Thursday, March 06, 2014

အရပ်ပုသူများ အရပ်ရှည်သူများထက် ယုံကြည်မှု နိမ့်ပါးနိုင်ကြောင်း အောက်စဖို့ဒ် တက္ကသိုလ် သုတေသနဆို

အရပ်ပုသူများအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှု နိမ့်ပါးနိုင်ကြောင်း၊ အောက်စဖို့ဒ် တက္ကသိုလ်သုတေသန တစ်ခုက မကြာသေးမီကဆိုခဲ့သည်ဟု မတ်လ ၄ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပို၍ဆိုးသည်မှာ အရပ်ပုသူအများအပြားတွင် ဖြတ်သန်းကျော်လွှားရမည်ဟု ၎င်းတို့ကိုယ်တိုင် ယူဆထားကြ သည့် လူမှုရေး ပြဿနာများစွာရှိနေတတ်ခြင်း ဖြစ်သည်။

ယခုအခါ အခြားဗြိတိန်သုတေသန တစ်ရပ်ကလည်း အရပ်ပုသူများ ဥာဏ်စွမ်းရည် ပိုနည်းကောင်း နည်း နေနိုင်ကြောင်း ဖော်ပြခဲ့သည်။ ဗြိတိန် Sunday Times သတင်းစာ၏ ဆောင်းပါးတစ်ပုဒ်တွင် အရပ်ပု သူများ အနေဖြင့် အိုင်ကျူ ပိုနိမ့်ကောင်းနိမ့်နေနိုင်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

အရပ်အမြင့်နှင့် အထွေထွေ ဥာဏ်စွမ်းရည်တို့အကြား ဗီဇပိုင်းဆိုင်ရာ ဆက်စပ်မှုကို ခန့်မှန်းနိုင်ရန်အတွက်၊ အီဒင်ဘာ့ခ်ျ တက္ကသိုလ်၏ မျိုးရိုးဗီဇနှင့် မော်လီကျူး ဆေးသိပ္ပံမှ သုတေသီများက တစ်ယောက်နှင့် တစ်ယောက် ဆွေမျိုးတော်စပ်မှု မရှိသော လူ ၆,၈၀၀ ကျော်၏ ဒီအင်န်အေများကို လေ့လာ ခဲ့ကြသည်။ သုတေသန၏ ရည်ရွယ်ချက်မှာ၊ ဤမျိုးရိုးဗီဇဆက်စပ်မှုအနေဖြင့် အခြားကျန်းမာရေးဆိုင်ရာ အကျိုးရလဒ် များ ဖြစ်ပေါ်စေခြင်း ရှိ၊ မရှိ စူးစမ်း လေ့လာရန်ဖြစ်ကာ ထိုကဲ့သို့ ရည်ရွယ်ချက်မျိုးဖြင့် ပထမဆုံးပြု လုပ်သော လေ့လာမှုလည်း ဖြစ်သည်။

ထိုတက္ကသိုလ်၏ မျိုးရိုးဗီဇနှင့် မော်လီကျူးဆေးသိပ္ပံမှ ရီကာဒိုမာရီရိုနီက Sunday Times သတင်းစာ သို့ ပြောကြားခဲ့ရာတွင် “ကျွန်တော်တို့ တွေ့ရှိခဲ့ တာကတော့ အရပ်ပိုရှည်တဲ့လူတွေဟာ ပိုပြီးတော်တတ် တယ်ဆိုတဲ့ အရပ်အမြင့်နဲ့ ဥာဏ်စွမ်းရည်အကြားမှာ သေးငယ်တဲ့ ဆက်စပ်မှုတစ်ရပ် ရှိနေတဲ့ အချက်ပဲ ဖြစ် ပါတယ်”ဟု ဆိုခဲ့သည်။

ရီကာဒိုမာရီရိုနီက “သေးငယ်တဲ့ဟူသော စကားစုကို သုံးနှုန်းသွားခြင်းနှင့် ပတ်သက်၍ချီးကျူးသင့်ပေ သည်။ ခြောက်လှန့်သူတစ်ဦးအဖြစ် မရပ်တည် သော ပညာရှင်တစ်ဦးထက်ပို၍ တာဝန်သိသူ မရှိပေ။“သေး ငယ်တဲ့ ဆက်စပ်မှုဟူ၍ ရီကာဒိုမာရီရိုနီက ပြောဆိုခဲ့သော်လည်း “ကိန်းဂဏန်း အချက်အလက်အရ အရေးပါ” ကြောင်း ၎င်းက ပြောခဲ့သည်။ 
 
အရပ်ပုသူများ၏ ပိုမိုနိမ့်ပါး သော အိုင်ကျူများ၏ ၇၀ ရာခိုင်နှုန်းအား မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်း တစ်ခုအဖြစ် ယူဆနိုင်ကြောင်း သုတေသနက ညွှန်ပြနေသည်ဟုလည်း ရီကာဒိုမာ ရီရိုနီက ဆိုခဲ့သည်။

အရပ်ပုသူတစ်ဦး၏ လိမ်လည်မှုများ၊ မိသားစုအနေအထား ပုံပျက်မှုများကို ကြည့်၍ ထိုသူ၏ ဥာဏ်ပိုင်းဆိုင်ရာ အားနည်းချက်များ၏ အနည်းဆုံး ၇၀ ရာခိုင်နှုန်းမှာ မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်း များဖြစ်သည်ဟု အတွေးချဲ့ကာ ကောက်ချက်ချသွားနိုင်သည်။

Myanmar News Media

No comments:

Post a Comment

My Blog List