Monday, March 03, 2014

နှစ်ပေါင်း (၃၀)ဝန်းကျင် နောက်ပိုင်း ပထမဆုံးအကြိမ်တောင်သူလယ်သမား ညီလာခံကျင်းပ














၈၈အရေးအခင်းမှ စတင်ကျင်းပနိုင်ခဲ့ခြင်း မရှိသော တောင်သူလယ်သမားများညီလာခံအား နှစ်ပေါင်း(၃၀) ဝန်းကျင် နောက်ပိုင်း ပထမဦးဆုံး အကြိမ်အဖြစ် တောင်သူလယ်သမားများ ညီလာခံတစ်ရပ်ကို သာယာဝတီမြို့နယ်၊ ဖားရွှေကျော်ကျေးရွာရှိ ဆရာစံကုန်းမြေတွင် ဖေဖော်ဝါရီ ၂ရက်က ကျင်းပခဲ့သည်။
ယင်းနောက် လူရွှင်တော် ဒိန်းဒေါင်နှင့် ခင်လှိုင်တို့က ဆုမဲများဖောက်ပေးခဲ့ပြီး ဥက္ကဋ္ဌဦးကျော်စွာဆိုနှင့်အတူ တောင်သူလယ်သမားများ၏ ဗဟိုအလုပ်အမှုဆောင်များက တောင်သူလယ်သမားအဖိုးအဖွား ယောက် ၁၀၀ ကိုလက်အုပ်ချီကန်တော့ခဲ့သည်။

နိုင်ငံတော်အလံနှင့်ကျဆုံးသွားသော တောင်သူလယ်သမားခေါင်းဆောင် ဆရာစံနှင့် လယ်သမား သူရဲကောင်းများအား အလေးပြုခဲ့သလို မြန်မာနိုင်ငံတောင်သူလယ်သမား အလံကိုလည်း အလေးပြုခဲ့ပြီး တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌဦးကျော်စွာစိုးမှ မိန်းခွန်းပြောရာတွင် “ဒီနေ့ ဘာဖြစ်လို့ ဒီလိုအရပ်မှာ လုပ်ရလည်း ရှင်းပြပါမယ် တတိုင်းပြည်လုံးမှာရှိတဲ့ တောင်သူလယ်သမားများဟာ သစ္စာရှိပြီး ဘယ်လောက်အင်အားရှိလဲပြဖို့ပါ ဒီလိုပြသရခြင်းကလဲ တောင်သူလယ်သမားများကို ထပ်ပြီး မနှိမ့်စက်ပါနဲ့တော့လို့ တောင်သူလယ်သမားများကိုယ်စား ဒီနေရာကနေ နိုင်ငံတော်ကို တောင်းဆိုပါတယ် အခု ကျွန်တော်တို့ လယ်သမားပါတီက လူမိုက်တွေ အလိုရှိနေပါတယ် ကျွန်တော်ပြောတဲ့ လူမိုက်ဆိုတာ တိုင်းပြည်နဲ့ လယ်သမားတွေအတွက် မိုက်မိုက်ကန်းကန်း လုပ်ပေးနိုင်မယ့်သူကို ပြောတာပါ အခုသာယာဝတီကနေစီးပြီး လယ်သမားလူမိုက်တွေ အလိုရှိနေပါပြီ လယ်သမားတွေဟာ အလုပ်လုပ်ပြီး ဆင်းရဲနေတာပါ အလုပ်မလုပ်ပဲနဲ့ ဆင်းရဲနေတာ မဟုတ်ဘူး ငပျင်းတွေလည်း မဟုတ်ဘူး ဆင်းရဲသား အချင်းချင်း ကူညီဖို့လိုပါတယ်”ဟုပြောသည်။

ယင်းနောက် တောင်သူလယ်သမားခေါင်းဆောင် ဆရာစံ၏မြစ် ဒေါ်ချောပိုက “ကျွန်မတို့လည်း တောင်သူတွေဖြစ်တဲ့အတွက် အခုလို တောင်သူလယ်သမား ညီလာခံကို လုပ်တော့ ဝမ်းသာမိပါတယ် အစိုးရကနေ အခုဆိုရင် လယ်ယာမြေတွေကို သိမ်းနေတာတွေကို သဘောမကျဘူး ကိုယ်လယ်သမားတွေ ခံနေရတာကို ကျွန်မတို့နယ်မြေတွေမှာကတော့ သိမ်းဆီးမှုမရှိဘူး ဒီဘက်တွေမှာတော့ လယ်မြေတွေ သိမ်းခံရတယ်လို့ ကြားနေရတယ် စိတ်မကောင်းဘူး တောင်သူလယ်သမားတွေအတွက် ဒီလိုပါတီ တစ်ခုဖြစ်ပေါ်လာတာကတော့ ကောင်းတယ်လို့မြင်ပါတယ်”ဟုပြောသည်။

ချစ်မင်းထွန်း
The Myanma Age

No comments:

Post a Comment

My Blog List