Thursday, March 06, 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် နှစ်ဖက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ဆိုင်းငံ့ထား

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပေါ်နေသော တိုက်ပွဲများ အဆုံး သတ်နိုင်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် နှစ်ဖက်လိုက်နာရမည့် စစ် သည်တော်ကျင့်ဝတ်အား ထည့်သွင်းရန်လိုအပ်ကြောင်း တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ၏ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းက ထောက်ပြပြောဆို လိုက်သည်။
လက်ရှိအချိန်အထိ အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တပ်မတော်ကြားတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများဖြစ်ပွား နေမှုကို ရည်ညွှန်း ကာ ထောက် ပြပြောဆိုခြင်း ဖြစ်သည်။

ဒေါက်တာ ဆလိုင်းလျန်မှုန်းက ''အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးနောက်ပိုင်း တိုက် ပွဲတွေ ပြန်ဖြစ်နေတယ်။ ဒါက ဘာကြောင့်ဖြစ်တာလဲ။ ဘာဖြစ် လို့လဲဆိုတော့ တစ်ဖွဲ့ချင်းအ နေနဲ့ လက်မှတ်ရေးထိုးတုန်း က နှစ်ဖက်လိုက်နာရမယ့် စစ် သည်တော်ကျင့်ဝတ် (Military Code Of Conduct) မပါသေး ဘူး။ မပါတော့ သူ့နည်းသူ့ဟန် နဲ့ လှုပ်ရှားကြတယ်။ စစ်တပ် ဆိုတော့ ဆုံတဲ့အခါ တိုက်ပွဲတွေ ဖြစ်တယ်''ဟု ပြောသည်။

မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက် ကြိုးစားဆောင်ရွက်နေသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အရ ၁၉၉၄ ခုနှစ်တွင်ကချင် လွတ်မြောက် ရေးအဖွဲ့အစည်း(KIA)နှင့် အပစ်အခတ်ရပ်စဲရေး ဆောင် ရွက် နိုင်ခဲ့သော်လည်း ၂ဝ၁၁ ခုနှစ် တွင် နှစ်ဖက်တပ်များ အပြန်အလှန် ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲ များဖြစ်ပွားခဲ့သည့် သာဓကများ လည်းရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး ဆိုပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့က လောလော ဆယ် ခေတ္တဆိုင်းငံ့ထားတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခကို အဓိပ္ပာယ်ကောက် လွဲသွားမှာ စိုးရိမ်နေလို့ ဒါကိုခေတ္တဆိုင်းငံ့ ထားတယ်။ ပြည်ထောင်စုအဆင့် ဆွေးနွေး ပွဲမှာ တပ်နေရာချထားရေး ပါလာမှာဆို တော့ လက်ရှိဖြစ်နေတဲ့ ဃသည်ူငခအ နဲ့ နွယ် သွားမှာစိုးလို့ ပါ''ဟု ပြောသည်။

ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း စဉ်အရ တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့ ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရပြီး ပြည်ထောင်စုအဆင့် ဆက်လက် ဆွေးနွေး ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် ပီအယ်လ်အေနှင့် နာဂ အဖွဲ့တို့ ဆက်လက်ဆွေးနွေး ရန် လက်ရှိ ဖြစ်ပေါ်နေသည့် ရခိုင်ပဋိပက္ခ အခြေအ နေများကြောင့် ပြည်ထောင်စုအစိုးရ အဖွဲ့ အနေဖြင့် ယခုကဲ့သို့ ခေတ္တဆိုင်းငံ့ထား ရခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List