Thursday, March 06, 2014

တရုတ်ဇာတ်လမ်းတွဲမှာ မြန်မာအသံနဲ့ သရုပ်ဆောင်ရမယ့် ခင်လပြည့်ဇော်

လတ်တလောမှာတော့ ခင်လပြည့် ဇော်က တရုတ်ဇာတ်လမ်းတွဲ ဖြစ်တဲ့ “လင်နဲ့ မယားလျှာနဲ့သွား” ဇာတ်လမ်းတွဲအတွက် အသံသရုပ်ဆောင်မှုတွေ ပြုလုပ် နေပါတယ်။ အသံသရုပ်ဆောင်မှုက ကိုယ်တိုင် သရုပ်ဆောင်လုပ်တာနဲ့ ကွာခားမှုတွေ ရှိပြီး အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစား သရုပ်ဆောင် သွားမှာပါလို့ ဆိုပါတယ်။
“အခု လတ်တလောမှာတော့ လပြည့် တရုတ်ဇာတ်လမ်းတွဲဖြစ်တဲ့ “လင်နဲ့မယားလျှာနဲ့သွား” ဇာတ်လမ်းတွဲမှာ အသံသွင်းဖြစ်နေတယ်။ ဒီအသံ သရုပ်ဆောင်ရတာက တအားခက်ခဲပါတယ်။ တရုတ်ဘာသာ စကားသရုပ်ဆောင်မှု ကို ကိုယ့်ရဲ့ မြန်မာ စကားနဲ့ ပြန်ပြီးလုပ်ရ တော့ နည်းနည်းတော့ အခက်အခဲ ရှိတယ်။ တရုတ်စကားက နည်းနည်း ကျစ် လျစ်တယ်။ တစ်ခါတလေကျရင် အသံသွင်းရင်း နဲ့ ကိုယ့်စကားက ပြီးသွားပြီ။ သူတို့က မပြီးသေးဘူး။ အသံမသွင်းခင် သူတို့ရဲ့ ဇာတ်ကားကိုအရင် ကြည့် တယ်။ လိုတာလေးတွေကို အတိုး အလျှော့လေးတွေ လုပ်ရတယ်။

အတွေ့အကြုံ အသစ်လေးတွေလည်း ရပါတယ်။ ဦးစင်ရော်မောင်မောင် အဆက် အသွယ် နဲ့ ရွေးချယ် ခံရတာပါ။ အသံကိုလည်း အမျိုးမျိုး သရုပ်ဆောင် ခိုင်းတယ်။ ညီမကတော့ ရွေး ချယ်ခံ ရတော့ အတတ်နိုင်ဆုံး ကြိုတင်ပြင် ဆင် ဖြစ်တယ်။ ညဆိုရင် အိမ် မှာလေ့ကျင့်ဖြစ် တယ်။ အရင်လွှင့်နေတဲ့ ဇာတ်ကားကိုလည်း ပြန်ပြီး ကြည့်ဖြစ်တယ်။ 
 
အသံနဲ့ ပတ်သက်ပြီး တော့ ညီမ အတတ်နိုင်ဆုံး ဂရုစိုက်ဖြစ်တယ်။ တရုတ်ပြည်က လူတွေကလည်း ညီမကိုသင်ပေး ကြပါတယ်။ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။

ခင်လပြည့်ဇော်က မတ်လ ၅ရက်နေ့မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း အကောက်ခံမှာနဲ့ပတ် သက်ပြီး နိုင်ငံ အကျိုးပြုသီချင်းကို ချင်းတောင်မှာ သွားရောက် ရိုက်ကူးဖို့ ရှိတာကြောင့် “ညီမရဲ့ဆရာ ဒါရိုက်တာ ဦးစင်ရော်မောင်မောင် နဲ့အတူ မတ်လ ၅ရက်နေ့မှာ ချင်းတောင်ကို နိုင်ငံ အကျိုးပြုသီချင်းသွားရောက် ရိုက်ကူးဖို့ရှိတယ်။ ညီမနဲ့ အတူ ထွန်းကိုကို လည်းပါတယ်။ 
 
အခုလိုမျိုး နိုင်ငံ အကျိုးပြုလုပ်ဆောင်တဲ့ သီ ချင်းရိုက် ရမှာဖြစ်တဲ့အတွက် တအားလည်း ဂုဏ်ယူပါတယ်။ ကိုယ် ချစ်မြတ်နိုးတဲ့ အနုပညာ နဲ့ အခုလို မျိုး နိုင်ငံ အကျိုးပြု အလုပ်တစ်ခုမှာ ပါဝင်ခွင့်ရတဲ့ အတွက် ဂုဏ်ယူပါတယ်။ ဆရာဦးမောင် နဲ့လည်း ရိုက်ရမှာဖြစ်တဲ့အတွက် ပျော်လည်း ပျော်ပါတယ်။

အခုလို ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ရတဲ့ ရည်ရွယ်ချက်လေးကို ပြည်သူတွေ အတွက် မက်ဆေ့ခ်ျပေးချင် တာလေးကို ညီမတို့က နယ်စွန်နယ်ဖျား ပါမ ကျန် မြန်မာနိုင်ငံသား တိုင်းပြည်လုံး ကျွတ် သန်းခေါင် စာရင်းကောက်တဲ့ လုပ်ငန်းမှာ ပါဝင်ဖို့ကို အဓိက ရည်ရွယ်ပြီး ရိုက်ကူးပေးရတာဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်” လို့ ခင်လပြည့်ဇော် က ပြောပါတယ်။

လွင်လွင်ထွန်း
Popular Journal

No comments:

Post a Comment

My Blog List