Thursday, March 06, 2014

အိန္ဒိယ ရွေးကောက်ပွဲ ဧပြီလဆန်းမှာ ကျင်းပမယ်

အိန္ဒိယနိုင်ငံမှာ ​လာမယ့် ​ဧပြီလ ​၇နှစ်ရက်နေ့ကျရင် ​အထွေထွေရွေးကောက်ပွဲ ​ကျင်းပပြုလုပ်သွား မယ်လို့ ​ရွေးကောက်ပွဲကော်မရှင်က ​ကြေညာလိုက်ပြီဖြစ်ပါတယ်။
ရွေးကောက်ပွဲကို ​ငါးပတ်ကြာ ​ကျင်းပ ​ပြုလုပ်သွားမှာ ​ဖြစ်ပြီးတော့ ​မဲရုံပေါင်း ​ကိုးသိန်း ​ခြောက်သောင်းကို ​တစ်နိုင်ငံလုံးမှာ ​ဖွင့်လှစ်သွားမယ်လို့ ​သိရပါတယ်။အိန္ဒိယနိုင်ငံကရာသီဥတုအခြေအနေ၊​ကောက်​ရိတ်သိမ်းချိန်တွေနဲ့​ကျောင်းစာသင်ချိန် ​တွေကြောင့် ​ရွေးကောက်ပွဲ ​ရက်သတ်မှတ်တဲ့ ​အချိန်မှာ ​ပြည်နယ် ​တစ်ခုနဲ့ ​တစ်ခု ​အဆင်ပြေ ​ဖို့အတွက်ကိုပါ ​ထည့်သွင်း ​စဉ်းစား ​ခဲ့ရတယ်လို့ ​ရွေးကောက်ပွဲ ​ကော်မရှင် ​အကြီးအကဲက ​ပြောပါတယ်။

ရွေးကောက်ပွဲ ​ကျင်းပတဲ့အခါကြရင် ​သက်ဆိုင်ရာ ​မဲရုံနဲ့ ​နေရာအလိုက်က ​ပါလီမန် ​တာရှိသူတွေနဲ့ ​လုံခြုံရေးအတွက် ​ရဲအယောက်ပေါင်း ​တစ်သိန်း ​ကိုလည်း ​ချထားဖို့ရှိနယ်လို့လည်း ​ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ​လူဦးရေများတဲ့ ​နိုင်ငံတွထဲက ​တစ်နိုင်ငံဖြစ်ပြီး ​အခုတစ်ကြိမ်ရွေးကောက်ပွဲအတွက် ​မဲထည့်လို့ရတဲ့လူဦးရေဟာ ​သန်း ​၈၀၀ ​ကျော်ရှိတယ်လို့ ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List