Monday, March 03, 2014

ယူကရိန်းမှာ စစ်ဖြစ်နိုင်တဲ့ အခြေအနေရှိနေလို့ဆို



ယူကရိန်းနိုင်ငံ Crimea ဒေသမှာ ရုရှားစစ်တပ်က ဝင်ရောက်နေတာဟာ ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံ အပေါ် စစ်ကြေညာလိုက်တာဖြစ်တယ်လို့ ယူကရိန်းယာယီအစိုးရက ပြောလိုက်ပါတယ်။
Crimea ဒေသရှိ ယူကရိန်းစစ်တပ်စခန်းသုံးခုရဲ့ ပြင်ပမှာ လက်နက်အပြည့် တပ်ဆင်ထားတဲ့ ရာနဲ့ချီတဲ့ရုရှား စစ်သားတွေနဲ့ စစ်ယာဉ်တွေ ဝိုင်းရံခဲ့ပါတယ်။

အဲဒီနေရာမှာ ဆွေးနွေးမှုတွေ ပြုလုပ်ကြပြီးနောက် အဲဒီစစ်တပ်စခန်းတွေထဲ မဝင်ဖို့ ရုရှားစစ်တပ်က သဘောတူလိုက်ပါတယ်။

ဒီလို အခြေအနေကြောင့် ယူကရိန်းအစိုးရက စစ်တပ်ကို အမြင့်ဆုံးအဆင့် တပ်လှန့်ထားပြီး အရံတပ်ဖွဲ့တွေ ကိုလည်း ခေါ်ယူနေပါတယ်။

မကြာသေးခင်ကပဲ ယူကရိန်းရေတပ်ဦးစီးချုပ်အဖြစ် တင်မြှောက်ခံရသူကလည်း ယူကရိန်းအစိုးရကို သစ္စာဖောက်ပြီး ဘက်ပြောင်းလိုက်ပါတယ်။

Crimea အရေးလှုပ်ရှားသူတွေနဲ့ ပူးပေါင်းတော့မယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။

ယူကရိန်းသမ္မတဟောင်း Victor Yanukovich ကို တော်လှန်ခဲ့တဲ့ ဆန္ဒပြအဖွဲ့တွေကလည်း ရုရှား စစ်တပ်ရန်ကနေ ကာကွယ်ဖို့ ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ ပြောဆိုနေတဲ့အတွက် ယူကရိန်းနိုင်ငံမှာ မငြိမ်မသက်မှုတွေ ဒီထက်ဖြစ်လာမယ့် အခြေအနေရှိနေပါတယ်။

ဒီလိုအခြေအနေကြောင့် နေတိုးအဖွဲ့ကလည်း အရေးပေါ်အစည်းအဝေးကျင်းပနေပြီး ရုရှားရဲ့ လုပ်ရပ်ဟာ ဥရောပတိုက် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်သလို ဖြစ်နေပြီလို့ နေတိုးရဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။

တချိန်တည်းမှာပဲ ရုရှားနိုင်ငံမှာ ဇွန်လကြရင်ကျင်းပမယ့် စက်မှုထိပ်သီးနိုင်ငံများ G8 အစည်းအဝေးပွဲ အတွက် ဒီတပတ်မှာ ကြိုတင်အစည်းအဝေးကျင်းပဖို့ ရှိပေမယ့်လည်း အဲဒီအကြိုအစည်းအဝေးကို မတက်ရောက်ဖို့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံပြည်တွင်းရေးမှာ ရုရှားအနေနဲ့ ဝင်ရောက်စွက်ဖက်တာတွေ မလုပ်သင့်ဘူးလို့လည်း သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် တိုနီအာဘော့တ်ကို ပြောလိုက်ပါတယ်။

ABC

No comments:

Post a Comment

My Blog List