်တခုက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒါက ရေရှည်ဆောင်ရွက်ရမယ့်ကိစ္စပါ။ လက်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ သစ်တောတွေ ပြုံးတီးနေတာကို သစ်တောတွေ ပြန်လည်ထူထောင်ဖို့ ကမ်းပါးတွေ ပြိုပျက်မှုဆိုရင် မြေထိန်တွ ပြန်လုပ်ပေးရမယ်။
မေး။ ။ ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပက လှုဒါန်းကူညီတဲ့ကြ ငွေတွေကို ဘယ်လိုအသုံးပြုဖို့ စီစဉ်ထားပါလဲ။
ဖြေ။ ။ ကဏ္ဍအလိုက် ငွေလှုဒါန်းတာတွေမှာလည်း ပြည်တွင်းပြည်ပရော နိုင်ငံတကာကရော ထောက် ပံ့ လှူဒါန်းပေး နေကြတယ်။ ထောက်ပံ့ငွေကို လောလောဆယ်မှာ တခြားလုပ်ငန်းတွေမှာ မသုံးဘဲနဲ့ ထူ ထောင်ရေး လုပ်ငန်းတွေမှာ သီးသန့်ကို ချန်လပ်ထားပါတယ်။ ဒီငွေတွေနဲ့ပဲ ပြည်သူတွေအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ဆက်ဆောင်ရွက်သွားမှာပါ။
မေး။ ။ နောက်ဆုံး ကောက်ယူရရှိထားတဲ့ အချိန်အထိ ရေဘေးမှာ ဆုံးရှုံးမှု ပမာဏဘယ်လောက် ရှိပါပြီလဲ။ ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပ လှုဒါန်းမှုများကနေ ငွေကြေးပမာဏ ဘယ် လောက် ရရှိထားပါပြီလဲ။
ဖြေ။ ။ ရေဘေးမှာ ဆုံးရှုံးမှု ပမာဏက ၁၆၅ ဘီလီယံ ခန့်မှန်းထားတယ်။ ယနေ့အထိ ရရှိထားတဲ့ ပြည်တွင်းပြည်ပ အကူအညီက ကျပ်သိန်းပေါင်း ၂၆,၀၀၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၂ သိန်းကျော် (၁.၂ မီလီယံ)၊ နောက် ထိုင်းဘတ်က ၁၆၀,၀၀၀၊ ယူရိုက ၄၂၀၊ ရင်းဂစ်က ၂၀၀၀၊ ယွမ်က ၉,၆၀၀ ရရှိ ထားပါတယ်။ အဲဒါက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနမှာ လာလှူဒါန်းတာတွေပါ။ နောက် ပြည်နယ် တိုင်းဒေသကြီး အစိုးရ အဖွဲ့တွေမှာ လှုဒါန်းထားတွေလည်း ရှိပါသေးတယ်။
ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုအနေဖြင့် ချင်းပြည်နယ်၂၈၂၂၁ ဒသမ ၁၇သန်း၊ ရခိုင်ပြည်နယ် ၄၈၅၀၉ ဒသမ ၅၁ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၃၅၅၅၂ ဒသမ ၂၀ သန်း၊မကွေးတိုင်းဒေသကြီး ၃၇၀၁၈ ဒသမ ၅၁သန်း၊ဧရာဝတီတိုင်းဒေသကြီးတွင် ၂၄၆၀၉ ဒသမ ၄၈သန်းရှိပါတယ်လို့ ခန့်မှန်းထားတယ်။ ဒီအချက် အလက်တွေက အစိုးရရော ပြည်သူတွေရောရဲ့ ဆုံးရှုံးမှုတွေ။ အစိုးရဘက်က လမ်း တံတား ကျောင်း ဆေးရုံတွေပါတယ်။ အဲဒီထဲကမှ ပြည်သူတွေရဲ့ ဆုံးရှုံးမှုကို ပြန်ခွဲထုတ်ရပြီး သူတို့ကို မူလအခြေအနေ တိုင်းရောက်အောင်ပြန်လုပ်ပေးရမယ်။ အစိုးရရဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ အစိုးရဌာနတွေနဲ့ နိုင်ငံတော်ဘက် ဂျက်နဲ့ လုပ်ရမယ်။ပြန်လည်ထူထောင်ရေး ကုန်ကျမယ့် စရိတ်ကလည်း ဆုံးရှုံးမှုပမာဏနဲ့ သိပ်မကွာ လောက်ပါဘူး။
