Monday, March 03, 2014

ရန်ကုန်ဆေးရုံကြီးဟာ Varian ကုမ္ပဏီရဲ့ ကင်ဆာရောဂါကု ခေတ်သစ် နည်းပညာ တပ်ဆင်ပေးလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးဆေးရုံဖြစ်လာ


ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးဟာ Varian ကုမ္ပဏီကနေ ကင်ဆာရောဂါကု ခေတ်သစ် နည်းပညာ တပ်ဆင်ပေးလိုက်တဲ့  မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးဆေးရုံဖြစ်လာပါတယ်။  ဓာတ်ရောင်ခြည် ကုထုံးနဲ့ ကင်ဆာရောဂါ ကုသဖို့ နည်းပညာပါ။ ဖေဖော်ဝါရီလ အစောပိုင်းတုန်းက ရန်ကုန်ဆေးရုံကြီးမှာ ဒီနည်းပညာသစ် စက်ကြီးတွေကို ပြသခဲ့ပြီး ဖွင့်ပွဲကို ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးဖေသက်တင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“Varian နည်းပညာဟာ မြန်မာနိုင်ငံ ကင်ဆာရောဂါ ဝေဒနာရှင်တွေကို ကုသပေးနိုင်တဲ့ ကုထုံးအရည် အသွေးကို မြှင့်တင်နိုင်တာကြောင့် Varian ကို ကျွန်တော်တို့ ရွေးချယ်ခဲ့တာပါ။” လို့ ရန်ကုန်ဆေးရုံကြီးရဲ့ ကင်ဆာ ဓာတ်ရောင်ခြည်ကုဋ္ဌာန ဋ္ဌာနမှူး ပါမောက္ခ ဦးစိုးမောင်က ပြောခဲ့ပါတယ်။

“Varianက စက်ပစ္စည်းတွေဟာ ကင်ဆာရောဂါ အမျိုးအစားတော်တော်များများအတွက် အရည်အသွေးမြင့် ကုသမှုတွေ ပေးစွမ်းနိုင်ပါတယ်။ ကုသရပိုခက်တာမျိုးတွေ အတွက်လည်း နောက်ပိုင်းမှာ အဆင့်မြှင့်သွားလို့ ရပါတယ်။” လို့ Varianရဲ့ အာရှပစိဖိတ် ဈေးကွက်ဆိုင်ရာ ဒါရိုက်တာ Kevin Loက ပြောခဲ့ပါတယ်။ 

Ref:marketwatch.com
Trend Myanmar

No comments:

Post a Comment

My Blog List