Wednesday, March 05, 2014

BIMSTEC ညီလာခံက သဘောတူညီချက် ၃ခု လက်မှတ်ရေးထိုး


မြန်မာနိုင်ငံမှာ ​ကျင်းပပြီး ​ဘင်္ဂလားပင်လယ်အော် ​ဒေသတွင်းနိုင်ငံတွေအပြင် ​နီပေါနဲ့ ​ဘူတန်နိုင်ငံတို့ ​ပါဝင်တက်ရောက်တဲ့ ​BIMSTEC ​ညီလာခံမှာ ​သဘောတူညီချက် ​၃ ​ခုကို ​လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီ ​သဘော ​တူညီချက် ​သုံးခုကတော့ ​ဒေသတွင်း ​လူမှုရေး၊ ​စီးပွားရေးတွေ ​မြင့်တင်ဖို့ ​အတွင်းရေးချုပ်ရုံး ​ထားရှိဖို့၊ ​ဒေသတွင်း ​ရာသီဥတုနဲ့ ​ရာသီဥတု ​ပြောင်းလဲမှုဆိုင်ရာ ​စင်တာကို ​ထားရှိဖို့နဲ့ ​ရိုးရာယဉ်ကျေးမှု ​မြှင့်တင်ရေး ​ကော်မရှင် ​ထားရှိဖို့ ​သဘောတူကြတာ ​ဖြစ်ပါတယ်။

BIMSTEC ​အဖွဲ့ဝင် ​နိုင်ငံတွေ ​ကတော့ ​မြန်မာ၊ ​အိန္ဒိယ၊ ​ထိုင်း၊ ​သီရိလင်္ကာ၊ ​ဘင်္ဂလားဒေ့ရှ်၊ ​ဘူတန်နဲ့ ​နီပေါနိုင်ငံတို့ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​ကျင်းပတဲ့ ​တတိယ ​အကြိမ်မြောက် ​BIMSTEC ​ညီလာခံကို ​ထိုင်းနိုင်ငံ ​ကိုယ်စားလှယ် ​ကလွဲပြီး ​ကျန်အဖွဲ့ဝင် ​ကိုယ်စားလှယ်တွေ ​အားလုံး ​တက်ရောက်ခဲ့ကြပါတယ်။

အဲဒီညီလာခံအတွင်း ​လုံခြုံရေး၊ ​ဆင်းရဲမွဲတေမှု ​လျော့ချရေး၊ ​ကူးသန်းဆက်သွယ်ရေး ​အစရှိတဲ့ ​ကဏ္ဍကြီးတွေကို ​ဆွေးနွေးခဲ့ကြပါတယ်။

BIMSTEC ​အဖွဲ့ဝင်နိုင်ငံ ​၇ ​နိုင်ငံရဲ့ ​စုစုပေါင်းလူဦးရေဟာ ​၁.၅ ​ဘီလီယံရှိပြီး ​ကမ္ဘာ့လူဦးရေရဲ့ ​၂၀ ​ရာခိုင်နှုန်းရှိကြောင်းလည်း ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List