Tuesday, March 04, 2014

တောင်ကြီးတိုင်းရင်းမီဒီယာညီလာခံ သတင်းဌာနပေါင်း ၄၀ ကျော်တက်















ဝန်ကြီးများနှင့် သတင်းသမားများသျှမ်းပြည်မြို့တော် တောင်ကြီး၌ ယနေ့ စတင်ကျင်းပသော ဒုတိယ အကြိမ်မြောက် တိုင်းရင်း မီဒီယာ ညီလာခံတွင် သျှမ်းပြည်ဝန်ကြီးချုပ်၊ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဌာန ဒုဝန်ကြီး၊ သျှမ်းပြည်နယ် အစိုးရဝန်ကြီးများ တက်ရောက်ကြပါသည်။
မတ်ခ်ျ ၄ ရက်နေ့ တိုင်းရင်းသားမီဒီယာညီလာခံ ပထမရက်အခမ်းအနားတွင် သျှမ်းပြည်နယ် ဝန်ကြီး ချုပ် ဦးစဝ်အောင်မြတ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဒုဝန်ကြီးဦးပိုက်ထွေး၊ မြန်မာ့အသံရုပ်မြင် သံကြား တိုင်းရင်းသားသတင်းဌာနမှ တိုင်းရင်းသားသတင်းသမားများ၊ ဘီအဲန်အိုင်အဖွဲ့ဝင် တိုင်းရင်း သားများ၊ ပြည်နယ်အသီးသီးမှ တိုင်းရင်းသားသတင်းဌာနများ အပါအဝင် တိုင်းရင်းသားသတင်းဌာန ၄၀ ကျော်၊ လူမှုအသင်းအဖွဲ့ ၂၇ ဖွဲ့ လူအင်အား ၂၅၀ ကျော်တက်ရောက်ပါသည်။

“ အခြေခံဥပဒေနဲ့ အညီ လွတ်လပ် စွာပြောဆိုနိုင်ဖို့ နိုင်ငံတော်အစိုးရကဆောင်ရွက် လျှက်ရှိနေပါ တယ်။ နှစ်ပေါင်းများစွာကျင့်သုံးခဲ့တဲ့ ဆင်ဆာစနစ်ကိုဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ လက်ရှိမှာ ပုဂ္ဂလိက သတင်းစာ ၃၈၉ စောင်၊ တိုင်းရင်း သားဘာသာစာစောင်ကို ဖေဖေါ်ဝါရီ လ အထိ ၉ စောင်ခွင့်ပြုထားပြီး ဖြစ်ပါတယ်” - ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးကပြောပါသည်။

ဒုတိယအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ (တောင်ကြီး)၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင် မြတ်၊ ဒုဝန်ကြီး ဦးပိုက်ထွေး ပြည်ထောင်စုပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဝန်ကြီးဌာနအပြင်၊ ကျားဖြူပါတီ ဥက္ကဌ ၊ သျှမ်းပြည်နယ်အစိုးရ ဝန်ကြီးများ၊ နိုင်ငံခြားမှကျွမ်းကျင်ပညာရှင်များ၊ အလှူရှင် များ တက်ရောက်ကြ ပါသည်။

“ ဒီနေ့ မွန်းလွဲပိုင်းမှာ ကျနော်တို့ အင်းလေး ဟော်တယ်ဇုံသွားလေ့လာမယ်၊ဖေါင်တော်ဦးဘုရားဖူးမယ်။ အင်းလေးမှာ ညစာအတူစားမယ်။ နက်ဖြန်မှာတော့ ဒီမိုကရက်တစ် မီဒီယာဖွံ့ဖြိုးမှု နဲ့ စိန်ခေါ်မှု၊ တိုင်းရင်း မီဒီယာလောကအတွင်းအမျိုးသမီးတို့၏အခန်းကဏ္ဌ၊နောက်ဆုံးနေ့တော့ တိုင်းရင်းမီဒီယာဖွံ့ဖြိုးမှု အလုပ်ရုံ ၊ ဆွေးနွေးထားတဲ့ အမျိုးသမီး ကိစ္စတွေကို ဆုံးဖြတ်ချက်ရှာမယ်။ တိုင်းရင်း မီဒီယာ ညီလာခံ (တောင်ကြီး) ဆုံးဖြတ်ချက်ရဲ့ အစီရင်ခံစာထုတ်ပြန်မယ်” - ဟု ဘီအဲန်အိုင် အတွင်းရေးမှူး ဦးခင်မောင် ရွှေကပြောပါသည်။

ယမန်နေ့ မတ်ခ်ျလ ၃ ရက်နေ့ကလည်း တောင်ကြီးဟိုတယ်တွင် တိုင်းရင်းမီဒီယာညီလာခံအကြို ညစာစားပွဲကျင်းပရာတွင်လည်း သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က တက်ရောက်အားပေး ခဲ့ပါသည်။

ယမန်နှစ် မတ်လကလည်း တိုင်းရင်း မီဒီယာပထမအကြိမ် ညီလာခံကိုမော်လမြိုင်မြို့တွင် ကျင်းပခဲ့ပါ သည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List