Wednesday, March 05, 2014

မိုးထိမိုးမိရွှေလုပ်သား အယောက် ၅၀လောက် ဖမ်းဆီးခံရ


မန္တလေးတိုင်းဒေသကြီး ​ရမည်းသင်းမြို့နယ်၊ ​ရွှေမြင်တင်ဘုရားကုန်းပေါ်မှာ ​သပိတ်စခန်း ​ဖွင့်ထားတဲ့ ​မိုးထိမိုးမိရွှေလုပ်သား ​အယောက် ​၅၀ ​လောက်ကို ​သက်ဆိုင်ရာ ​အာဏာပိုင်တွေက ​မနေ့က ​ညနေပိုင်းမှာ ​လာရောက် ​ဖမ်းဆီးခေါ်ဆောင် ​သွားတယ်လို့ ​ထိန်းသိမ်းခံခဲ့ရသူတွေက ​အဖမ်းဆီးခံရင်းနဲ့ပြောသွားတယ်လို့ ​သိရပါတယ်။

အဲဒီ ​သပိတ်စခန်းကို ​ဖေဖော်ဝါရီ ​၂၈ရက်နေ့ ​နောက်ဆုံးထား ​ဖယ်ရှားပေးဖို့ ​သက်ဆိုင်ရာက ​ထုတ်ပြန်ထား ခဲ့တာဖြစ်ပါတယ်။

ရွှေလုပ်သားတွေကို ​အာဏာပိုင်တွေက ​လာရောက် ​ဖမ်းဆီးခေါ်ဆောင်တဲ့ ​ကိစ္စနဲ့ပတ်သက်ပြီး ​ရွှေမြင်တင် ​ဆရာတော် ​ဦးဇာဂရက ​အခုလို ​မိန့်ကြားပါတယ်။

“ရဲအင်အားရာကျော်တယ်၊ ​ရယက ​အဖွဲ့အစည်း၊ ​ရပ်ရွာအဖွဲ့အစည်း ​ဂေါပကအဖွဲ့ ​အကုန်အစုံ ​ဆိုရင်တော့ ​ဦးဇင်းအနေနဲ့ကတော့ ​တစ်ရာ့ငါးဆယ်လောက်ကတော့ရှိတယ်လို့ထင်တာပဲ၊ ​တရာငါးဆယ်၊ ​နှစ်ရာပေါ့။”

လောလောဆယ်တော့ ​အဲဒီရွှေမြင်တင်ဘုရားကုန်းမှာ ​လုံခြုံရေးအင်အား ​အယောက်နှစ်ရာလောက် ​ချထားတယ်လို့လည်း ​သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ​ရမည်းသင်းမြို့မရဲစခန်းကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် ​အသေးစိတ်မပြောနိုင်သေး ဘူးလို့တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ​ပြောပါတယ်။

အဲဒီ ​သပိတ်စခန်းကို ​၂၀၁၃၊ ​ဒီဇင်ဘာလကတည်းက ​ရမည်းသင်းမြို့ ​သီလ၀လမ်းမှာ ​ဖွင့်ခဲ့တာဖြစ်ပြီး ​သက်ဆိုင်ရာကပြောင်းရွှေ့ခိုင်းတဲ့အတွက် ​ရွှေမြင်တင်တောင်ပေါ် ​ဘုရားအနောက်ဘက်မုခ်မှာ ​သပိတ်စခန်းဖွင့်လှစ်ခဲ့တာဖြစ်တဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List