Monday, March 03, 2014

ဂျပန်နိုင်ငံရဲ့ သတင်းစာမှာ ဖော်ပြခြင်းခံရတဲ့ နန်းခင်ဇေယျာ


ဂျပန်ရုပ်သံလိုင်းတစ်ခုက ဧည့်လမ်းညွှန်တစ် ယောက်ရဲ့အကြောင်းကို ဂျပန်အနုပညာရှင်များ နဲ့အတူ မြန်မာနိုင်ငံကMiss Myanmar တစ်ဦးလည်းဖြစ်၊ ဧည့်လမ်းညွှန် တစ်ဦးလည်းဖြစ်တဲ့ နန်းခင်ဇေယျာနဲ့ မတ်လ ၂၇ ရက်နေ့ မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးမှာဖြစ်ကြောင်း သိရပါတယ်။ 

ဂျပန်ရုပ်သံလိုင်းက လာရောက်ရိုက်ကူးဖို့ ကမ်း လှမ်းခဲ့ပုံကို နန်းခင်ဇေယျာ က “ဂျပန်အင်တာဗျူးထဲမှာ ညီမကိုတွေ့ပြီး ရွေးလိုက်တာပါ။ တစ်ဖက်မှာ ညီမကဂိုက်အနေနဲ့လည်းဖြစ်တယ်။ 

Miss Myanmar အနေနဲ့ လည်းဖြစ်တဲ့အတွက် ညီမနဲ့ရိုက်မယ်။ သူတို့ရုပ်သံလိုင်းမှာ ထုတ်လွှင့်မယ်လို့ပြော ပါတယ်” လို့ပြောပါတယ်။ဂျပန်နိုင်ငံ သတင်းစာမှာ လည်းတတိယ အကြိမ်မြောက် ဖော်ပြခံရပြီး ဂျပန် နိုင်ငံမှာ သူ့ရဲ့ပရိသတ်တွေရှိတာ သိရတာကြောင့် ဝမ်းသာပီတိဖြစ်ရကြောင်းကိုလည်း နန်းခင်ဇေယျာ က ပြောပါတယ်။

Popular Journal

No comments:

Post a Comment

My Blog List