Thursday, March 06, 2014

ရန်ကုန်မြို့တွင်း ရေကစားမဏ္ဍပ်ကြီး ၅ဝနီးပါး ဆောက်လုပ်ခွင့်ပေးမည်

လာမည့်မြန်မာ့နှစ်သစ်ကူးအတွက် ရန်ကုန်မြို့တွင်း ရေ ကစားမဏ္ဍပ်ကြီး စုစုပေါင်း ၅ဝ နီးပါး ဆောက်လုပ် ခွင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူတစ်ဦးက  ပြော သည်။
ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်များကို စတင်လက်ခံနေပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှတစ်ဆင့် မဏ္ဍပ်နေရာချထားရေး ဆပ်ကော်မတီသို့ လျှောက်ထားရမည်ဖြစ်ကြောင်း ယင်းကပြော သည်။

မဏ္ဍပ်များကို ယခင်နှစ်များက ခွင့်ပြုပေးခဲ့သည့် ကန်တော် ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ပြည် လမ်းနှင့် ပါရမီလမ်း အစ ရှိသည့်နေရာများတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် ရေကစားမဏ္ဍပ် ၃၇ ခု ခွင့်ပြုပေးခဲ့သည်။

Yangon Media Group

No comments:

Post a Comment

My Blog List