Friday, March 07, 2014

၂၀၁၅ တွင် ကြံ့ခိုင်ရေးပါတီ ရှုံးလျှင်လည်း ဒီမိုကရေစီနိုင်ငံ တည်ငြိမ်ရေး ထိခိုက်မည် မဟုတ်ဟု သူရ ဦးရွှေမန်း အာမခံ


တပ်မတော်အစိုးရ ခေါင်းဆောင်ဟောင်း များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ်ခဲ့ပါကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် တည်ငြိမ် အေးချမ်းရေးကိုထိခိုက်မည်မဟုတ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။
“ထိခိုက်မယ် မထင်ပါဘူး။ ပြည်ခိုင်ဖြိုး ရှုံးသွားတာနဲ့ အဲဒီလိုတော့ မဖြစ်ပါဘူး” ဟု ၎င်းကဆိုသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့နှင့် အတိုက်အခံ ခေါင်းဆောင် အချို့က ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီ ရှုံးနိမ့်ပြီး အစိုးရ မဖွဲ့နိုင်ပါက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် နိုင်ငံတည်ငြိမ်ရေး ထိခိုက်နိုင်ကြောင်း စိုးရိမ်နေခြင်းနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ တုံ့ပြန် ပြောကြားခြင်း ဖြစ်သည်။

သူရ ဦးရွှေမန်းက မတ်လ ၆ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်း မီဒီယာများက ၂၀၁၅ တွင် ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ပါက နိုင်ငံတည်ငြိမ်ရေး ထိခိုက်မည်လော ဟူသည် မေးခွန်းကို ကြံ့ခိုင်ရေး ရှုံးလျှင်လည်း ကျေကျေနပ်နပ် လက်ခံမည်ဟု ပြောဆိုခဲ့သည်။

ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိနိုင်ငံရေး အခြေအနေနှင့် ဥပဒေ၊ နည်းဥပဒေနှင့် အညီ အနိုင်ရရန် ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထုတ်ဖော် ပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အာဏာရရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းပါတီ၏ အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုနှင့် တွေ့ဆုံပွဲများတွင် ပြောဆို
ထားပြီး ဖြစ်သည်။

သူရ ဦးရွှေမန်းသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်လိုကြောင်း ပြောဆိုထားပြီး NLD ပါတီကို အနိုင်ရအောင် လုပ်ဆောင်မည် ဟုလည်း ကြွေးကြော်ထားသူ ဖြစ်သည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် သူရ ဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့သော်လည်း ကြိုတင်မဲများ၊ မသမာမှု ဖြစ်ပွားခဲ့ကြောင်း အတိုက်အခံ ပါတီများနှင့် နိုင် ငံရေး လေ့လာ သုံးသပ်သူများက ဝေဖန် ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List