Monday, March 03, 2014

“တောင်ဖီလာဆရာတော်ကြီး၏ သြဝါဒ”



“သတိဆိုတာမျိုးဟာ နှစ်သက်ဖွယ် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ကြုံတွေ့တဲ့အခါမှာဖြစ်စေ၊ ကြောက်လန့်ဖွယ် သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ကြုံတွေ့တဲ့အခါမှာ့ဖြစ်စေ၊ အမျက်ထွက်စရာအကြောင်း စိုးရိမ်စရာအကြောင့်နှင့် ကြုံတွေ့ လာတဲ့အခါမှာဖြစ်စေ၊ ဆင်းရဲကို မတွေ့ဖူးတဲ့သူဟာဆင်းရဲကို ရုတ်တရက် တွေ့ကြုံဆုံစည်းလိုက်ရတဲ့အခါမှာဖြစ်စေ အလွန် ချုပ်တည်းနိုင်ခဲပါတယ်။
အဲဒီအခါမျိုးမှာ အကြောင်းအကျိုးကိုမျှော်ရှု၍ သတိသမ္ပဇဉ်နဲ့ ချုပ်တည်းရတယ်။ အောင့်အည်းချုပ်တည်းသင့်တဲ့အရာမှာ မချုပ်တည်း မအောင့်အည်းနိုင်ခဲ့ရင် အပြစ်ကြီးစွာရောက်ရတယ်။ ချုပ်တည်း အောင့်အည်းနိုင်ရင်တော့ ကြီးမားတဲ့အကျိုးတရားများ ရရှိပါတယ်” လို့ မှာကြားတော်မူခဲ့ပါတယ်။

ချမ်းမြေ့အရှင်ဣန္ဒက
Buddhavasa Tiloka

No comments:

Post a Comment

My Blog List