Thursday, March 06, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအား လက်ခံတွေ့ဆုံ












ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအား ယနေ့ ညနေ ၃ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ တပ်မတော် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေရေး၊ နိုင်ငံအလိုက် အတွေ့အကြုံများ ဖလှယ်ခြင်းဖြင့် အင်အားတောင့် တင်းပြီး စွမ်းရည်ရှိသော တပ်မတော်များ အဖြစ် နိုင်ငံတော်ကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးအောင်မင်း၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ ဖြစ်ကြသည့် ဘရူနိုင်းနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Maj-Gen. Dato Seri Pahlawan Mohd Tawih Bin Abdullah၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Eth Sarath၊ အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Dr. Moeldoko၊ လာအိုနိုင်ငံ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Brig-Gen. Khamlieng Outhakasone၊ မလေးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tan Sri Dato' Sri (Dr) Zulkifeli Bin Mohd Zin၊ ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Emmanuel T Bautista၊ စင်ကာပူနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lt-Gen. Ng Chee Meng၊ ထိုင်းနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn၊ ဗီယက်နမ်နိုင်ငံမှ Sr. Lt-Gen. Do Ba Ty တို့ တက်ရောက်ကြသည်။

president-office.gov.mm

No comments:

Post a Comment

My Blog List