မေး။ ။ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ဘယ်လောက် အတိုင်းအတာအထိ လုပ်ကိုင်ပြီးပါပြီလဲ။
ဖြေ။ ။ သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင် တုံပြန်တဲ့နေရာမှာ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတွေ လုပ်တာပဲဖြစ်ဖြစ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်တာပဲဖြစ်ဖြစ် ၀န်ကြီးဌာန တခုတည်းနဲ့ လုပ်လို့ မရပါဘူး။ ကဏ္ဍအလိုက် လုပ်တဲ့အခါမှာ ကျန်းမာရေး ၀န်ကြီးဌာန ၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေး ၊ ယူအမ်အဖွဲ့အစည်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့၊ အိုင်အမ်ဂျီအို အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြပါတယ်။ အရင်နဲ့ မတူဘဲနဲ့ နိုင်ငံတကာကလည်း Hight Light လုပ်ကြပါတယ်။
အရေးပေါ် ကယ်ဆယ်ရေးပိုင်းက အတိုင်းအတာ တခုထိတော့ ပြီးနေပြီလို့ ပြောလို့ရပါတယ်။ အခု ပြန်လည် ထူထောင်ရေးအပိုင်းကို ကူးပြောင်းနေတယ်။ ကဏ္ဍအလိုက် လုပ်နိုင်ဖို့ အချက်အလက်တွေ ကောက်နေတယ်။ သက်ဆိုင်ရာ မိသားစုတွေက ကိုယ်အိမ်ကို ပြန်သွားမယ်ဆိုရင် ရိက္ခာထောက်ပံ့မှုတွေ ဆောင်ရွက်နေတဲ့ အစိတ်အပိုင်းတွေ ရှိတယ်။ ပြန်လည်ထူထောင်ရေးကိုတော့ စနေပြီပေါ့ဗျာ။ အချက်အ လက် မှန်ကန်ဖို့လည်း လိုတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြန်လည်ထူထောင်ရေး လုပ်တဲ့အခါ Recovery Head Office ဖွင့်ခိုင်းထားပြီးတော့မှ စာရင်းတွေကောက်ပြီး သူတို့ရဲ့ မူလဒေသအတိုင်း ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမယ်။
မေး။ ။ ၂၀၀၈ နာဂစ် နဲ့ ယခုအကြိမ် ရေလွှမ်းမိုးမှု သဘာဝဘေးဒဏ်မှာ ထိခိုက်မှု ပုံစံက ဘယ်လိုကွာ ခြားလဲ။ ဆောင်ရွက်ရာမှာ အခက်အခဲ ဘာတွေ ရှိပါလဲ။
ဖြေ။ ။ နာဂစ်မှာ ဖြစ်ခဲ့တာနဲ့ ယခု ဇွန်၊ ဇွန်လိုင်၊ သြဂုတ်လတွေမှာ ဖြစ်ခဲ့တာနဲ့ ဘေးအန္တရာယ်ကို ကြည့်မယ်ဆိုရင် အခု ရေကြီးမှုက မြောက်ကနေ တောင်အထိ တောက်လျှောက် ဖြစ်လာတဲ့ အနေအထား မှာ လူဦးရေ ထိခိုက်မှု အနေအထားက အများကြီးပါပဲ။ ကျနော်တို့ နိုင်ငံမှာက ဆုံးရှုံးမှုတွေထဲမှ ရခိုင်ပြည် နယ်မှာ အများဆုံး ဖြစ်တာကို တွေ့ရှိရမှာ ဖြစ်ပြီးတော့ စီးပွားရေး ဆုံးရှုံးမှုပိုင်းမှာတော့ လယ်ယာမြေတွေ ပြန်ဖော်ထုတ်ရမယ့် အပိုင်းတွေ အများကြီး ရှိနေပါသေးတယ်။ တနံတလျားဖြစ်တဲ့ အပေါ်မှာ ကြည့်လိုက် ရင်တော့ အရေးပေါ် တုန့်ပြန်တဲ့အပိုင်းက ကြိုတင်သတိပေးနိုင်မှု အပိုင်းတွေမှာ အနည်းငယ် နှောင့်နှေးရ တဲ့အပိုင်း ရှိခဲ့ပါတယ်။
ဧရာဝတီ
No comments:
Post a Comment