Wednesday, March 05, 2014

အမေရိကန်သမ္မတကတော် တရုတ်သို့ အလည်အပတ် သွားရောက်မည်


အမေရိကန် သမ္မတကတော် မစ်ချယ်လ် အိုဘားမားသည် မတ်လနှောင်းပိုင်းတွင် တရုတ်နိုင်ငံသို့ အလည် အပတ် သွားရောက်မည်ဟု သိရှိရသည်။ မစ်ချယ်လ်အနေဖြင့် မတ်လ (၁၉)ရက်နေ့မှ (၂၆)ရက်နေ့ထိ တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေ မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာသည်။ 

မစ်ချယ်လ်သည် ဘေဂျင်းတွင် မတ်လ(၂၀)ရက်နေ့မှ(၂၃)ရက်နေ့ထိ နေထိုင်မည်ဖြစ်ပြီး မတ်လ(၂၄) ရက်နေ့တွင် ချန်ဒူသို့ သွားရောက်ကာ မတ်လ(၂၆)ရက်နေ့ထိ နေထိုင်သွားမည်ဟု သိရသည်။ 

သူမသည် ဘေဂျင်းတွင် ရှိနေစဉ် အတောအတွင်း တက္ကသိုလ်တစ်ခုနှင့် အထက်တန်းကျောင်း တစ်ကျောင်းသို့လည်း သွားရောက်မည်ဟု ဆိုသည်။

အဆိုပါ ခရီးစဉ်တွင် သမ္မတ အိုဘားမား လိုက်ပါနိုင်မည် မဟုတ်ချေ။ မစ်ချယ်လ်ကို သူမ၏မိခင် မာရီယန် ရော်ဘင်ဆင်နှင့် သမီးနှစ်ဦးဖြစ်သော မာလီရာ၊ ဆာရှာတို့က အဖော်ပြု အတူလိုက်ပါသွားမည်ဟုလည်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် မစ်ချယ်လ်သည် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံလုံးမှ လူငယ်လူရွယ်များအတွက် ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရန် ဦးစားပေး ဆွေးနွေးသွားမည်ဟု အိမ်ဖြူတော်က ကြေညာသည်။ 

ထို့အပြင် သူမသည် အမေရိကန်သို့ ပြန်ရောက်ပါက တရုတ်မှ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံခဲ့မှု အတွေ့အကြုံများကို ပြန်လည် မျှဝေသွားမည်ဟု သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List