Monday, March 03, 2014

ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်သွားမည်ဖြစ်ပြီး ပထမဦးဆုံး အတွင်းရေးမှူးချုပ်အား သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတစ်ဦးအား ခန့်အပ်သွားရန် သဘောတူ


ဘင်းမ်စတက်နိုင်ငံများ၏ အကြိုညှိနှိုင်း ဆွေးနွေးပွဲများကို နေပြည်တော်ရှိ Royal Kumudra Hotel တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိရာ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်သွားမည်ဖြစ်ကြောင်းနှင့် ပထမဦးဆုံး အတွင်းရေးမှူးချုပ်အား သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတစ်ဦးအား ခန့်အပ်သွားရန် ယခုဘင်းမ်စတက်အကြို ဆွေးနွေးပွဲများအတွင်း သဘောတူထားကြောင်း သိရသည်။
“ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ရုံး ထူထောင်တဲ့နေရာမှာ အတွင်းရေးမှူးချုပ်ရဲ့ သက်တမ်းက သုံးနှစ်လို့ သိရပါတယ်။ ပထမဦးဆုံး အတွင်းရေးမှူးချုပ်ကို သီရိလင်္ကာနိုင်ငံသားကို ခန့်မယ်။ အတွင်းရေးမှူးချုပ်ရဲ့အောက်မှာ ဒါရိုက်တာသုံးယောက် ရှိမယ်။ အခုမှ ဖွဲ့စည်းပုံက စတဲ့သဘောပါ။ အာဆီယံ နိုင်ငံတွေမှာတော့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကို ပီပီပြင်ပြင် ထူထောင်ပြီးသွားပါပြီ။ ၁၉၆၇ ခုနှစ် အာဆီယံ အဖွဲ့အစည်း ပေါ်လာပြီးကတည်းက အတွင်းရေးမှူးချုပ် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်သွားမည်ဖြစ်ပြီး ပထမဦးဆုံး အတွင်းရေးမှူးချုပ်အား သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတစ်ဦးအား ခန့်အပ်သွားရန် သဘောတူထားပြီး ရုံးကနေဦးဆောင်ပြီး လုပ်ငန်းရပ်တွေကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ခဲ့ပါပြီ။ ဘင်းမ်စတက် အဖွဲ့အစည်းရဲ့ အဓိက ကျောရိုးကလည်း ဒီစာချွန်လွှာ လက်မှတ်ရေးထိုးအပြီးမှာ ပိုပြီးတော့ အသက်ဝင်လာမယ့်သဘော ရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘင်းမ်စတက်ဌာန၏ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက ပြောကြားသည်။

ဘင်းမ်စတက်နိုင်ငံများ၏ လက်ရှိကျင်းပနေဆဲ ဆွေးနွေးပွဲများတွင် MoA နှစ်ခုနှင့် MoU တစ်ခု စုစုပေါင်းသုံးခု လက်မှတ်ရေးထိုးရန် ရှိကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် အများဆုံး ကုန်သွယ်မှုပြုလုပ်နေသော နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ လယ်ယာထွက် ကုန်များ အဓိကတင်သွင်းနေသော နိုင်ငံဖြစ်ပြီး ကုန်သွယ်ရေးတွင် ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုရှိသော နိုင်ငံဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လက်ရှိအချိန်ထိ နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခု ဖွင့်လှစ်ဆောင်ရွက်နေသော နိုင်ငံဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List