Monday, March 03, 2014

လက်ပံတောင်းတောင်ရှိ လယ်တီသိမ်တော်ကြီး မဖျက်ရန် ပြည်မြို့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသရှိ လယ်တီ ဆရာတော်ဘုရားကြီး နေထိုင် သီတင်းသုံးခဲ့သည့် သိမ်တော်ကြီးကို ဖျက်သိမ်း ရွှေ့ပြောင်းမှု မလုပ်ရန်အတွက် ပြည်မြို့တွင် မတ်လ ၂ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆန္ဒထုတ်ဖော်သူ ဦးကျော်ဆွေသည် မတ်လ ၂ ရက်၊ နေ့လယ် ၁ နာရီတွင် ရွှေဆံတော်ဘုရား မြောက်စောင်းတန်းတွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပြီး မကြာမီ ဖျက်ဆီး ခံရတော့မည့် လယ်တီ သိမ်တော်ကြီးကို နောက်ဆုံး ဖူးမြော်နိုင်ကြစေရန် ဟူသော စာတန်းနှင့် သိမ်တော်ပုံ ဗီနိုင်းကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“ဖျက်သိမ်းခံရမယ့် မြေက ၁ ဒသမ ၈၄ ဧကလောက်ပဲ ရှိတာပါ။ အဲဒီ ဧကပေါ်မှာ သူတို့အရမ်း မက်မောလွန်းတဲ့ ကြေးနီ ၁၀၀ ဖိုး ထွက်မယ်ဆိုရင် ပြည်သူတွေ တစ်ယောက် တစ်ကျပ်စုပြီး ၂၀၀ ဖိုး လျော်ပေးနိုင်ပါတယ်။ နှစ်ဆ လျော်ပေးပါ့မယ်။ ဗုဒ္ဓဘာသာ သာသနာကို အစော်ကား မခံနိုင်ဘူး။ လုံးဝတော့ အပျက်စီးမခံနိုင်လို့ခုလို ဆန္ဒပြရတာပါ” ဟု ဆန္ဒပြသူ ဦးကျော်ဆွေက ဆိုသည်။

ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒထုတ်ဖော်သည့်အတွက် သက်ဆိုင်ရာ လာရောက် တားမြစ် ခဲ့သော်လည်း ဆန္ဒပြသူက လက်ခံခဲ့ခြင်း မရှိဘဲ ဆက်လက် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း၊ ယင်းသို့ တရားဝင် ခွင့်ပြုချက် တောင်းခံထားခြင်း မရှိသည့်အတွက် ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တားမြစ်ခဲ့သူ ပြည်မြို့မ ရဲတပ်ဖွဲ့ စခန်းမှူးက ဆိုသည်။

လက်ပံတောင်းတောင်၊ ကြေးနီ စီမံကိန်းအတွင်း ပါဝင်နေသည့်အတွက် ရှေးဟောင်း သမိုင်းဝင် လယ်တီဆရာတော် ဘုရားကြီး သီတင်းသုံးတော် မူခဲ့သည့် လယ်တီ သိမ်တော်ကြီးနှင့် ဘုရားကို ပြောင်းရွှေ့ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ဆုံးဖြတ်ချက် ချခဲ့ပြီး ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List