ယူကရိန်းနိုင်ငံ Crimea ဒေသမှာရှိတဲ့ ရုရှားစစ်တပ်နဲ့ ယူကရိန်းစစ်တပ်အကြား တင်းမာမှု ဖြစ်ခဲ့ပေမယ့် အဓိကရုဏ်းဖြစ်ပွားတဲ့အဆင့် မရောက်ခဲ့ဘူးလို့ သိရပါတယ်။
Crimea ဒေသရှိ လေတပ်စခန်းတစ်ခုကို ရုရှားက သိမ်းပိုက်ထားတာကို မကျေနပ်တဲ့အတွက် ယူကရိန်းစစ်သားတွေဟာ လက်နက်တွေ မကိုင်ဆောင်ထားပဲ Belbek လေဆိပ်စခန်းဆီကို ချီတက်သွားခဲ့ကြပါတယ်။
လေဆိပ်တွင်းက ရုရှားစစ်တပ်တွေကလည်း မိုးပေါ်ကို သေနတ်တွေပစ် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ အခြေအနေ ငြိမ်သက်သွားပြီး ယူကရိန်းစစ်သားတွေ ဘောလုံးကန်နေတာကို တွေ့ခဲ့ရပေမယ့် ယူကရိန်းနဲ့ ရုရှားတပ်တွေကြား တင်းမာမှုတွေဟာ အချိန်မရွေး ပေါက်ကွဲလာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ Belbek လေတပ်စခန်းကို ရောက်ရှိနေတဲ့ အေဘီစီ သတင်းထောက် Matt Brown က သတင်းပေးပို့ထားပါတယ်။
ယူကရိန်းစစ်တပ်ကလည်း မိမိရဲ့နိုင်ငံကို ကာကွယ်ဖို့အတွက် တပ်တွေတိုးမြှင့်ချထားမယ်လို့ ပြောဆိုနေ သလို ယူကရိန်းသမ္မကို ဖြုတ်ချခဲ့တဲ့ ဆန္ဒပြခေါင်းဆောင်တွေကလည်း ရုရှားက စစ်ရေးခင်းနေတဲ့အတွက် ယူကရိန်းတပ်တွေအနေနဲ့ ရုရှားပိုင် နယ်မြေတွေထဲအထိ ဝင်ပြီး တိုက်ပွဲဝင်ဖို့ရှိတယ်လို့ ပြောပါတယ်။
ရုရှားသမ္မတ Vladimir Putin ကတော့ Crimea ဒေသမှာ စစ်ရေးဖြန်ဖြေမှုတွေ မလိုအပ်ရင် ပြုလုပ်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပေမယ့် စစ်ရေးအရ မဖြေရှင်းပါဘူးဆိုတဲ့ ကတိကိုတော့ ပေးဖို့ ငြင်းဆိုထား ပါတယ်။
ယူကရိန်းနိုင်ငံ Cremia ဒေသခံတွေဟာ ရုရှားစကားကို ပြောကြသူတွေဖြစ်တဲ့အတွက် အဲဒီဒေသခံတွေကို ကာကွယ်ဖို့ ယူကရိန်းနိုင်ငံထဲ ဝင်ရတာလို့လည်း ရှရှားကပြောပါတယ်။
ခုလောလောဆယ် ထိပ်တိုက်ရင်ဆိုင်မှုတွေကို ယူကရိန်းနဲ့ ရုရှားတို့ ရှောင်ရှားနေပြီး နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားစကားပြောတဲ့ လူနည်းစုကို ယူကရိန်းနိုင်ငံက ကာကွယ်မယ်ဆိုရင်တောင် ရုရှားအနေနဲ့ ဒီကိစ္စမှာ စစ်ရေးအရ မဖြေရှင်းပဲ သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားကတော့ ရုရှားအနေနဲ့ ယူကရိန်းအရေးမှာ ဝင်ပါတာဟာ နိုင်ငံတကာ ဥပဒေချိုးဖောက်ရာ မရောက်ဘူးလို့ ပြောလိုက်တာကို ကြည့်ခြင်းအားဖြင့် ရုရှားသမ္မတဘေးမှာ ဝိုင်းရံထားတဲ့ ဥပဒေပညာရှင်တွေ ရှေ့နေတွေဟာ သူများနဲ့ မတူလို့ ဖြစ်နိုင်တဲ့အကြောင်း ရုရှား စကားပြောဆိုတဲ့ Crimea ပြည်သူတွေကို ရုရှားကာကွယ်ရမယ် ဆိုတာ မှန်ပေမယ့် ဒီလို အကြမ်းဖက် ဆန်တဲ့ နည်းမျိုး သုံးတာတော့ မှားတယ်လို့ ပြောသွားခဲ့ပါတယ်။
ABC
No comments:
Post a Comment