(၁၁)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး သတင်းစာရှင်းလင်းပွဲကို မတ်လ ၅ရက်နေ့ နေ့လည် နှစ် နာရီတွင် နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်တက်ရောက် ရှင်းလင်းမည့်အဆိုပါ သတင်းစာ ရှင်းလင်းပွဲ အစီအစဉ်များကို သတင်းမီဒီယာများအနေဖြင့် ကြိုတင်သိရှိထားရန် အသိပေးထုတ်ပန် အသိပေး ထားကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်အသိ ပေးချက်တွင် ပထမဦးစွာ (၁၁) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအလွတ် သဘောအစည်းအဝေး၏ ပူးတွဲ ထုတ်ပြန်ကြေညာချက်ကိုရှင်းလင်း မည်ဖြစ်ကြောင်း၊ ၎င်းနောက် ဒုတိယအစီအစဉ်အရ သတင်း မီဒီယာများသိလိုသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း၊ အစည်းအဝေး ထုတ်ပြန်ကြေညာချက်နှင့်စပ်လျဉ်း သော မေးခွန်း များမေးမြန်းရန်အတွက် ကြိုတင်လေ့လာထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အစည်း အဝေးပူးတွဲကြေညာ ချက်နှင့် မသက်ဆိုင်သောမေးခွန်းများကို လက်ခံဖြေဆိုပေးမည်မဟုတ်ဟု အကြမ်းဖျင်းသိရကြောင်း၊ မေးခွန်း များ မေးမြန်းခြင်း၊ ပြန်လည်ဖြေ ကြားခြင်းအတွက် အချိန် ၃၀ မိနစ်ခန့်လျာထားကြောင်း မှူးဇော် က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင်ထုတ်ပြန်အသိပေးထားသည်။
Hot News Journal
No comments:
Post a Comment