Tuesday, March 04, 2014

ယူကရိန်းစစ်တပ်တွေ လက်နက်ချဖို့ ရုရှားရာဇသံပေး


ယူကရိန်းနိုင်ငံ ​Crimea ​ဒေသမှာရှိတဲ့ ​ယူကရိန်းစစ်တပ်တွေအနေနဲ့ ​အင်္ဂါနေ့ ​မနက် ​၅ ​နာရီအထိ ​လက်နက်မချဘူးဆိုရင် ​တိုက်ခိုက်မှုတွေ ​ခံရမယ်လို့ ​ရုရှားနိုင်ငံရေတပ်က ​ရာဇသံပေးထားတယ်လို့ ​ယူကရိန်းအစိုးရက ​ပြောပါတယ်။

ယူကရိန်းဒေသစံတော်ချိန် ​အင်္ဂါနေ့မနက် ​၅ ​နာရီအချိန်ဟာ ​မြန်မာစံတော်ချိန် ​မနက် ​၉ ​နာရီခွဲအချိန်ဖြစ် ပါတယ်။

ဒါပေမယ့် ​Interfax ​News ​Agency ​သတင်းမှာကတော့ ​ရုရှားရေတပ်အနေနဲ့ ​ဝင်ရောက်တိုက်ခိုက်မှုတွေ ​လုပ်ဖို့ ​အစီအစဉ်မရှိဘူးလို့ ​ရုရှားရေတပ်အရာရှိ ​တစ်ဦးကို ​ကိုးကားပြီး ​ဖော်ပြထားပါတယ်။

ရုရှားရေတပ်ကနေ ​ရာဇသံပေးတယ်ဆိုတာမျိုး ​မပြောဆိုခင်ကတည်းက ​Crimea ​ဒေသရှိ ​ယူကရိန်း စစ်တပ်စခန်းကို ​ရုရှားတပ်တွေ ​ဝိုင်းရံထားပေမယ့် ​စခန်းထဲကိုတော့ ​မဝင်ရောက်ခဲ့ပါဘူး။

ဒီလို ​အပြုအမှုတွေဟာ ​ရုရှားအနေနဲ့ ​ယူကရိန်းနိုင်ငံအပေါ် ​စစ်ရေးကြေညာတာဖြစ်တယ်လို့ ​ယူကရိန်း အစိုးရက ​ပြောလိုက်သလို ​ရုရှားလေတပ်ဟာလည်း ​ပင်လယ်နက်မှာရှိတဲ့ ​ယူကရိန်းနိုင်ငံပိုင် ​ဝေဟင်မှာ ​တိုက်လေယာဉ်တွေ ​နှစ်ကြိမ်ပျံသန်းတာတွေ ​လုပ်ခဲ့တယ်လို့ ​ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ​ပြော ပါတယ်။

ရုရှားနိုင်ငံရဲ့ ​လုပ်ရပ်တွေကို ​G7 ​အဖွဲ့ဝင် ​နိုင်ငံ ​၇ ​နိုင်ငံကလည်း ​ရှုံ့ချလိုက်ပါတယ်။

ယူကရိန်းနိုင်ငံအရေးမှာ ​ပြောဆိုဆွေးနွေးမှုတွေကနေတဆင့် ​ပြဿနာကို ဖြေရှင်းဖို့ ​G7 ​အဖွဲ့ရဲ့ ​ထုတ်ပြန်ကြေ ညာချက်ထဲမှာ ​တိုက်တွန်းထားတာဖြစ်ပြီး ​အဲဒီကြေညာချက်မှာ ​ဥရောပသမဂ္ဂ ​အီးယူကလည်း ​လက်မှတ်ရေးထိုးထားပါတယ်။

G7 ​အဖွဲ့မှာ ​အမေရိကန်၊ ​ဂျာမနီ၊ ​ပြင်သစ်၊ ​ကနေဒါ၊ ​ဂျပန်၊ ​အီတလီနဲ့ ​ဗြိတိန်နိုင်ငံတို့ပါဝင်ပြီး ​ရုရှားနိုင်ငံမှာ ​ကျင်းပမယ့် ​G8 ​ကြိုတင်အစည်းအဝေးကိုလည်း ​ပယ်ဖျက်လိုက်ပါတယ်။

ရုရှားနိုင်ငံရဲ့ ​လုပ်ရပ်ကို ​ရှုတ်ချတဲ့ ​နိုင်ငံတွေ ​တနေ့တခြား ​ပိုများလာပြီး ​သြစတြေးလျနိုင်ငံကလည်း ​ရုရှားနိုင်ငံရဲ့ ​သဘောထားကို ​သိလိုတဲ့အတွက် ​ရုရှားသံအမတ်ကို ​ဆင့်ခေါ်ခဲ့ပါတယ်။

ရုရှားသံအမတ်ကတော့ ​Crimea ​ဒေသမှာ ​ငြိမ်းချမ်းရေးရှိဖို့၊ ​ရုရှားအနေနဲ့ ​မိမိကိုယ်ကို ​ကာကွယ်တဲ့အနေနဲ့ ​ဝင်ရောက်တာဖြစ်ပြီး ​နိုင်ငံတကာဥပဒေကို ​ချိုးဖောက်တာမျိုး ​လုပ်နေတာ ​မဟုတ်ဘူးလို့ ​ပြောဆိုနေပါတယ်။ ​Crimea ​ကျွန်းဆွယ်မှာ ​ထားရှိတဲ့ ​ရုရှားစစ်တပ်တွေကို ​တပ်ဆုတ်ခိုင်းဖို့လည်း ​သြစတြေးလျဝန်ကြီးချုပ် ​တိုနီအာဘော့တ်က ​ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List