Wednesday, March 05, 2014

တရုတ်ပါလီမန်မစတင်ခင် လုံခြုံရေးတွေပိုမိုတိုးချဲ့


တရုတ်နိုင်ငံရဲ့ ​နှစ်စဉ်ပါလီမန် ​အစည်းအဝေးကို ​ဒီကနေ့ ​နှောင်းပိုင်းမှာ ​စတင်ပြုလုပ်ဖို့ ​ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ ​လာမယ့်နှစ် ​စီးပွားရေးဆိုင်ရာ ​စီမံကိန်းတွေကို ​ပြောဆိုဆွေးနွေးကြဖို့ ​ရှိသလို ​တရုတ်ရဲ့ ​ဒုတိယခေါင်းဆောင် ​လီကွတ်ချောင်ကလည်း ​အဖွင့်အမှာ ​စကားပြောကြားဖို့ ​ရှိပါတယ်။

လတ်တလောဖြစ်ပွားခဲ့တဲ့ ​မွတ်စလင်ခွဲထွက်ရေးတွေရဲ့ ​ဓားထိုးတိုက်ခိုက်မှုတွေကြောင့် ​လူပေါင်း ဒါဇင်နဲ့ချီပြီး ​သေဆုံးခဲ့ရသလို ​ရာနဲ့ချီပြီး ​ဒဏ်ရာရခဲ့တဲ့ ​ကိစ္စ ​အပါအ၀င် ​တရုတ်နိုင်ငံရဲ့ ​လေထုညစ်ညမ်းမှု အကြောင်းတွေက ​အဓိက ​ဆွေးနွေးစရာ ​ဖြစ်လာမယ်လို့ ​သုံးသပ်နေကြပါတယ်။

တရုတ်ပါလီမန် ​အစည်းအဝေးဟာ ​ဆုံးဖြတ်ပြီးသားကိစ္စတွေကို ​တရားဝင် ​ဖြစ်အောင် ​လုပ်ဆောင်မှု သက်သက်သာ ​ဖြစ်တယ်လို့ ​မှတ်ယူထားကြပေမယ့် ​ပြီးခဲ့တဲ့ ​နှစ်အနည်းငယ်ကစလို့ ​တချို့ကိစ္စတွေမှာ ​မဲခွဲ ​ဆုံးဖြတ်တာတွေကို ​တွေ့လာရတယ်လို့ ​ဘေကျင်းက ​အေဘီစီသတင်းထောက် ​စတီဗင် ​မက်ဒေါ်နယ်က ​သတင်းပေးပို့ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List