Tuesday, March 04, 2014

ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် အကြံပေးကုမ္ပဏီရွေးချယ်ပြီ


ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံအတွက်သာမက အရှေ့တောင်အာရှဒေသ အတွက်ပါ အရေးပါသည့် အထူးစီးပွားရေး ဇုန်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါ အထူး စီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အတွက်အကြံပေး ကုမ္ပဏီကို ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီက ရွေးချယ် လိုက်ပြီဖြစ်ရာ ရန်ကုန်မြို့ဘူတာကြီးရှိ စခန်းသာဟိုတယ်ခန်းမ၌ မတ် ၃ ရက် ညနေ၃ နာရီက မီဒီယာ ရှင်းလင်းပွဲပြု လုပ်ခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အဆင့်လေးဆင့်နဲ့ အကောင် အထည်ဖော်နေပြီး ဒုတိယအဆင့်အနေနဲ့ အကြံပေး ကုမ္ပဏီကို အိတ်ဖွင့် တင်ဒါခေါ်ယူခဲ့ပြီး အဆင့်ဆင့်စိစစ်ရွေးချယ်ခဲ့ရာမှ စင်ကာပူအခြေစိုက် CPG (Creative Professional Groups) အကြံပေး ကုမ္ပဏီ အုပ်စုကို ရွေးချယ်ခဲ့ပါတယ်ဟု တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေး ချယ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အိတ်ဖွင့်တင်ဒါ ခေါ်ယူသည့်လုပ်ငန်းစဉ်ကို ၂၀၁၃ ခုနှစ်ဩဂုတ်လမှ ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီလ အထိဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီတွင် အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်း အဖွဲ့မှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့် ခွဲရေးကော်မတီ အကြံပေး အဖွဲ့ဝင်များ၊ ကျောက်ဖြူ အထူးစီးပွားရေး ဇုန် လေ့လာစောင့်ကြည့်ရေး ဆိုင်ရာ ရခိုင်ဒေသခံ လူထုအခြေပြုအဖွဲ့အစည်းများမှ တတ် သိနားလည်သော Resource person များဖြင့် ဖွဲ့စည်း ထားခြင်းဖြစ်သည်။ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် အကြံပေး ကုမ္ပဏီအား အိတ်ဖွင့်တင်ဒါခေါ် ယူခဲ့ရာတွင် စိတ်ဝင်စား မှုဖော်ပြလွှာ ခေါ်ယူခဲ့သည့်နေ့မှ စတင်ကာ နိုင်ငံတကာမှအကြံပေးကုမ္ပဏီ Consulting Firm အားဖိတ်ခေါ်ခဲ့ရာ အကြံပေးကုမ္ပဏီအုပ်စု၃၁ အုပ်စုမှ စိတ်ဝင်စားကြောင်းဖော်ပြခဲ့ ကြသည်။

အဆိုပါ ကုမ္ပဏီများ တင်ဒါအဆိုပြုလွှာတင်ရန် ဖိတ်ခေါ်ခဲ့ရာအကြံပေးကုမ္ပဏီ ၁၇ အုပ်စုတို့ကတင်ဒါတင် ခဲ့ကြသည်။ ယင်းကုမ္ပဏီများမှ တင်သွင်းလာသော နည်းပညာနှင့် ငွေကြေး အဆိုပြုလွှာများကို တင်ဒါခေါ် ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီက အဆင့်ဆင့်စိစစ်ကာ အထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စင်ကာပူနိုင်ငံ အခြေစိုက်CPG အကြံပေး ကုမ္ပဏီအုပ်စု ကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တစ်ဖန်အရန်ကုမ္ပဏီအဖြစ် KPMG ကုမ္ပဏီ အုပ်စုကိုလည်း ရွေးချယ်ထားသည်။

အခုရွေးချယ်လိုက်တဲ့ အကြံပေးကုမ္ပဏီကို ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင် အထည်ဖော်ဆောင် ရွက်မယ့် ရင်းနှီး တည်ဆောက်သူ (Developer) တွေ အိတ်ဖွင့်တင်ဒါခေါ်ယူရေးလုပ်ငန်းအတွက် အကြံပေး ဝန်ဆောင်မှုအတွက် ဖြစ်ပါတယ်။ဒီလိုအကြံပေးဝန်ဆောင်မှုအတွက်CPG ကို အမေရိကန်ဒေါ်လာ ၂ဒသမ ၄ သန်းပေးရမှာဖြစ်ပါ တယ်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ထားဝယ် အထူးစီးပွားရေး ဇုန်နှင့် သီလဝါ အထူးစီးပွားရေးဇုန်များကဲ့သို့ အစိုးရချင်းအခြေပြု သဘောတူဆောင်ရွက်မည့်အထူးစီးပွားရေးဇုန်မျိုး မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းအဖွဲ့ချင်း အခြေပြုသည့် အထူးစီးပွားရေး ဇုန်ဖြစ်ကြောင်းမီဒီယာရှင်းလင်းပွဲသို့ တက်ရောက်လာသော ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည်ကျောက်ဖြူအရှေ့တောင် ဘက် လေးမိုင်ခန့် အကွာရှိ စစ်ကောကျေး ရွာနှင့် မည်တော်ကျေးရွာ အနီး မြေဧက၁၀၀၀ ကျော်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အထူးစီး ပွားရေး ဇုန်ဖြစ်သည်။

MOI Webportal Myanmar

No comments:

Post a Comment

My Blog List