Tuesday, March 04, 2014

သီတဂူဆရာတော်ကြီး မွေးနေ့အလှူ စစ်ကိုင်းတောင်ရိုးတွင် ကျင်းပမည်


သီတဂူ ဆရာတော်ကြီး၏ သက်တော် ၇၇ နှစ်ပြည့် မွေးနေ့ အလှူတော်မင်္ဂလာ ပူဇော်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတောင်ရိုးရှိ သီတဂူ ဗုဒ္ဓတက္ကသိုလ်၌ မတ်လ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့ (SIBMA) ထံမှ သိရသည်။

အဆိုပါ မွေးနေ့အလှူအဖြစ် မတ်လ ၁၄ ရက်နေ့တွင် သီလရှင် အပါးတစ်ထောင်တို့ကို အရုဏ်ဆွမ်း ရွှေတောင်ခေါက်ဆွဲ လှူဒါန်း၍ သီလရှင်ဝတ်စုံ၊ အုန်းထမင်း၊ ဟင်းငါးမျိုးနှင့် လှူဖွယ်မျိုးစုံ လောင်းလှူ မည်ဖြစ်ကာ မတ်လ ၁၅ ရက်နေ့ (တပေါင်းလပြည့်နေ့) တွင် ပင့်သံဃာအပါး (၁၀၀၀) တို့အား ခိုတောင် မုန့်တီလက်သုပ် ဆွမ်းဆက်ကပ်၍ သင်္ကန်း၊ သပိတ်၊ ဒံပေါက်ဆွမ်း၊ ဟင်းငါးမျိုး၊ သစ်သီးများ၊ မုန့်မျိုးစုံများနှင့် လှူဖွယ်ပစ္စည်း မျိုးစုံတို့ကို လောင်းလှူမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ ထပ်မံသိရသည်။

ဖျော်ဖြေရေး အစီအစဉ်များအဖြစ် မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ ညများတွင် မြန်မာပြည် ကျောက်စိမ်းဆိုင်း အဖွဲ့နှင့် မတ်လ ၁၅ ရက်နေ့ညတွင် သီတဂူ ဂီတဉ္ဇလီ (အလင်္ကာဝတ်ရည်) တေးဂီတ အဖွဲ့၊ မတ်လ ၁၆၊ ၁၇ ရက်နေ့ ညများတွင် မင်းသားဖိုးချစ် ဇာတ်သဘင်အဖွဲ့တို့က ဖျော်ဖြေ တင်ဆက်ကြ မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

ဆရာတော် အလောင်းအလျာကို ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၉၈) တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်တွင် မီးရှူး သန့်စင်ခဲ့ပါသည်။ ၁၉၄၄ (မြန်မာသက္ကရာဇ် ၁၃၀၅ ခုနှစ်) မှ စတင်၍ ဆရာတော်သည် ဗုဒ္ဓစာပေများကို သဲကုန်းမြို့နယ် တပ်ရွာရှိ ရွာဦးကျောင်းတွင် စတင်လေ့လာ သင်ယူခဲ့သည်။ ၁၉၅၂ (မြန်မာသက္ကရာဇ် ၁၃၁၃ ခုနှစ်) တွင် ဆရာတော် လောင်းလျာသည် ရှင်သာမဏေအဖြစ် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List