ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာ့တပ်မတော်ပါဝင်ထမ်းဆောင်ရန် ၂၀၁၁ခုနှစ်ကတည်းက ကမ်းလှမ်းမှုရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် မတ်လ၅ရက်နေ့က ပြုလုပ်သော၁၁ကြိမ်မြောက်အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော် အနေနှင့် ယခင်က ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွင်ပါဝင်ခဲ့မှု ရှိသည်ဟု ၄င်းကထပ်လောင်းပြောသည်။
“သို့သော်အကြောင်းကြောင်းကြောင့် မပါဝင်ဖြစ်ခဲ့တာယခုချိန်ထိ ဖြစ်ပါတယ်”ဟု၎င်းကဆိုသည်။
အနာဂတ်တွင် အပြည်ပြည်ဆိုင်ရာတပ်မတော်သားများနှင့် မြန်မာ့တပ်မတော်သားများ ပူးပေါင်း လုပ်ဆောင်နိုင်မည့်အခမ်းကဏ္ဍသစ်ရောက်ရှိမည်ဟု၎င်းအနေနှင့်ရောက်ရှိမည်ဟုယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကထပ်မံပြောသည်။
စိုင်းလမင်း
Popular Myanmar News Journal

No comments:
Post a Comment