Monday, March 03, 2014

ဒုက္ခသည်နေရာချပေးရေးကိစ္စ သြစီဆွေးနွေးမယ်



သြစတြေးလျအစိုးရပိုင် Manus ကျွန်းထိန်းသိမ်းရေးစခန်းနဲ့ ဒုက္ခသည်နေရာချထားပေး ရေးကိစ္စတွေကို စကားပြောဆို ဆွေးနွေးဖို့အတွက် သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Scott Morrison က ပါပူဝါနယူဂီနီနိုင်ငံကို ရောက်ရှိနေပြီလို့ သိရပါတယ်။
လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Scott Morrison က အဆိုပါ ကိစ္စတွေကို ပါပူဝါနယူဂီနီ နိုင်ငံခြားရေးဝန်ကြီး၊ တရားရေးဆိုင်ရာ ၀န်ကြီးအပြင်ရှေ့နေချုပ်တွေနဲ့ တွေ့ဆုံ ဖို့ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ပတ်ကျော်လောက်ကပဲ ခိုလှုံခွင့်ထိန်းသိမ်းရေး စခန်းတစ်ခုမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အဲဒီကိစ္စကြောင့် လူ့အခွင့်အရေးအဖွဲ့နဲ့ ဒုက္ခသည် အရေးကူညီလုပ်ဆောင်ပေးတဲ့အဖွဲ့တွေက သြစတြေးလျ အစိုးရကို အတော်လေး ဝေဖန်နေကြပါတယ်။

ပဋိပက္ခ မဖြစ်ပွားခင်အချိန်လေးမှာပဲ ပါပူဝါနယူဂီနီ နိုင်ငံဟာ ဒုက္ခသည်တွေကို နေရာချထားပေးဖို့အတွက် တခုထဲသောနည်းလမ်း တစ်ရပ်ဖြစ်ကြောင်း Manus ကျွန်း ဒေသတွင်း ဒုက္ခသည် စိစစ်ရေးဌာနကပြော ခဲ့တာရှိပါတယ်။

ဒါပေမယ့် ဒုက္ခသည်တွေကို ပါပူဝါနယူဂီနီ နိုင်ငံအတွင်းမှာ နေရာချထားပေးဖို့အတွက် ပါပူဝါနယူဂီနီ အစိုးရအနေနဲ့ မဆုံးဖြတ်ရသေးတဲ့အကြောင်း ပါပူဝါနယူဂီနီ နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List